


Source: Paing Takhon
ယူနီကုတ်ဖြင့်ဖတ်ရန်

” ဟင်းချက်နေတဲ့အချိန် ဖြစ်နေတဲ့ သူ့ရဲ့ ပုံစံကို ညီမဖြစ်သူကဗီဒီယိုခိုးရိုက်ကာ ဆေးထိုးခံလိုက်ရတဲ့ ပိုင်တံခွန် ”

CeleConnections ပရိသတ်ကြီးရေ ပိုင်တံခွန်ကတော့ အာရှတစ်ခွင်မှာသာမက အနောက်နိုင်ငံတွေထိပါ အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်လ်မင်းသားတစ်လက်ပါ။ လက်ချိုးရေလို့ရတဲ့ကမ္ဘာကျော်တဲ့ မြန်မာနိုင်ငံရဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လို့တောင်တင်စားရမှာပါ။.

ပိုင်တံခွန်ကတော့ ဘယ်လိုပင်ကျော်ကြားအောင်မြင်နေပေမယ့် အမြဲပရိသတ်တွေ၊ လူကြီးသူမတွေအပေါ်မှာ ရို့ကျိုးကာ လူမှုဆက်ဆံရေးကောင်းမွန်ယဉ်ကျေးတဲ့သူတစ်ယောက်ပါ။ နှုတ်ခမ်းနီမလေးတွေသဘောကျရတဲ့ လျှို့ဝှက်ချက်ကတော့ ယောကျာ်းပီသတဲ့ဘော်ဒီကိုပိုင်ဆိုင်ထားပြီး တိရိစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တဲ့ထူးခြားတဲ့စိတ်လေးကြောင့်လို့ဆိုရမှာပါ။

အမြဲပွင့်လင်းရိုးသားသဘောကောင်းလွန်းတဲ့ပိုင်တံခွန်ကတော့ ဒီနေ့မှာညီမဖြစ်သူရဲ့ ဆေးထိုး
စနောက်ခြင်းကိုခံခဲ့ရတာပါ။ပိုင်တံခွန်ဟင်းချက်ကာ ဆီစင်လို့အော်ဟစ်နေတဲ့ဗီဒီယိုဖိုင်လေးကို ညီမဖြစ်သူက ပိုစ့်တစ်ခုအောက်မှာမန့်ခဲ့တာပဲ ဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့မောင်နှမဆက်ဆံရေးပါပဲနော် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြတဲ့ CeleConnectionsပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Paing Takhon
Candy -CeleConnections