


Source: A Nyein Phyu’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

သားသားရဲ့ “ဆန်းကြယ်” သီချင်း MV လေးမှာ အကဲပိုတဲ့ ချစ်သူစုံတွဲလေးအဖြစ် သရုပ်ဆောင်ထားကြတဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူ

အဆိုတော် ရဲရင့်အောင်နဲ့ သရုပ်ဆောင် ဧငြိမ်းဖြူတို့ရဲ့ အချစ်ရေးက ပရိသတ်ကြီးသိတဲ့အတိုင်း ပျော်ရွှင်ကြည်နူးစရာတွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူက တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိနဲ့ လက်တွဲလာခဲ့တာ အခုဆိုရင် ချစ်သူသက်တမ်း (၄) နှစ်ကျော် အချိန်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ နှစ်တွေအကြာကြီး လက်တွဲခဲ့တဲ့ ချစ်သူစုံတွဲဖြစ်ပေမယ့် ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့က နှစ်ယောက်အတူတူ အနုပညာလှုပ်ရှားမှုတွေက အရမ်းကို နည်းပါးလှပါတ်ယ။

ဒီတစ်ခေါက်မှာတော့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ ချစ်သူစုံတွဲနှစ်ယောက်က သားသားရဲ့ “ဆန်းကြယ်” သီချင်း MV လေးမှာ ပါဝင်အားဖြည့်ပြီး သရုပ်ဆောင်ပေးခဲ့ကြတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် သားသားသီဆိုထားပြီး ရဲရင့်အောင်၊ ဧငြိမ်းဖြူနဲ့ သားသားကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ “ဆန်းကြယ်” သီချင်း MV လေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ကတော့ Single တွေ ရှေ့မှာ အကဲပိုတယ်လို့ ထင်ရလောက်တဲ့ ချစ်သူစုံတွဲလေးအဖြစ် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ သားသားရဲ့ သီချင်းလေးကလည်း နားဆင်လို့ကောင်းသလို MV လေးကလည်း ကြည်နူးစရာ၊ ရယ်မောစရာတွေ ပါဝင်တာမို့ ပရိသတ်ကြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: A Nyein Phyu’s fb
Bilie – Cele Connections