ပရိသတ္ေတြ ခ်စ္ၾကတဲ့ သရုပ္ေဆာင္၊ အဆိုေတာ္ မင္းေသြးဟာ အစ္ကိုျဖစ္သူ ေနတိုးရဲ့ အေထာက္အပံ့မပါပဲ အနုပညာေလာကမွာ ေတာက္ပခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ မင္းေသြး ရုတ္တရက္ ကြယ္လြန္သြားတာ ဒီေန့ ေအာက္တိုဘာလ (၃) ရက္ေန့ဆိုရင္ (၂)နွစ္တိတိ ျပည့္ျပီပဲ ျဖစ္ပါတယ္။ မင္းေသြး ကြယ္လြန္သြားတာ (၂)နွစ္ေတာင္ရိွျပီဆုိေပမယ့္ သူ့ကို ခ်စ္ၾကတဲ့ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းေတြနဲ့ ပရိသတ္ေတြကေတာ့ ဒီေန့ဒီအခ်ိန္ထိ ေမ့လို့ရဦးမယ္ မထင္ပါဘူး။

မင္းေသြးက ျပီးခဲ့တဲ့ (၂၀၁၈) ခုနွစ္၊ ေအာက္တိုဘာလ (၃) ရက္ေန့ညပိုင္းက သူငယ္ခ်င္းေတြနဲ့ ေဘာလံုးကန္ျပီး ေရေသာက္ရာမွ ရုတ္တရက္ နွလံုးအေမာေဖာက္ျပီး နာရီပိုင္းအတြင္းမွာတင္ ဘဝတစ္ပါးသို့ ကူးေျပာင္းသြားခဲ့တာ ျဖစ္ပါတယ္။ မင္းေသြး ကြယ္လြယ္ျခင္း သတင္းအတြက္ ပရိသတ္ေတြက စိတ္မေကာင္းျဖစ္ၾကသလို အနုပညာအသိုင္းအဝုိင္းတစ္ခုလံုးကလည္း နွေျမာတသ ျဖစ္ခဲ့ရတာပဲ ျဖစ္ပါတယ္။

မင္းေသြးကေတာ့ သူ့ကိုခ်စ္တဲ့ မိသားစုေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြ၊ ပရိသတ္ေတြကို နႈတ္မဆက္ပဲ တိတ္တိတ္ေလး ထြက္သြားခဲ့တာ အခုဆိုရင္ (၂) နွစ္ဆိုတဲ့ အခ်ိန္ကို ေရာက္ရိွလို့လာျပီပဲ ျဖစ္ပါတယ္။ မိသားစုေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြက မင္းေသြး ကြယ္လြန္ျပီးကတည္းက လစဥ္ လတိုင္း သူ့အတြက္ ရည္စူးျပီး ေကာင္းမႈကုသိုလ္ေတြ ျပုလုပ္ေပးေနၾကတာမို့ မင္းေသြးလည္း ကုသိုလ္အမွ်ရျပီး ေကာင္းရာဘံုဘဝကေန သာဓုေခၚဆိုေနမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

နှုတ်မဆက်ပဲ လူ့လောကထဲကနေ ထွက်ခွာသွားခဲ့တာ (၂) နှစ်တိတိပြည့်သွားခဲ့ပြီဖြစ်တဲ့ မင်းသွေး

ပရိသတ်တွေ ချစ်ကြတဲ့ သရုပ်ဆောင်၊ အဆိုတော် မင်းသွေးဟာ အစ်ကိုဖြစ်သူ နေတိုးရဲ့ အထောက်အပံ့မပါပဲ အနုပညာလောကမှာ တောက်ပခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မင်းသွေး ရုတ်တရက် ကွယ်လွန်သွားတာ ဒီနေ့ အောက်တိုဘာလ (၃) ရက်နေ့ဆိုရင် (၂)နှစ်တိတိ ပြည့်ပြီပဲ ဖြစ်ပါတယ်။ မင်းသွေး ကွယ်လွန်သွားတာ (၂)နှစ်တောင်ရှိပြီဆိုပေမယ့် သူ့ကို ချစ်ကြတဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ မေ့လို့ရဦးမယ် မထင်ပါဘူး။

မင်းသွေးက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့ညပိုင်းက သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ပြီး ရေသောက်ရာမှ ရုတ်တရက် နှလုံးအမောဖောက်ပြီး နာရီပိုင်းအတွင်းမှာတင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ မင်းသွေး ကွယ်လွယ်ခြင်း သတင်းအတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်ကြသလို အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း နှမြောတသ ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

မင်းသွေးကတော့ သူ့ကိုချစ်တဲ့ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ပရိသတ်တွေကို နှုတ်မဆက်ပဲ တိတ်တိတ်လေး ထွက်သွားခဲ့တာ အခုဆိုရင် (၂) နှစ်ဆိုတဲ့ အချိန်ကို ရောက်ရှိလို့လာပြီပဲ ဖြစ်ပါတယ်။ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေက မင်းသွေး ကွယ်လွန်ပြီးကတည်းက လစဉ် လတိုင်း သူ့အတွက် ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးနေကြတာမို့ မင်းသွေးလည်း ကုသိုလ်အမျှရပြီး ကောင်းရာဘုံဘဝကနေ သာဓုခေါ်ဆိုနေမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Bilie – Cele Connections