ယူနီကုဒ်ဖြင့်ဖတ်ရန်
ဘုရားဂုဏ်တော်ကိုးပါးကို စကားလေးမပီတပီနဲ့ ရွတ်ပြလာတဲ့ R ဇာနည်ရဲ့ သားအလတ်လေး ချစ်ချစ်တုန်ရဲ့ ဗီဒီယို
အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုရောက်အောင်သီဆိုနိူင်တဲ့ အဆိုတော် Rဇာနည်နဲ့ ဇနီးချောလေး ဝမ်းတို့ကတော့ သားကြီး ဖစ်ဖစ်တုန်၊ သားလတ် ချစ်ချစ်တုန်၊ သမီးငယ်လေး မစ်မစ်တုန်တို့နဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ R ဇာနည်ကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို ဝမ်းကလည်း စီးပွားရေးအလုပ်တွေ လုပ်ကိုင်နေတယ်ဆိုပေမယ့် သားသမီးတွေအတွက်တော့ အမြဲတမ်း အချိန်ပေး ဂရုစိုက်နေကြတာပဲ ဖြစ်ပါတယ်။
ချစ်ချစ်တုန်နဲ့ ဖစ်ဖစ်တုန်တို့ကတော့ ဘိုးဘွားမိဘတွေရဲ့ သင်ကြားပြသပေးမှုတွေနဲ့ စနစ်တကျ လိမ္မာရေးခြားရှိစွာ ကြီးပြင်းလာခဲ့တဲ့ ကလေးလေးတွေပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ချစ်ချစ်တုန်လေးက ဖေဖေနဲ့ မေမေဆီမှာ ဘုရားဂုဏ်တော်ကိုးပါးကို စကားလေးမပီတပီနဲ့ ရွတ်ပြလာတာကို အခုလိုပဲ ဗီဒီယိုလေးနဲ့တကွ တွေ့ရပါတယ်။
ချစ်ချစ်တုန်လေးကတော့ (၂) နှစ်ကျော်အရွယ်လေးသာရှိသေးပေမယ့် မိဘဆီက ကောင်းမွန်တဲ့ အမူအကျင့်တွေကို အတုယူနိုင်သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အရွယ်လေးနဲ့မလိုက်အောင် တတ်လွန်းတဲ့ R ဇာနည်ရဲ့ သားအလတ်လေး ချစ်ချစ်တုန်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Phit Phit Chit Chit Mhit Mhit’s fb
Bilie – Cele Connections