ခ်စ္စရာေကာင္းၿပီး ႐ိုးသားျဖဴစင္လြန္းတဲ့ သ႐ုပ္ေဆာင္ ျဖဴျဖဴေထြးကေတာ့ သူမရဲ႕ တက္ႂကြတဲ့ အမူအယာေလးေတြေၾကာင့္ ပရိသတ္ေတြၾကားမွာ ေရပန္းစားေအာင္ျမင္လာသူတစ္ေယာက္ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးက အခုဆိုရင္ ေၾကာ္ျငာေတြကို လက္မလည္ေအာင္ ႐ိုက္ကူးရတဲ့အျပင္ ေနာက္ပိုင္းမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္ေတြနဲ႔အတူတူ တြဲဖက္ၿပီး သ႐ုပ္ေဆာင္ႏိုင္တဲ့အထိ ေအာင္ျမင္မႈရရွိလာတာပဲ ျဖစ္ပါတယ္။ ေအာင္ျမင္လာတာနဲ့အမွ် အလွဴအတန္းေတြကိုလည္း အျမဲမျပတ္လုပ္ကိုင္တဲ့ ျဖဴျဖဴေထြးက ဒီကေန့မွာလည္း သူမရဲ့ ကုသိုလ္ေလးတစ္ခုကို ပရိသတ္ေတြဆီ မွ်ေဝေပးလာပါတယ္။

ဒီကေန့မွာလည္း ျဖဴျဖဴေထြးက ကမၻာေျမၾကီးျငိမ္းခ်မ္းဖို့ ဓမၼစၾကၤာရြတ္ၾကစို့ အစီအစဥ္အတြက္ ပါဝင္ျပီး လမ္းမွာေတြ့သမွ်လူေတြကို ဓမၼစၾကၤာစာအုပ္နဲ့အတူတူ အလွဴေငြမ်ား လိုက္လွဴရင္း နိဗၺာန္ေဆာ္လုပ္ခဲ့တဲ့သူမရဲ့ ပီတိေလးကို ပရိသတ္ေတြအတြက္ မွ်ေဝလာပါတယ္။ ပရိသတ္ၾကီးအတြက္ ျဖဴျဖဴေထြးရဲ့ ကုသိုလ္ေလးကို ထပ္တူခံစားနိုင္ဖို့ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

ျဖဴျဖဴေထြးကေတာ့ လူငယ္တစ္ေယာက္ျဖစ္ေပမယ့္ ဘာသာေရးနဲ့ ကုသိုလ္ေရးမွာ တက္တက္ၾကြၾကြပါဝင္လႈပ္ရွားသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ျဖဴျဖဴေထြးရဲ့ ဗီဒီယိုေလးကိုၾကည့္ျပီး ပီတိျဖစ္ျပီး သာဓုေခၚဆိုနိုင္ၾကပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source:Phyu Phyu Htwe ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လမ်းမှာတွေ့သမျှလူတွေကို ဓမ္မစင်္ကြာစာအုပ်နဲ့အတူတူ အလှူငွေများ လိုက်လှူရင်း နိဗ္ဗာန်ဆော်လုပ်ခဲ့တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယို

ချစ်စရာကောင်းပြီး ရိုးသားဖြူစင်လွန်းတဲ့ သရုပ်ဆောင် ဖြူဖြူထွေးကတော့ သူမရဲ့ တက်ကြွတဲ့ အမူအယာလေးတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်လာသူတစ်ယောက် ဖြစ်ပါတယ်။ ဖြူဖြူထွေးက အခုဆိုရင် ကြော်ငြာတွေကို လက်မလည်အောင် ရိုက်ကူးရတဲ့အပြင် နောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ နိုင်ငံကျော်သရုပ်ဆောင်တွေနဲ့အတူတူ တွဲဖက်ပြီး သရုပ်ဆောင်နိုင်တဲ့အထိ အောင်မြင်မှုရရှိလာတာပဲ ဖြစ်ပါတယ်။ အောင်မြင်လာတာနဲ့အမျှ အလှူအတန်းတွေကိုလည်း အမြဲမပြတ်လုပ်ကိုင်တဲ့ ဖြူဖြူထွေးက ဒီကနေ့မှာလည်း သူမရဲ့ ကုသိုလ်လေးတစ်ခုကို ပရိသတ်တွေဆီ မျှဝေပေးလာပါတယ်။

ဒီကနေ့မှာလည်း ဖြူဖြူထွေးက ကမ္ဘာမြေကြီးငြိမ်းချမ်းဖို့ ဓမ္မစင်္ကြာရွတ်ကြစို့ အစီအစဉ်အတွက် ပါဝင်ပြီး လမ်းမှာတွေ့သမျှလူတွေကို ဓမ္မစင်္ကြာစာအုပ်နဲ့အတူတူ အလှူငွေများ လိုက်လှူရင်း နိဗ္ဗာန်ဆော်လုပ်ခဲ့တဲ့သူမရဲ့ ပီတိလေးကို ပရိသတ်တွေအတွက် မျှဝေလာပါတယ်။ ပရိသတ်ကြီးအတွက် ဖြူဖြူထွေးရဲ့ ကုသိုလ်လေးကို ထပ်တူခံစားနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

ဖြူဖြူထွေးကတော့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် ဘာသာရေးနဲ့ ကုသိုလ်ရေးမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ပီတိဖြစ်ပြီး သာဓုခေါ်ဆိုနိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source:Phyu Phyu Htwe ‘s fb
Bilie – Cele Connections