အႏုပညာေလာကမွာ ႏွစ္ေပါင္းအေတာ္ၾကာ နာမည္တစ္လံုးနဲ့ ရပ္တည္ေနနိုင္တဲ့ မင္းသမီးေခ်ာေလး သင္ဇာဝင့္ေက်ာ္က တစ္ေန႔တစ္ျခား ေအာင္ျမင္မွုေတြ မ်ားစြာ ရရွိပိုင္ဆိုင္ထားသူေလး တစ္ဦးပါ။ သင္ဇာဝင့္ေက်ာ္ရဲ့ အလန္းစားဖက္ရွင္ေတြကလည္း ပရိသတ္ေတြ စိတ္ဝင္တစားေစာင့္ၾကည့္ၾကတဲ့ အရာတစ္ခုျဖစ္ၿပီး အားေပးမွုကို ရရွိထားတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း သင္ဇာဝင့္ေက်ာ္က အားေပးသူ ပရိသတ္အမ်ားအျပားနဲ႔ အႏုပညာေလာကမွာ ထိပ္ဆုံးက ရပ္တည္ေနတာ ျဖစ္ပါတယ္။

မေန့က ေအာက္တိုဘာလ (၁) ရက္ေန့မွာေတာ့ သင္ဇာဝင့္ေက်ာ္က သူမရဲ့ အမိုက္စားဓာတ္ပံုေတြမဟုတ္ပဲ ေစ်းသြားဝယ္ျဖစ္တဲ့အေၾကာင္းကို ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝေပးလာပါတယ္။ သင္ဇာဝင့္ေက်ာ္က လံုလံုျခံဳျခံဳဝတ္စားျပီး အျပင္ထြက္ေစ်းသြားဝယ္ခဲ့ေပမယ့္ ပုရိသအမ်ိဳးသားေတြကေတာ့ သင္ဇာ့ကို ခ်စ္စနိုးနဲ့ စေနာက္က်ီစယ္ျပီး အမ်ိဳးမ်ိဳး အရႊန္းေဖာက္ခဲ့ၾကတာကို ေတြ့ရပါတယ္။

သင္ဇာဝင့္ေက်ာ္ကေတာ့ ဘယ္လိုပံုစံမ်ိဳးျဖစ္ေနပါေစ ပရိသတ္ေတြရဲ့ စိတ္အာရံုကို လႊမ္းမိုးခ်ဳပ္ကိုင္ထားနိုင္တယ္ဆိုတာကိုေတာ့ ေျပာဖို့ေတာင္ လိုမယ္ မထင္ပါဘူး။ ပရိသတ္ၾကီးကလည္း သင္ဇာ့ကို ဒီထက္မက ပိုခ်စ္ ပိုအားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Thin Zar Wint Kyaw’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဈေးဝယ်သွားတဲ့ပို့စ်အောက်မှာတောင် ပုရိသအမျိုးသားတွေ ဝိုင်းဝိုင်းလည်ပြီး စနောက်ကျီစယ်ခြင်းခံနေရတဲ့ သင်ဇာဝင့်ကျော်

အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလ (၁) ရက်နေ့မှာတော့ သင်ဇာဝင့်ကျော်က သူမရဲ့ အမိုက်စားဓာတ်ပုံတွေမဟုတ်ပဲ ဈေးသွားဝယ်ဖြစ်တဲ့အကြောင်းကို ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။ သင်ဇာဝင့်ကျော်က လုံလုံခြုံခြုံဝတ်စားပြီး အပြင်ထွက်ဈေးသွားဝယ်ခဲ့ပေမယ့် ပုရိသအမျိုးသားတွေကတော့ သင်ဇာ့ကို ချစ်စနိုးနဲ့ စနောက်ကျီစယ်ပြီး အမျိုးမျိုး အရွှန်းဖောက်ခဲ့ကြတာကို တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ဘယ်လိုပုံစံမျိုးဖြစ်နေပါစေ ပရိသတ်တွေရဲ့ စိတ်အာရုံကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်တယ်ဆိုတာကိုတော့ ပြောဖို့တောင် လိုမယ် မထင်ပါဘူး။ ပရိသတ်ကြီးကလည်း သင်ဇာ့ကို ဒီထက်မက ပိုချစ် ပိုအားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Thin Zar Wint Kyaw’s fb
Bilie – Cele Connections