သရုပ္ေဆာင္ ေမာင္နဲ့ ရီရီပြင့္ျဖဴတို့ကေတာ့ (၇)နွစ္ေက်ာ္ရိွတဲ့ ခ်စ္သူဘဝေလးမွာ နွစ္ဖက္မိဘသေဘာတူၾကည္ျဖဴထားၾကျပီး သာယာေအးခ်မ္းတဲ့ အခ်ိန္ေတြကို ေက်ာ္ျဖတ္ေနလ်က္ရိွပါတယ္။ ဒါေပမယ့္ လက္ရိွမွာေတာ့ ေမာင္က Covid-19 ေရာဂါပိုးကူးစက္ခံထားရလို့ ေဆးကုသမႈခံယူေနရတာျဖစ္ျပီး ရီရီပြင့္ျဖဴကေတာ့ ေမာင့္ရဲ့ မိသားစုေတြ အခက္အခဲကို ကူညီေျဖရွင္းေပးျပီး Hotel Quarantine ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ ရီရီပြင့္ျဖဴက သူမကိုယ္တိုင္လည္း Hotel Quarantineက ထြက္လာခဲ့သလို ေမာင့္တူေလးရဲ့ ဆႏၵတစ္ခုကိုလည္း ျဖည့္စည္းေပးခဲ့ပါတယ္။

“Negative ျဖစ္ၿပီးလို႔ ပထမဆုံး အိမ္ျပန္ရသူေလး.. ကေလးဆိုေတာ့ (၁၄) ရက္ အခန္းထဲပိတ္ေနရတာကို သူေတာ္ေတာ္ပ်င္းရွာတာ။ ဒီေန႔ေတာ့ သူ ေပ်ာ္တာေပ်ာ္တာဆိုတာ ..😃😃 အျပင္ေရာက္ေရာက္ခ်င္း ေမာင္ႏွမေတြကို ေတြ႕ခ်င္တယ္ဆိုၿပီး ကန္ရိပ္သာ အိမ္ကိုအရင္သြားၿပီးႏႈတ္ဆက္တယ္။ ကန္ရိပ္သာအိမ္လည္း မၾကာခင္မွာ lockdown ရက္လည္းျပည့္ေတာ့မွာမို႔ အရင္လိုတူတူျပန္ေဆာ့ႏိုင္ေတာ့မွာပါ🥰🥰 မေႏြးလည္းေဆး႐ုံကဆင္းၿပီမို႔ မိသားစုေတြကေတာ့ ဒီေန႔ျပန္စုံၾကပါၿပီ။ စိန္ၿဖိဳးလည္းေဆး႐ုံဆင္းဖို႔ရက္နီးၿပီလို႔ေျပာပါတယ္။ မမရီကေတာ့ အိမ္မွာပဲ မိသားစုနဲ႔မထိေတြ႕ဘဲ home q ၇ ရက္ ဆက္ေနရပါမယ္လို႔။ Well Done ပါ။ ဝမ္းသာရတဲ့ ေန႔ေလးပါပဲ…” ဆိုျပီး ရီရီပြင့္ျဖဴက ဆိုထားပါတယ္။

ရီရီပြင့္ျဖဴကေတာ့ ေမာင့္ကိုခ်စ္တဲ့ စိတ္နဲ့ ေမာင့္ရဲ့ မိသားစုဝင္ေတြကိုလည္း သူမရဲ့ မိသားစုဝင္ေတြလို သေဘာထားရွာတာပဲ ျဖစ္ပါတယ္။ ေမာင္လည္း အျမန္ဆံုး ေဆးရံုဆင္းရျပီး ရီရီလည္း က်န္းမာပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: SEIN PHYO & YI’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

Negative ဖြစ်လို့ အိမ်ပြန်ရတဲ့ တူလေးရဲ့ ဆန္ဒကိုဖြည့်စည်းပေးကာ မောင်တို့ မိသားစုဝင်တွေရဲ့ အပျော်တွေကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ရီရီပွင့်ဖြူ

သရုပ်ဆောင် မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ (၇)နှစ်ကျော်ရှိတဲ့ ချစ်သူဘဝလေးမှာ နှစ်ဖက်မိဘသဘောတူကြည်ဖြူထားကြပြီး သာယာအေးချမ်းတဲ့ အချိန်တွေကို ကျော်ဖြတ်နေလျက်ရှိပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မောင်က Covid-19 ရောဂါပိုးကူးစက်ခံထားရလို့ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး ရီရီပွင့်ဖြူကတော့ မောင့်ရဲ့ မိသားစုတွေ အခက်အခဲကို ကူညီဖြေရှင်းပေးပြီး Hotel Quarantine နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရီရီပွင့်ဖြူက သူမကိုယ်တိုင်လည်း Hotel Quarantineက ထွက်လာခဲ့သလို မောင့်တူလေးရဲ့ ဆန္ဒတစ်ခုကိုလည်း ဖြည့်စည်းပေးခဲ့ပါတယ်။

“Negative ဖြစ်ပြီးလို့ ပထမဆုံး အိမ်ပြန်ရသူလေး.. ကလေးဆိုတော့ (၁၄) ရက် အခန်းထဲပိတ်နေရတာကို သူတော်တော်ပျင်းရှာတာ။ ဒီနေ့တော့ သူ ပျော်တာပျော်တာဆိုတာ ..😃😃 အပြင်ရောက်ရောက်ချင်း မောင်နှမတွေကို တွေ့ချင်တယ်ဆိုပြီး ကန်ရိပ်သာ အိမ်ကိုအရင်သွားပြီးနှုတ်ဆက်တယ်။ ကန်ရိပ်သာအိမ်လည်း မကြာခင်မှာ lockdown ရက်လည်းပြည့်တော့မှာမို့ အရင်လိုတူတူပြန်ဆော့နိုင်တော့မှာပါ🥰🥰 မနွေးလည်းဆေးရုံကဆင်းပြီမို့ မိသားစုတွေကတော့ ဒီနေ့ပြန်စုံကြပါပြီ။ စိန်ဖြိုးလည်းဆေးရုံဆင်းဖို့ရက်နီးပြီလို့ပြောပါတယ်။ မမရီကတော့ အိမ်မှာပဲ မိသားစုနဲ့မထိတွေ့ဘဲ home q ၇ ရက် ဆက်နေရပါမယ်လို့။ Well Done ပါ။ ဝမ်းသာရတဲ့ နေ့လေးပါပဲ…” ဆိုပြီး ရီရီပွင့်ဖြူက ဆိုထားပါတယ်။

ရီရီပွင့်ဖြူကတော့ မောင့်ကိုချစ်တဲ့ စိတ်နဲ့ မောင့်ရဲ့ မိသားစုဝင်တွေကိုလည်း သူမရဲ့ မိသားစုဝင်တွေလို သဘောထားရှာတာပဲ ဖြစ်ပါတယ်။ မောင်လည်း အမြန်ဆုံး ဆေးရုံဆင်းရပြီး ရီရီလည်း ကျန်းမာပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: SEIN PHYO & YI’s fb
Bilie – Cele Connections