CeleConnections ပရိသတ္ႀကီးေရ ျမႏွင္းရည္လြင္ကေတာ့ာ MRTV-(4) ျပသခဲ့တဲ့ေငြစကၠဴ(၇)႐ြက္ ဇာတ္လမ္းတြဲမွာ “ေဝႏွင္းျဖဴ” ဆိုတဲ့ဇာတ္ေကာင္နဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈကို တခဲနက္ ရရွိပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြျမင္ေနက် ကာ႐ိုက္တာနဲ႔မတူေအာင္ ကြဲထြက္ေနတဲ့ ဇာတ္႐ုပ္ဆန္းဆန္းေလးနဲ႔ သ႐ုပ္ေဆာင္ထားတာျဖစ္ေပမယ့္ ကာ႐ိုက္တာဆန္းဆန္းေလးကို ပရိသတ္ေတြကပါ စီးေမွ်ာၿပီး ခ်စ္စႏိုးနဲ႔ ” ေဝႏွင္းျဖဴ ” လို႔ေတာင္ ေခၚခံခဲ့ရတာပါေနာ္။

ေနာက္ထပ္ပရိသတ္ေတြပါးစပ္ဖ်ားမွာေရပန္းစားေစတာကေတာ့ သူမရဲ႕ နန္းဆန္တဲ့ ဟန္ပန္နဲ႔ ျမန္မာဆန္တဲ့အလွပုံရိပ္မ်ားဟာ အေမစုရဲ႕ ငယ္ဘဝနဲ႔ တူတယ္လို႔ မွတ္ခ်က္ေပးၿပီး ပရိသတ္ေတြက မမျမလို႔ ခ်စ္စႏိုးနဲ႔ေခၚဆိုေနတာပဲ ျဖစ္ပါတယ္။ သူမအေနနဲ႔ အခန္းနံပါတ္ ႐ုပ္သံဇာတ္လမ္းတြဲမွာလည္း ပါဝင္ခဲ့ၿပီး သူမပါဝင္ထားတဲ့ဇာတ္လမ္းတြဲအသစ္ေတြလည္းရွိပါ​ေသးတယ္တဲ့ေနာ္။

မၾကာခင္မွျပသေတာ့မယ့္”မာယာလွည့္ကြက္”ဇာတ္လမ္းတြဲမွာ ပါဝင္ထားေၾကာင္းေျပာျပခဲ့ၿပီး သူမရဲ႕ဇာတ္ေကာင္အေနနဲ႔ ” ထက္ျမတ္ေသာစီးပြားေရးလုပ္ငန္းရွင္တစ္ဦး ႐ုပ္ရည္ေခ်ာေမာၿပီး မႏၲေလးစီးပြားေရးေလာက၏ ထိပ္တန္းစီးပြားေရးသမားအေနနဲ႔ ေတြ႕ရမွာပဲ ျဖစ္ပါတယ္။အလုပ္ကိုေလာဘႀကီးၿပီး ၿပိဳင္ဆိုင္လိုစိတ္ျပင္းထန္တဲ့❝ေဒၚဟန္နီခ်ိဳ❞ အျဖစ္ ပါဝင္သြားမွာပါ။ အားေပးဖို႔အသင့္ပဲလား CeleConnections ပရိသတ္ႀကီး ေရ။ ဖတ္ရႈေပးၾကတဲ့ CeleConnections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source : MRTV-4
Candy -CeleConnections
ယူနီကုတ္ျဖင့္ဖတ္ရန္

” ‘မာယာလှည့်ကွက်”ဇာတ်လမ်းတွဲမှာအလုပ်ကိုလောဘကြီးပြီး ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တဲ့ ” ဒေါ်ဟန်နီချို” အဖြစ်မြင်တွေ့ရမယ့်မြနှင်းရည်လွင် ”

CeleConnections ပရိသတ်ကြီးရေ မြနှင်းရည်လွင်ကတော့ာ MRTV-(4) ပြသခဲ့တဲ့ငွေစက္ကူ(၇)ရွက် ဇာတ်လမ်းတွဲမှာ “ဝေနှင်းဖြူ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေမြင်နေကျ ကာရိုက်တာနဲ့မတူအောင် ကွဲထွက်နေတဲ့ ဇာတ်ရုပ်ဆန်းဆန်းလေးနဲ့ သရုပ်ဆောင်ထားတာဖြစ်ပေမယ့် ကာရိုက်တာဆန်းဆန်းလေးကို ပရိသတ်တွေကပါ စီးမျှောပြီး ချစ်စနိုးနဲ့ ” ဝေနှင်းဖြူ ” လို့တောင် ခေါ်ခံခဲ့ရတာပါနော်။

နောက်ထပ်ပရိသတ်တွေပါးစပ်ဖျားမှာရေပန်းစားစေတာကတော့ သူမရဲ့ နန်းဆန်တဲ့ ဟန်ပန်နဲ့ မြန်မာဆန်တဲ့အလှပုံရိပ်များဟာ အမေစုရဲ့ ငယ်ဘဝနဲ့ တူတယ်လို့ မှတ်ချက်ပေးပြီး ပရိသတ်တွေက မမမြလို့ ချစ်စနိုးနဲ့ခေါ်ဆိုနေတာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ အခန်းနံပါတ် ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့ပြီး သူမပါဝင်ထားတဲ့ဇာတ်လမ်းတွဲအသစ်တွေလည်းရှိပါသေးတယ်တဲ့နော်။

မကြာခင်မှပြသတော့မယ့်”မာယာလှည့်ကွက်”ဇာတ်လမ်းတွဲမှာ ပါဝင်ထားကြောင်းပြောပြခဲ့ပြီး သူမရဲ့ဇာတ်ကောင်အနေနဲ့ ” ထက်မြတ်သောစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ရုပ်ရည်ချောမောပြီး မန္တလေးစီးပွားရေးလောက၏ ထိပ်တန်းစီးပွားရေးသမားအနေနဲ့ တွေ့ရမှာပဲ ဖြစ်ပါတယ်။အလုပ်ကိုလောဘကြီးပြီး ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တဲ့❝ဒေါ်ဟန်နီချို❞ အဖြစ် ပါဝင်သွားမှာပါ။ အားပေးဖို့အသင့်ပဲလား CeleConnections ပရိသတ်ကြီး ရေ။ ဖတ်ရှုပေးကြတဲ့ CeleConnections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : MRTV-4
Candy -CeleConnections