နိုင္ငံေက်ာ္သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ နႏၵာလိႈင္ရဲ့ ညီမျဖစ္သူ ေႏြးေႏြးလိႈင္တို့ ဇနီးေမာင္နွံက Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရျပီး ေဆးရံုတက္ခဲ့ရတာပဲ ျဖစ္ပါတယ္။ ေဒၚေႏြးေႏြးလိႈင္ရဲ့ ခင္ပြန္းျဖစ္သူကေတာ့ ကြယ္လြန္သြားခဲ့ျပီျဖစ္ျပီး ေဒၚေႏြးေႏြးလိႈင္နဲ့ ကေလးေတြ ေဆးရံုကေနဆင္းျပီး ေနအိမ္ကို ျပန္လည္ေရာက္ရိွေနခဲ့ျပီပဲ ျဖစ္ပါတယ္။ သရုပ္ေဆာင္ ေမာင္ကေတာ့ ေဒၚေႏြးေႏြးလိႈင္ရဲ့ သားသမီးေတြနဲ့ ထိစပ္မႈရိွျပီး Covid-19 Positive ျဖစ္သြားခဲ့တာေၾကာင့္ ေဒၚေႏြးေႏြးလိႈင္အေနနဲ့ အားနာျပီး သနားမိတဲ့အေၾကာင္းကို သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန ေျပာလာပါတယ္။

“ကၽြန္မတို႔သားအမိေတြေဆး႐ုံကဆင္းရပါၿပီ သားေလးနဲ႔ေတြ႕ရလို႔အေပ်ာ္ဆုံးပါပဲ။ ကၽြန္မတိိ႔ု ေဆး႐ုံတက္ေနစဥ္အတြင္း ေႏြးေထြးၾကင္နာစြာ ေစာင့္ေရွာက္မႈေပးခဲ့ေသာ တ/ဥကၠလာမိခင္နဲ႔ကေလးေဆး႐ုံႀကီးမွေဆး႐ုံအုပ္ႀကီးနဲ႔တကြ Prof.Drေဒၚမိုးမိုးစန္း ႏွင့္သမားေတာ္မ်ား ဆရာဝန္ ဆရာမမ်ားက်န္းမာေရးဝန္ထမ္းမ်ားအားလုံး စားစရာပို႔႐ုံမဟုတ္ပဲႏြားႏို႔၊ အသီး အာဟာရျဖစ္ေစမယ့္အရာမ်ားကိုမိသားစုဝင္ကဲ့သို႔တြက္ခ်က္လႉဒါန္းေပးၾကေသာေစတနာရွင္ အလႉရွင္မ်ားအားလႈိက္လႈိက္လွဲလွဲေက်းဇူးတင္ရပါတယ္။ကၽြန္မဒီလိုၾကင္နာတတ္တဲ့ လူမ်ိဳးေတြရွိတဲ့ျမန္မာျပည္မွာ လူျဖစ္လာရတာ အရမ္းေက်နပ္စရာေကာင္းလိုက္တာလို ႔ပီတိျဖစ္မိပါတယ္။ ”

