သရုပ္ေဆာင္ မင္းသမီးေခ်ာေလး ခိုင္နွင္းေဝက တစ္ခ်ိန္က အျပံုးခ်ိဳခ်ိဳ၊ ဆံသားရွည္ရွည္နဲ့ ပုရိသေတြရဲ့ အသည္းနွလံုးကို ဖမ္းစားနိုင္သူတစ္ေယာက္ ျဖစ္ပါတယ္။ ခိုင္နွင္းေဝက အသက္အရြယ္တစ္ခုေရာက္ရိွလာခ်ိန္မွာ အနုပညာလုပ္ငန္းေတြနဲ့အတူတူ ပရဟိတလုပ္ငန္းေတြကိုပါ ေဆာင္ရြက္ေနသူ ျဖစ္ပါတယ္။ နားခ်ိန္မရိွပဲ မ်ားစြာေသာအလုပ္ေတြကို တစ္ေယာက္တည္းဦးစီးလုပ္ကိုင္ေနရေပမယ့္ ခိုင္နွင္းေဝကေတာ့ သူမရဲ့ဘဝေလးကို ေက်နပ္ေနတာပဲ ျဖစ္ပါတယ္။ ဒီကေန့ ေအာက္တုိဘာ (၁) ရက္ေန့ လစာထုတ္ရက္မွာေတာ့ ခိုင္နွင္းေဝက အလွဴရွင္ေတြရဲ့ ေက်းဇူးေၾကာင့္ Covid ကာလမွာ အစစအရာရာၾကပ္တည္းေပမယ့္ ဝန္ထမ္းအင္အားလည္းမေလွ်ာ့သလို ဝန္ထမ္းလစာေတြလည္းမေလွ်ာ့ေပးဘူးဆိုျပီး အခုလိုပဲ ေျပာလာပါတယ္။

“ကိုဗစ္ရဲ႕ အားေပးမႈေၾကာင့္ လစာထုတ္ေပးရမဲ့ လကုန္ရက္ေတြဆို ဟိုးအရင္တုန္းကလို ေဘာက္ဆူးေလးေတြမဲေဖာက္ၿပီး ေပ်ာ္ၾကရႊင္ၾကေတြေတြမရွိေတာ့ တာၾကာေပါ့။ ကတုန္ကရင္ေန႔စြဲေလးမျဖစ္ေအာင္ လကုန္ရက္ကို အၿမဲ အျပံဳးေလးနဲ႔ ျဖတ္သန္းႏိုင္ေအာင္ ကၽြန္မႀကိဳးစားတယ္.ဝန္ထမ္းေတြလဲမေလွ်ာ့ဘူး။ ဝန္ထမ္းလစာလဲေလွ်ာ့မေပးဘူး။ဝန္ထမ္းေတြရိကၡာေရာ ကေလးေတြရိကၡာေရာ အစစျပည့္စံုတယ္မဟုတ္ေပမဲ့ မပူပင္ရေအာင္ ထားေပးႏိုင္ခဲ့တယ္။ အခုခ်ိန္မွာ ဒါေတြအားလံုး အပူအပင္မရွိေအာင္ ကၽြန္မ အသက္ရႈေခ်ာင္ရသလို ကေလးေတြကို ျဖည့္ဆည္းေပးၾကတဲ့ အလႉရွင္မ်ားရဲ႕ ေစတနာေမတၱာေတြေၾကာင့္ပါ။ ဝန္ထမ္း ၁၆ ေယာက္ႏွင့္ ကေလး ၃၅ ေယာက္ ပါဝင္တဲ့ ကၽြန္မတို႔ ခိုင္မိသားစု ေဂဟာကို ၾကည့္ရႈေစာင့္ေရွာက္ေပးၾကတဲ့ ေစတနာရွင္ အလႉရွင္မ်ားရဲ႕ ေက်းဇူးတရားေတြကိုအသိအမွတ္ျပဳေပးရင္း တူေသာအက်ိဳးေက်းဇူးမ်ားရရွိစံစားႏိုင္ပါေစလို႔ ဆုေတာင္းေမတၱာပို႔သေပးပါတယ္ရွင္ ” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေက်းဇူးတင္စကားေျပာလာတာပဲ ျဖစ္ပါတယ္။

