နိုင္ငံေက်ာ္ အကယ္ဒမီမ်ားရွင္ မို့မို့ျမင့္ေအာင္ကေတာ့ သရုပ္ေဆာင္ပညာမွာ သမၻာေရာ ဝါေရာ ရင့္သူတစ္ေယာက္မုိ့ ဂ်ဴနီယာမ်ားက ေလးစားရတဲ့ မင္းသမီးၾကီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ မို့မို့ျမင့္ေအာင္က အခုလက္ရိွမွာ သူမကုိယ္တိုင္လည္း ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာ ပါဝင္သရုပ္ေဆာင္ေနဆဲ ျဖစ္သလို တက္သစ္စသရုပ္ေဆာင္ေတြကိုလည္း သရုပ္ေဆာင္ပညာကို သင္ၾကားေပးေနတာပဲ ျဖစ္ပါတယ္။

မေန့က စက္တင္ဘာလ (၃၀) ရက္ေန့မွာေတာ့ မို့မို့ျမင့္ေအာင္ရဲ့ မိခင္ၾကီးက လူၾကီးေရာဂါနဲ့ ကြယ္လြန္သြားခဲ့ရွာတာျဖစ္ပါတယ္။ မို့မို့ျမင့္ေအာင္ရဲ့ ဆံုးရႈံးမႈၾကီးအတြက္ အနုပညာညီအစ္ကိုေမာင္နွမေတြျဖစ္ၾကတဲ့ ခိုင္သင္းၾကည္၊ ထြန္းအိျႏၵာဗိုလ္၊ ေက်ာ္သူ၊ ရေဝေအာင္၊ ဥကၠာမင္းေမာင္တို့အျပင္ မို့မို့ျမင့္ေအာင္ရဲ့ သားတပည့္သားသမီးေတြျဖစ္ၾကတဲ့ ေက်ာ္ထက္ေဇာ္၊ ဘုန္းရွိန္ခန့္၊ သြန္းသစၥာေဇာ္၊ ေအာင္ေရခ်မ္း၊ ေက်ာ္ဆု၊ စည္သူဝင္းစတဲ့ MRTV-4 မင္းသား မင္းသမီးေတြကလည္း ဝမ္းနည္းေၾကာင္း ေျပာခဲ့ပါတယ္။

မို့မို့ျမင့္ေအာင္ မိခင္ၾကီးရဲ့ နာေရးအခမ္းအနားကို ဒီကေန့ ေအာက္တိုဘာလ (၁) ရက္ေန့ မြန္းလြဲ(၃) နာရီမွာ ေရေဝးသုသာန္မွာ ျပဳလုပ္သြားမွာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း မို့မို့ျမင့္ေအာင္နဲ့ ထပ္တူဝမ္းနည္းစြာ ခံစားေနရမယ္လို့ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Academy Moht Moht Myint Aung’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့ မု့ိမို့မြင့်အောင်ရဲ့ မိခင်ကြီးအတွက် ဝမ်းနည်းစိတ်မကောင်းကြောင်း ဖော်ထုတ်ပြောလာကြတဲ့ အနုပညာရှင်များ

နိုင်ငံကျော် အကယ်ဒမီများရှင် မို့မို့မြင့်အောင်ကတော့ သရုပ်ဆောင်ပညာမှာ သမ္ဘာရော ဝါရော ရင့်သူတစ်ယောက်မို့ ဂျူနီယာများက လေးစားရတဲ့ မင်းသမီးကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မို့မို့မြင့်အောင်က အခုလက်ရှိမှာ သူမကိုယ်တိုင်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေဆဲ ဖြစ်သလို တက်သစ်စသရုပ်ဆောင်တွေကိုလည်း သရုပ်ဆောင်ပညာကို သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။

မနေ့က စက်တင်ဘာလ (၃၀) ရက်နေ့မှာတော့ မို့မို့မြင့်အောင်ရဲ့ မိခင်ကြီးက လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ရှာတာဖြစ်ပါတယ်။ မို့မို့မြင့်အောင်ရဲ့ ဆုံးရှုံးမှုကြီးအတွက် အနုပညာညီအစ်ကိုမောင်နှမတွေဖြစ်ကြတဲ့ ခိုင်သင်းကြည်၊ ထွန်းအိန္ဒြာဗိုလ်၊ ကျော်သူ၊ ရဝေအောင်၊ ဥက္ကာမင်းမောင်တို့အပြင် မို့မို့မြင့်အောင်ရဲ့ သားတပည့်သားသမီးတွေဖြစ်ကြတဲ့ ကျော်ထက်ဇော်၊ ဘုန်းရှိန်ခန့်၊ သွန်းသစ္စာဇော်၊ အောင်ရေချမ်း၊ ကျော်ဆု၊ စည်သူဝင်းစတဲ့ MRTV-4 မင်းသား မင်းသမီးတွေကလည်း ဝမ်းနည်းကြောင်း ပြောခဲ့ပါတယ်။

မို့မို့မြင့်အောင် မိခင်ကြီးရဲ့ နာရေးအခမ်းအနားကို ဒီကနေ့ အောက်တိုဘာလ (၁) ရက်နေ့ မွန်းလွဲ(၃) နာရီမှာ ရေဝေးသုသာန်မှာ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မို့မို့မြင့်အောင်နဲ့ ထပ်တူဝမ်းနည်းစွာ ခံစားနေရမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Academy Moht Moht Myint Aung’s fb
Bilie – Cele Connections