


ယူနီကုဒ်ဖြင့်ဖတ်ရန်

ခင်ပွန်းဖြစ်သူကို တင်းတင်းကြပ်ကြပ်သိုင်းဖက်ပြီး ကလေးလေးတစ်ယောက်လို အချွဲပိုနေတဲ့ ယွန်းဝတီလွင်မိုးရဲ့ ဗီဒီယို

မင်းသားကြီး လွင်မိုးရဲ့ သမီးကြီးဖြစ်သူ ယွန်းဝတီလွင်မိုးက ဆယ်ကျော်သက်အရွယ်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို အပြည့်အဝ ခံထားရသူလေး ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်အတွင်းမှာ အိမ်ထောင်ကျခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက လက်ရှိမှာတော့ သူမရဲ့ မိသားစုတွေနဲ့ ခွဲခွာပြီး သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ခင်ပွန်းဖြစ်သူနဲ့အတူတူ ကျောင်းသွားတက်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိ သြစတေးလျနိုင်ငံမှာ နှစ်ယောက်တည်းနေထိုင်နေတဲ့ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက် အဖော်ပြုရင်းသာ ဖြတ်သန်းနေလျက်ရှိပါတယ်။ ဒီကနေ့မှာလည်း ယွန်းဝတီလွင်မိုးက ဂိမ်းဆော့နေတဲ့ ခင်ပွန်းဖြစ်သူကို တင်းတင်းကြပ်ကြပ်သိုင်းဖက်ပြီး ကလေးလေးတစ်ယောက်လို အချွဲပိုနေတဲ့ ဗီဒီယိုလေးကို သူမရဲ့ အင်စတာဂရမ်စာမျက်နှာကနေ အခုလိုပဲ မျှဝေလာတာကို တွေ့ရပါတယ်။

ယွန်းဝတီလွင်မိုးနဲ့ သူမရဲ့ ခင်ပွန်း ကိုထက်ဦးလှိုင်တို့ကတော့ ငယ်ငယ်ကတည်းက ခင်မင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အိမ်ထောင်ကျသွားတဲ့အချိန်မှာလည်း သံယောဇဉ်တွေ ပိုလို့တောင် တိုးလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Yun Wady Lwin Moe’s ig
Bilie – Cele Connections