ခိုင္နွင္းေဝကေတာ့ သူမဆီမွာ လာေရာက္လွဴဒါန္းၾကတဲ့ (၇) ရက္သားသမီး အလွဴရွင္ေတြေၾကာင့္ ဝန္ထမ္းေတြနဲ့ ကေလးေတြအတြက္ ျဖည့္စည္းေပးနိုင္တာကိုပဲ ဝမ္းသာမဆံုးျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Khine Hnin Wai’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကိုဗစ်ကာလမှာ အစစအရာရာကြပ်တည်းပေမယ့် ဝန်ထမ်းအင်အားလည်းမလျှော့သလို ဝန်ထမ်းလစာတွေလည်းမလျှော့ပေးဘူးဆိုတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် မင်းသမီးချောလေး ခိုင်နှင်းဝေက တစ်ချိန်က အပြုံးချိုချို၊ ဆံသားရှည်ရှည်နဲ့ ပုရိသတွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ အနုပညာလုပ်ငန်းတွေနဲ့အတူတူ ပရဟိတလုပ်ငန်းတွေကိုပါ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ နားချိန်မရှိပဲ များစွာသောအလုပ်တွေကို တစ်ယောက်တည်းဦးစီးလုပ်ကိုင်နေရပေမယ့် ခိုင်နှင်းဝေကတော့ သူမရဲ့ဘဝလေးကို ကျေနပ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာ (၁) ရက်နေ့ လစာထုတ်ရက်မှာတော့ ခိုင်နှင်းဝေက အလှူရှင်တွေရဲ့ ကျေးဇူးကြောင့် Covid ကာလမှာ အစစအရာရာကြပ်တည်းပေမယ့် ဝန်ထမ်းအင်အားလည်းမလျှော့သလို ဝန်ထမ်းလစာတွေလည်းမလျှော့ပေးဘူးဆိုပြီး အခုလိုပဲ ပြောလာပါတယ်။

“ကိုဗစ်ရဲ့ အားပေးမှုကြောင့် လစာထုတ်ပေးရမဲ့ လကုန်ရက်တွေဆို ဟိုးအရင်တုန်းကလို ဘောက်ဆူးလေးတွေမဲဖောက်ပြီး ပျော်ကြရွှင်ကြတွေတွေမရှိတော့ တာကြာပေါ့။ ကတုန်ကရင်နေ့စွဲလေးမဖြစ်အောင် လကုန်ရက်ကို အမြဲ အပြုံးလေးနဲ့ ဖြတ်သန်းနိုင်အောင် ကျွန်မကြိုးစားတယ်.ဝန်ထမ်းတွေလဲမလျှော့ဘူး။ ဝန်ထမ်းလစာလဲလျှော့မပေးဘူး။ဝန်ထမ်းတွေရိက္ခာရော ကလေးတွေရိက္ခာရော အစစပြည့်စုံတယ်မဟုတ်ပေမဲ့ မပူပင်ရအောင် ထားပေးနိုင်ခဲ့တယ်။ အခုချိန်မှာ ဒါတွေအားလုံး အပူအပင်မရှိအောင် ကျွန်မ အသက်ရှုချောင်ရသလို ကလေးတွေကို ဖြည့်ဆည်းပေးကြတဲ့ အလှူရှင်များရဲ့ စေတနာမေတ္တာတွေကြောင့်ပါ။ ဝန်ထမ်း ၁၆ ယောက်နှင့် ကလေး ၃၅ ယောက် ပါဝင်တဲ့ ကျွန်မတို့ ခိုင်မိသားစု ဂေဟာကို ကြည့်ရှုစောင့်ရှောက်ပေးကြတဲ့ စေတနာရှင် အလှူရှင်များရဲ့ ကျေးဇူးတရားတွေကိုအသိအမှတ်ပြုပေးရင်း တူသောအကျိုးကျေးဇူးများရရှိစံစားနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပေးပါတယ်ရှင် ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ကျေးဇူးတင်စကားပြောလာတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ သူမဆီမှာ လာရောက်လှူဒါန်းကြတဲ့ (၇) ရက်သားသမီး အလှူရှင်တွေကြောင့် ဝန်ထမ်းတွေနဲ့ ကလေးတွေအတွက် ဖြည့်စည်းပေးနိုင်တာကိုပဲ ဝမ်းသာမဆုံးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Khine Hnin Wai’s fb
Bilie – Cele Connections