


Source: Pyay Ti Oo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

တစ်ရက်တည်းနဲ့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းကနေ ကျပ်သိန်း (၂၀) ကျော်ဖိုး လှူဒါန်းခဲ့တဲ့အလှူလေးကို မျှဝေလာတဲ့ ပြေတီဦး

မင်းသားချော ပြေတီဦးကတော့ အိန္ဒြာကျော်ဇင်နဲ့ အိမ်ထောင်မကျစဉ်ကတည်းက မြန်မာနိုင်ငံအတွင်းရှိ ပညာရေးအခက်အခဲဖြစ်နေတဲ့ ကျောင်းသူကျောင်းသားများကို ထောက်ပံ့မယ့် ပညာဖောင်ဒေးရှင်းကို တည်ထောင်ဖို့ စီစဉ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြေတီဦး ဖောင်ဒေးရှင်းက အခုဆိုရင် (၁၀)နှစ်ကျော်သက်တမ်းရှိခဲ့ပြီဖြစ်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက် ပညာတတ်မျိုးဆက်သစ်လူငယ်တွေကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပြေတီဦးက သူ့ရဲ့ ဖောင်ဒေးရှင်းကနေ COVID -19 ကာကွယ် ထိန်းချုပ် ကုသရေးအတွက် လှူဒါန်းခဲ့တဲ့ ကုသိုလ်လေးကို မျှဝေထားပါတယ်။

“ကြည့်မြင်တိုင်မြို့နယ် COVID -19 ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီနှင့် ဗဟိုအမျိုးသမီးဆေးရုံကြီး ( ရန်ကုန် )တို့တွင် ကျွန်တော်တို့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းမှ ပါဝင်ကူညီလှူဒါန်းခဲ့ပါသည်။ ကျန်းမာရေးဝန်ထမ်းများနှင့်တကွ မိဘပြည်သူ ၇ ရက်သားသမီးများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ရောဂါကပ်ဆိုးကြီးကိုကျော်လွှားနိုင်ကြပါစေ..🙏🙏” ဆိုပြီး ကြည့်မြင်တိုင်မြို့နယ် COVID -19 ကာကွယ် ထိန်းချုပ် ကုသရေးအတွက် (၄၅၉၂၀၀) ကျပ်နဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီး ( ရန်ကုန် )အတွက် (၁၇၅၀၀၀၀) ကျပ် လှူဒါန်းခဲ့တဲ့အကြောင်းကို မျှဝေလာတာပဲ ဖြစ်ပါတယ်။

ပြေတီဦးကတော့ ပညာရေးဖောင်ဒေးရှင်းကို တည်ထောင်ထားတယ်ဆိုပေမယ့် အခုလက်ရှိ တစ်နိုင်ငံလုံး ခံစားနေရတဲ့ COVID -19 ကာကွယ် ထိန်းချုပ် ကုသရေးအတွက် တတ်နိုင်သလောက် ပါဝင်အားဖြည့် လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Pyay Ti Oo’s fb
Bilie – Cele Connections