


ယူနီကုဒ်ဖြင့်ဖတ်ရန်

ရုပ်ရှင်ရိုက်စဉ်အချိန်တွေကတည်းက အခု ရတနာပစ္စည်းတွေရောင်းပေးတဲ့အချိန်ထိ ပရိသတ်အတွက် အမှတ်တရလက်မှတ်တွေထိုးပေးနေရတယ်ဆိုတဲ့ ထက်ထက်မိုးဦး

တစ်ချိန်က ပရိသတ်တွေ ပါးစပ်ဖျားမှာ ထက်ထက်ရယ်လို့ နာမည်တစ်လုံးနဲ့ ကျော်ကြားခဲ့တဲ့ ထက်ထက်မိုးဦးက ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေအပေါ် လွှမ်းမိုးမှုရှိနေဆဲ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက အသက်အရွယ်တွေသာ ပြောင်းလဲသွားခဲ့ပေမယ့် သူမရဲ့ ငယ်စဉ်က ဟန်ပန်အမူအယာလေးတွေကတော့ လုံးဝပျောက်ကွယ်သွားခြင်းမရှိတာကြောင့် လူကြီး၊ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ထက်ထက်ကလည်း ကျန်းမာရေးအခြေအနေအရမ်းကြီးမကောင်းပေမယ့် ပရိသတ်အတွက် ကြိုးစားပြီး အလုပ်တွေကို လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ရုပ်ရှင်ရိုက်ကူးခြင်းတွေ ရပ်နားထားတဲ့ ထက်ထက်မိုးဦးက အွန်လိုင်းမှာ ရတနာဆိုင်တွေအတွက် Live လွှင့် ဈေးရောင်းခြင်း ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ထက်ထက်မိုးဦးက ရုပ်ရှင်ရိုက်စဉ်အချိန်တွေကတည်းက အခု ရတနာပစ္စည်းတွေရောင်းပေးတဲ့အချိန်ထိ ပရိသတ်အတွက် အမှတ်တရလက်မှတ်တွေထိုးပေးနေရတဲ့အကြောင်းကို “ရုပ်ရှင်တွေရိုက်တုန်းက ချစ်တဲ့ပရိတ်သတ်တွေနဲ့ တွေ့တဲ့အခါ လက်မှတ်ထိုးခိုင်းတော့ ပျော်ပြီးလက်မှတ်ထိုးပေးခဲ့သလိုမျိုး ခုလည်းရတနာတွေရောင်းရင်း လက်မှတ်ထိုးခိုင်းတော့ ပျော်ပြီးထိုးနေပါတယ်လို့ 💕” ဆိုပြီး ပြောလာပါတယ်။

ထက်ထက်မိုးဦးကတော့ သူမကို ဒီနေ့ဒီအချိန်ထိ အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကြောင့် အပျော်တွေနဲ့ လက်မှတ်တွေ စိတ်ရှည်လက်ရှည်ထိုးပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ချစ်တဲ့ ထက်ထက်တစ်ယောက် ဒီထက်မက အလုပ်တွေအများကြီး လုပ်ကိုင်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb
Bilie – Cele Connections