“ၿပီးေတာ့က်မနဲ႔ကေလးေတြေနေကာင္းဖို႔ကလြဲရင္ဘယ္အရာမွမတက္မက္ေတာ့တဲ့ေဖေဖနဲ႔ေမေမ ေနျပည္ေတာ္ကေနရက္လည္ဆြမ္းသြတ္ေပးခဲ့ေသာအမအႀကီးဆုံးမသိမ့္ ေဒၚသိမ့္သိမ့္လႈိင္၊ ကိုယ္တိုင္ အျပင္မထြက္ရေတာ့ အျပင္ကလူေတြကို ေတာက္ေလွ်ာက္ အကူအညီေတာင္းၿပီးအစစအရာရာစီစဥ္ေပးေသာ မလတ္ ေဒၚနႏၵာလႈိင္၊ တစ္အိမ္လုံးစားေရးးေသာက္ေရး၊ ပါးပါးက်န္းမာေရးအနီးကပ္ျပဳစုရေသာ ညီမေလးဇင္ သင္းသဇင္လႈိင္၊ ေဆး႐ုံမွာ အရမ္းပင္ပန္းတာေတာင္ အျပန္ေစ်းဝင္ဝယ္ၿပီး တူမေလးေတြအတြက္ ကိုယ္တိုင္ေၾကာ္ေလွာ္ အမွီပို႔ရွာတဲ့ဖူးေလး Dr. ျမတ္စပယ္လႈိင္၊ မအားတဲ့ၾကားက အစ္မလႈပ္ရွားမႈေတြကို သူငယ္ခ်င္းဆရာဝန္ေတြ လွမ္းေမးၿပီးအတင္းအိပ္ခိုင္းလိုက္ေသးတယ္။ အစ္မမိသားစုကို လိုက္ေစာင့္ေရွာက္ရင္း ကိုယ္တိုင္ positive ျဖစ္သြားရွာတဲ့ေမာင္ေလး Dr. စိန္ၿဖိဳးလႈိင္ (မေႏြးအားနာတယ္ သနားတယ္ေမာင္ရယ္) မေတာ္ရေသးေပမယ့္ တူေလးနဲ႔ဖြားဖြားကိုစိတ္ပူစြာလိုက္ေစာင့္ေရွာက္ေပးတဲ့ညီမေလးရီရီ”

“ေမာင္ကိုသားအရင္းေလးလိုေစာင့္ေရွာက္ေပးတဲ့အမေဒၚျမတ္ျမတ္ဦး။ ကၽြန္မမိသားစုကို စိတ္ပူပန္စြာေမတၱာပို႔ေပးၿပီး ကၽြန္မနဲ႔ထပ္တူနာက်င္ခံစားေပးၾကတဲ့မိတ္ေဆြ သူငယ္ခ်င္း ေဆြမ်ိဳးမ်ားအားလုံး။ ကၽြန္မနဲ႔မရင္းႏွီးေပမယ့္လည္းထပ္တူခံစားနားလည္အားေပးခဲ့ေသာမိတ္ေဆြမ်ားအားလုံးကိုေက်းဇူးတင္ပါတယ္။ ကၽြန္မတို႔မိသားစုအားလုံးေနေကာင္းၾကပါတယ္။” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nway Nway Hlaing ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မိသားစုမိတ်ဆွေတွေနဲ့ သူမတို့မိသားစုကို လိုက်စောင့်ရှောက်ရင်း ကိုယ်တိုင် Positive ဖြစ်သွားရှာတဲ့ မောင့်ကို သနားပြီး အားနာတယ်ဆိုတဲ့ အစ်မဖြစ်သူ နွေးနွေးလှိုင်

နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နန္ဒာလှိုင်ရဲ့ ညီမဖြစ်သူ နွေးနွေးလှိုင်တို့ ဇနီးမောင်နှံက Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရပြီး ဆေးရုံတက်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒေါ်နွေးနွေးလှိုင်ရဲ့ ခင်ပွန်းဖြစ်သူကတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ဒေါ်နွေးနွေးလှိုင်နဲ့ ကလေးတွေ ဆေးရုံကနေဆင်းပြီး နေအိမ်ကို ပြန်လည်ရောက်ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် မောင်ကတော့ ဒေါ်နွေးနွေးလှိုင်ရဲ့ သားသမီးတွေနဲ့ ထိစပ်မှုရှိပြီး Covid-19 Positive ဖြစ်သွားခဲ့တာကြောင့် ဒေါ်နွေးနွေးလှိုင်အနေနဲ့ အားနာပြီး သနားမိတဲ့အကြောင်းကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။

