ပရိသတ္ေတြ ညစဥ္ (၇) နာရီတိုင္း ေစာင့္ေမွ်ာ္ၾကည့္ရႈခဲ့ရတဲ့ “တို႔မမနဲ႔တို႔” ဇာတ္လမ္းတြဲေလးက မေန႔က ေအာက္တိုဘာလ (၂) ရက္ေန႔မွာပဲ ဇာတ္သိမ္းသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ သန္းသန္းေဆြတစ္ေယာက္လည္း သူမရဲ႕ အိပ္မက္အတိုင္း ျဖစ္ခ်င္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္သြားခဲ့သလို သန္ဓနကလည္း သူ႔ရဲ႕ မိဘေတြနဲ႔ နားလည္မႈရကာ သူျဖစ္ခ်င္တဲ့ ဘဝကို ရရွိပိုင္ဆိုင္သြားခဲ့တာျဖစ္ၿပီး Happy Ending အေနနဲ႔ အဆုံးသတ္သြားခဲ့တာပဲ ျဖစ္ပါတယ္။ ပါဝင္ၾကတဲ့ သ႐ုပ္ေဆာင္ေတြကလည္း သူ႔ေနရာနဲ႔သူ အပိုအလိုမရွိ သ႐ုပ္ေဆာင္သြားခဲ့သလို ျမတ္သူသူကလည္း သူမရဲ႕အႏုပညာအရည္အေသြးေတြကို အိတ္သြန္ဖာေမွာက္ခ်ျပႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ျမတ္သူသူက “တို႔မမနဲ႔တို႔” ဇာတ္လမ္းတြဲေလးကိုၾကည့္ၿပီး သင္ခန္းစာေတြယူႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္းကို “ဘဝမွာ အခ်စ္ဆိုတာ အေရးပါပါတယ္။ ဒါေပမယ့္ အေရးအႀကီးဆုံးေတာ့ မဟုတ္ခဲ့ပါဘူး။ ဒါေၾကာင့္ စိတ္ကူးေတြယဥ္ေနမယ့္အစား လက္ေတြ႕ဘဝမွာ အခ်ိန္ေတြအလကားမျဖစ္ရေအာင္ ႀကိဳးစားၾကရေအာင္ေနာ္ ❤️ တို႔မမနဲ႔တို႔ ဇာတ္ကားေလးကိုၾကည့္ၿပီး သင္ခန္းစာယူႏိုင္ဖို႔လည္း ျမတ္သူတို႔ တဖြဲ႕လုံးေမွ်ာ္လင့္ပါတယ္ေနာ္ ❤️❤️” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါတယ္။

ျမတ္သူသူကေတာ့ “တို႔မမနဲ႔တို႔” ဇာတ္လမ္းတြဲမွာ “သန္းသန္းေဆြ” ကာ႐ိုက္တာနဲ႔ ပရိသတ္ခ်ီးက်ဴးျခင္းကို ခံခဲ့ရၿပီပဲ ျဖစ္ပါတယ္။ ျမတ္သူသူတစ္ေယာက္ ေရွ႕ဆက္ေလွ်ာက္မယ့္ အႏုပညာခရီးလမ္းမွာ ေအာင္ျမင္မႈေတြကိုသာ ရရွိပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Myat Thu Thu-ျမတ္သူသူ’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

“တို့မမနဲ့တို့” ဇာတ်လမ်းတွဲလေးကိုကြည့်ပြီး သင်ခန်းစာတွေယူနိုင်ဖို့ မျှော်လင့်ပါတယ်ဆိုတဲ့ မြတ်သူသူ

ပရိသတ်တွေ ညစဉ် (၇) နာရီတိုင်း စောင့်မျှော်ကြည့်ရှုခဲ့ရတဲ့ “တို့မမနဲ့တို့” ဇာတ်လမ်းတွဲလေးက မနေ့က အောက်တိုဘာလ (၂) ရက်နေ့မှာပဲ ဇာတ်သိမ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ သန်းသန်းဆွေတစ်ယောက်လည်း သူမရဲ့ အိပ်မက်အတိုင်း ဖြစ်ချင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သွားခဲ့သလို သန်ဓနကလည်း သူ့ရဲ့ မိဘတွေနဲ့ နားလည်မှုရကာ သူဖြစ်ချင်တဲ့ ဘဝကို ရရှိပိုင်ဆိုင်သွားခဲ့တာဖြစ်ပြီး Happy Ending အနေနဲ့ အဆုံးသတ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေကလည်း သူ့နေရာနဲ့သူ အပိုအလိုမရှိ သရုပ်ဆောင်သွားခဲ့သလို မြတ်သူသူကလည်း သူမရဲ့အနုပညာအရည်အသွေးတွေကို အိတ်သွန်ဖာမှောက်ချပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မြတ်သူသူက “တို့မမနဲ့တို့” ဇာတ်လမ်းတွဲလေးကိုကြည့်ပြီး သင်ခန်းစာတွေယူနိုင်ဖို့ မျှော်လင့်ကြောင်းကို “ဘဝမှာ အချစ်ဆိုတာ အရေးပါပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးတော့ မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် စိတ်ကူးတွေယဉ်နေမယ့်အစား လက်တွေ့ဘဝမှာ အချိန်တွေအလကားမဖြစ်ရအောင် ကြိုးစားကြရအောင်နော် ❤️ တို့မမနဲ့တို့ ဇာတ်ကားလေးကိုကြည့်ပြီး သင်ခန်းစာယူနိုင်ဖို့လည်း မြတ်သူတို့ တဖွဲ့လုံးမျှော်လင့်ပါတယ်နော် ❤️❤️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

မြတ်သူသူကတော့ “တို့မမနဲ့တို့” ဇာတ်လမ်းတွဲမှာ “သန်းသန်းဆွေ” ကာရိုက်တာနဲ့ ပရိသတ်ချီးကျူးခြင်းကို ခံခဲ့ရပြီပဲ ဖြစ်ပါတယ်။ မြတ်သူသူတစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာခရီးလမ်းမှာ အောင်မြင်မှုတွေကိုသာ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Myat Thu Thu-မြတ်သူသူ’s fb
Bilie – Cele Connections