


ယူနီကုဒ်ဖြင့်ဖတ်ရန်

နဂိုလှပြီးသားမျက်နှာလေးမှာ ပိုလှသွားအောင်ပြင်ဆင်ခြယ်သပုံ လျှို့ဝှက်ချက်ကို ဗီဒီယိုလေးနဲ့တကွ ချပြလာတဲ့ အိန္ဒြာကျော်ဇင်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို နှစ်ပေါင်း (၃၀) နီးပါးတိုင် စွဲစွဲမြဲမြဲ လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုဘဝလေးကို အချိန်မျှတစွာနဲ့ သာယာလှပအောင် တည်ထောင်နေတာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး အေးချမ်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးကို ချစ်ခင်အားပေးကြပါတယ်။

လက်ရှိမှာ ရုပ်ရှင်ရိုက်ကူးခြင်းတွေ ရပ်နားထားတဲ့ အိန္ဒြာကျော်ဇင်က သူမရဲ့ ပရိသတ်တွေအတွက် Vlog လေးတွေ ကိုယ်တိုင်ရိုက်ပြီး သူမရဲ့ YouTube စာမျက်နှာကနေပြီး မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း အိန္ဒြာကျော်ဇင်က နဂိုလှပြီးသားမျက်နှာလေးမှာ ပိုလှသွားအောင်ပြင်ဆင်ခြယ်သပုံ လျှို့ဝှက်ချက်ကို မိတ်ကပ် Vlog လေးနဲ့တဆင့် အခုလိုပဲ မျှဝေတင်ဆက်ထားတာကို တွေ့ရပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ နဂိုလှပြီးသားလူမို့ မိတ်ကပ်ပါးပါးလေးလိမ်းထားရင်တောင် အရမ်းလှနေတာပဲနော်။ ပရိသတ်ကြီးလည်း မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ အလှအပထိန်းသိမ်းပုံလေးကို ကြည့်ရလို့ ကျေနပ်ကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections