


Source: Melody Myo’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

တရားထိုင်တာ များလာလို့ အသားအရည်တွေတောင် အရင်ကထက် ပိုလှလာခဲ့ပြီဆိုတဲ့ မယ်လိုဒီ

ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် မယ်လိုဒီဟာ လှပကြည်လင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး ကိုရီးယားမင်းသမီးလေးလို လှပတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားသူပါ။ မယ်လိုဒီက အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးသွားပေမယ့် နောက်ပိုင်းမှာတော့ ရုပ်ရှင်တွေ ပြန်လည်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ မယ်လိုဒီက အခုဆိုရင် သူမရဲ့ အိမ်ထောင်နဲ့ တရားဝင်ကွာရှင်းပြီး သားလေး သိဒ္ဓိစစ်ကို ပြုစုစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားတဲ့ မယ်လိုဒီက အိမ်ထောင်မှုကိစ္စတွေနဲ့အတူတူ ဘုရားတရားကိုသာ အာရုံစိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မယ်လိုဒီက တရားထိုင်တာမျာလို့ စိတ်ရောလူပါ ကြည်လင်လာတဲ့အကြောင်းကို “တရားထိုင်တာများလာလေ အသားအရည်လှလာလေ.. နိုးအဖက်.. ဘယ်အရာမှမမြဲဘူး။ အိုလာသော်လည်း တရားမှတ်ရင်း လှလှလေး နိဗ္ဗာန်သွားချင်မိ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။

မယ်လိုဒီကတော့ တရားမှတ်ရင်း စိတ်တွေကြည်လင်လာတာကြောင့် လူပါကြည်လင်ပြီး အသားအရည်တွေပါ ကောင်းလာပုံကို ပြသခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Melody Myo’s fb
Bilie – Cele Connections