ခ်စ္စရာေကာင္းတဲ့ မြန္မေလး ေဝလာရီကေတာ့ သြက္လက္ခ်က္ခ်ာျပီး ဟန္ေဆာင္မႈမရိွတာေၾကာင့္ ပရိသတ္ေတြရဲ့ ခ်စ္ခင္မႈကို အျပည့္အဝရရိွထားသူေလး ျဖစ္ပါတယ္။ ေဝလာရီက သရုပ္ေဆာင္ေကာင္းရံုသာမက သီခ်င္းဆိုလည္းေကာင္းတာေၾကာင့္ ဂီတေလာကမွာပါ ေအာင္ျမင္စျပဳေနသူေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေဝလာရီကေတာ့ အနုပညာမွာ ထူးခၽြန္ေအာင္ အျမဲတမ္း ၾကိဳးစားေနသလို ပရိသတ္ေတြအတြက္လည္း အားေပးရက်ိုးနပ္တဲ့ အနုပညာရွင္တစ္ေယာက္အျဖစ္ အျမဲတမ္းသင္ယူေနလ်က္ရိွပါတယ္။

ဒီကေန့ ေအာက္တိုဘာလ (၁) ရက္ေန့ကေတာ့ ေဝလာရီရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ေဝလာရီက သူမရဲ့ ေမြးေန့အမွတ္ရအျဖစ္ ” ေဖာင္ႀကီး Covid -19 ကုသေရးဌာန သို႔ သြားေရာက္ၿပီး Gold Roast ေကာ္ဖီမစ္ Packing 180 ထုပ္၊ Coolte မုန္႔ packing 130 ထုပ္၊ Pep ႏို႔ဘူး 250 ဘူး၊ Pure Plus Hand Gel 350 ဘူး၊ Jasmine ေသာက္ေရသန္႔ ဘူး 400 ေက်ာ္၊ Ve Ve အခ်ိဳရည္ ဘူး 300 တို႔ကို လႈဒါန္းခဲ့ပါတယ္။ ရီမာ ပရဟိတေက်ာင္း ကိုလည္း ဆန္၊ ဆီ၊ Jasmine ေသာက္ေရသန္႔ ၊ မုန္႔၊ VeVe အခ်ိဳရည္၊ Pep ႏို႔ဘူး၊ Pure Plus Hands Gel တို႔ကို သြားေရာက္လႈဒါန္းခဲ့ပါတယ္ရွင္။ ပါဝင္လႈဒါန္းေပးၾကတဲ့ လုပ္ငန္းရွင္မ်ားအားလုံးနဲ႔တကြ ၇ ရက္သားသမီး မ်ားအားလုံး ကုသိုလ္ ထပ္တူရပါေစ။” ဆိုျပီး သူမရဲ့ ကုသိုလ္ေလးကို မွ်ေဝေပးထားပါတယ္။

ေဝလာရီကေတာ့ သူမရဲ့ ေမြးေန့မွာ အမွန္တကယ္လိုအပ္ေနတဲ့ ေနရာေတြမွာ သြားေရာက္ လွဴဒါန္းရင္း ကုသုိလ္ယူခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေမြးေန့ရွင္ေလး ေဝလာရီရဲ့ ေမြးေန့ေလးကို ဆုမြန္ေကာင္းေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Wai Lar Ri’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မွေးနေ့အမှတ်တရအနေနဲ့ ဖောင်ကြီး ကိုဗစ်ကုသရေးဌာနနဲ့ ပရဟိတကျောင်းတို့ကို ကိုယ်တိုင်သွားရောက်ပြီး စားသောက်ကုန်ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ ဝေလာရီ

ချစ်စရာကောင်းတဲ့ မွန်မလေး ဝေလာရီကတော့ သွက်လက်ချက်ချာပြီး ဟန်ဆောင်မှုမရှိတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားသူလေး ဖြစ်ပါတယ်။ ဝေလာရီက သရုပ်ဆောင်ကောင်းရုံသာမက သီချင်းဆိုလည်းကောင်းတာကြောင့် ဂီတလောကမှာပါ အောင်မြင်စပြုနေသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝေလာရီကတော့ အနုပညာမှာ ထူးချွန်အောင် အမြဲတမ်း ကြိုးစားနေသလို ပရိသတ်တွေအတွက်လည်း အားပေးရကျိုးနပ်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် အမြဲတမ်းသင်ယူနေလျက်ရှိပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁) ရက်နေ့ကတော့ ဝေလာရီရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဝေလာရီက သူမရဲ့ မွေးနေ့အမှတ်ရအဖြစ် ” ဖောင်ကြီး Covid -19 ကုသရေးဌာန သို့ သွားရောက်ပြီး Gold Roast ကော်ဖီမစ် Packing 180 ထုပ်၊ Coolte မုန့် packing 130 ထုပ်၊ Pep နို့ဘူး 250 ဘူး၊ Pure Plus Hand Gel 350 ဘူး၊ Jasmine သောက်ရေသန့် ဘူး 400 ကျော်၊ Ve Ve အချိုရည် ဘူး 300 တို့ကို လှုဒါန်းခဲ့ပါတယ်။ ရီမာ ပရဟိတကျောင်း ကိုလည်း ဆန်၊ ဆီ၊ Jasmine သောက်ရေသန့် ၊ မုန့်၊ VeVe အချိုရည်၊ Pep နို့ဘူး၊ Pure Plus Hands Gel တို့ကို သွားရောက်လှုဒါန်းခဲ့ပါတယ်ရှင်။ ပါဝင်လှုဒါန်းပေးကြတဲ့ လုပ်ငန်းရှင်များအားလုံးနဲ့တကွ ၇ ရက်သားသမီး များအားလုံး ကုသိုလ် ထပ်တူရပါစေ။” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို မျှဝေပေးထားပါတယ်။

ဝေလာရီကတော့ သူမရဲ့ မွေးနေ့မှာ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေမှာ သွားရောက် လှူဒါန်းရင်း ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မွေးနေ့ရှင်လေး ဝေလာရီရဲ့ မွေးနေ့လေးကို ဆုမွန်ကောင်းတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Wai Lar Ri’s fb
Bilie – Cele Connections