Source : Nay Chi Oo
ယူနီကုတ်ဖြင့်ဖတ်ရန်
” ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူဖြစ်လို့ Challenge တစ်ခုကို ပြုလုပ်တော့မယ်ဆိုတဲ့ နေခြည်ဦး”
CeleConnections ပရိသတ်ကြီးရေ နေခြည်ဦးကတော့ Beauty Blogger အဖြစ်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှု အများဆုံးရရှိထားတဲ့ သူတစ်ယောက်လို့ ဆိုရမှာပါ။ လက်ရှိမှာလည်း သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးလာပြီပဲ ဖြစ်ပါတယ်။ သူမရဲ့သရုပ်ဆောင်ချက်ကို တက်သစ်စဖြစ်ပေမယ့် ဝါရင့်သရုပ်ဆောင်တွေကပါ ချီးကျူးရတဲ့ထိပါပဲနော်။
အချစ်ရေးအနေနဲ့ ချစ်သူသက်တမ်း(၂)နှစ်ကျော် ကြာအောင် ချစ်သူနဲ့ လက်တွဲပြီး နှစ်ဦးသဘောတူညီမှုနဲ့ လမ်းခွဲခဲ့ကြတာဖြစ်ပြီး ချီချီကတော့ လက်ရှိမှာ တစ်ယောက်တည်း Single အဖြစ်နဲ့ အနုပညာအလုပ်တွေကို အားစိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။Singleဖြစ်တဲ့အချိန်ကစပြီး အနုပညာအလုပ်တွေအပြင် အလှအပရေးရာ ဖြစ်တဲ့Bodyကို လည်း အလှပဆုံးဖြစ်အောင် ဝိတ်လျှော့တာတွေ gym ဆော့ခြင်း ၊ Boxing ထိုးခြင်းတွေကို ပြုလုပ်ကာ အရာရာစိတ်သစ်လူသစ်နဲ့ပြုပြင်ပြောင်းလဲခဲ့တာတွေ့ရပါတယ်။
ဒီနေ့မှာ လည်း “ကိုယ့်ကိုယ်ကိုယ် ချစ်လို့မနက်ဖြန် ဒီchallenge Join မယ်ကွာ 🔥♥️🌶
#7days_selfcarewithchichi_challenge”ဆိုတဲ့စာလေးနဲ့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူမရဲ့ Chillies တွေကိုအသိပေးခဲ့တာပါ။ အမြဲသူများထက်ဆန်းသစ်ကာကြိုးစားမှုအပြည့်ရှိတဲ့နေခြည်ဦးရဲ့ Challenge ကတော့ စိတ်ဝင်စားစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Nay Chi Oo
Candy – CeleConnections