“ကျွန်မတို့သားအမိတွေဆေးရုံကဆင်းရပါပြီ သားလေးနဲ့တွေ့ရလို့အပျော်ဆုံးပါပဲ။ ကျွန်မတိ့ု ဆေးရုံတက်နေစဉ်အတွင်း နွေးထွေးကြင်နာစွာ စောင့်ရှောက်မှုပေးခဲ့သော တ/ဥက္ကလာမိခင်နဲ့ကလေးဆေးရုံကြီးမှဆေးရုံအုပ်ကြီးနဲ့တကွ Prof.Drဒေါ်မိုးမိုးစန်း နှင့်သမားတော်များ ဆရာဝန် ဆရာမများကျန်းမာရေးဝန်ထမ်းများအားလုံး စားစရာပို့ရုံမဟုတ်ပဲနွားနို့၊ အသီး အာဟာရဖြစ်စေမယ့်အရာများကိုမိသားစုဝင်ကဲ့သို့တွက်ချက်လှူဒါန်းပေးကြသောစေတနာရှင် အလှူရှင်များအားလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရပါတယ်။ကျွန်မဒီလိုကြင်နာတတ်တဲ့ လူမျိုးတွေရှိတဲ့မြန်မာပြည်မှာ လူဖြစ်လာရတာ အရမ်းကျေနပ်စရာကောင်းလိုက်တာလို့ပီတိဖြစ်မိပါတယ်။ ”

“ပြီးတော့ကျမနဲ့ကလေးတွေနေကောင်းဖို့ကလွဲရင်ဘယ်အရာမှမတက်မက်တော့တဲ့ဖေဖေနဲ့မေမေ နေပြည်တော်ကနေရက်လည်ဆွမ်းသွတ်ပေးခဲ့သောအမအကြီးဆုံးမသိမ့် ဒေါ်သိမ့်သိမ့်လှိုင်၊ ကိုယ်တိုင် အပြင်မထွက်ရတော့ အပြင်ကလူတွေကို တောက်လျှောက် အကူအညီတောင်းပြီးအစစအရာရာစီစဉ်ပေးသော မလတ် ဒေါ်နန္ဒာလှိုင်၊ တစ်အိမ်လုံးစားရေးးသောက်ရေး၊ ပါးပါးကျန်းမာရေးအနီးကပ်ပြုစုရသော ညီမလေးဇင် သင်းသဇင်လှိုင်၊ ဆေးရုံမှာ အရမ်းပင်ပန်းတာတောင် အပြန်ဈေးဝင်ဝယ်ပြီး တူမလေးတွေအတွက် ကိုယ်တိုင်ကြော်လှော် အမှီပို့ရှာတဲ့ဖူးလေး Dr. မြတ်စပယ်လှိုင်၊ မအားတဲ့ကြားက အစ်မလှုပ်ရှားမှုတွေကို သူငယ်ချင်းဆရာဝန်တွေ လှမ်းမေးပြီးအတင်းအိပ်ခိုင်းလိုက်သေးတယ်။ အစ်မမိသားစုကို လိုက်စောင့်ရှောက်ရင်း ကိုယ်တိုင် positive ဖြစ်သွားရှာတဲ့မောင်လေး Dr. စိန်ဖြိုးလှိုင် (မနွေးအားနာတယ် သနားတယ်မောင်ရယ်) မတော်ရသေးပေမယ့် တူလေးနဲ့ဖွားဖွားကိုစိတ်ပူစွာလိုက်စောင့်ရှောက်ပေးတဲ့ညီမလေးရီရီ”

“မောင်ကိုသားအရင်းလေးလိုစောင့်ရှောက်ပေးတဲ့အမဒေါ်မြတ်မြတ်ဦး။ ကျွန်မမိသားစုကို စိတ်ပူပန်စွာမေတ္တာပို့ပေးပြီး ကျွန်မနဲ့ထပ်တူနာကျင်ခံစားပေးကြတဲ့မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးများအားလုံး။ ကျွန်မနဲ့မရင်းနှီးပေမယ့်လည်းထပ်တူခံစားနားလည်အားပေးခဲ့သောမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်မတို့မိသားစုအားလုံးနေကောင်းကြပါတယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nway Nway Hlaing ‘s fb
Bilie – Cele Connections