မင္းသား၊ ဒါရိုက္တာၾကီး ဦးေက်ာ္သူကေတာ့ အခုဆိုရင္ အသက္ (၆၀) ေက်ာ္အရြယ္ကိုေရာက္ရိွေနျပီျဖစ္ျပီး အနုပညာအလုပ္ေတြတစ္ဖက္နဲ့ ပရဟိတအလုပ္ေတြကို ေအးေအးခ်မ္းခ်မ္း လုပ္ကိုင္ေနလ်က္ရိွပါတယ္။ နာေရးကူညီမႈအသင္း (ရန္ကုန္) ရဲ့ ဥကၠဠအျဖစ္ ေဆာင္ရြက္ေနတဲ့ ေက်ာ္သူက သူကိုယ္တိုင္လည္း အမ်ားအက်ိဳးကို ကူညီေနရင္း ေပ်ာ္ေမြ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာလည္း ေက်ာ္သူက သူကိုယ္တိုင္ လွဴဒါန္းခဲ့တဲ့ အလွဴေလးအေၾကာင္းကို အခုလိုပဲ ေျပာလာပါတယ္။

“ကိုယ္ပိုင္ေခြၽးနည္းစာျဖင့္ ကိုယ္တိုင္မွာ၊ ကိုယ္တိုင္ထည့္၊ကိုယ္တိုင္ထုပ္ပိုးၿပီးလႉရတဲ့ ဆန္ပီတိပါဗ်ာ။ကိုဗစ္ကာလအတြင္း ဝမ္းေရးအဆင္ေျပေစဖို႔အတြက္ မိသားစုအလႉအျဖစ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ကိုေက်ာ္ထူး ထံမွ ဆန္အိတ္၂၈အိတ္မွာယူၿပီး မရမ္းကုန္းၿမိဳ႕နယ္၊၅ရပ္ကြက္ အတြင္းရွိ အေျခခံလူတန္းစားမိသားစု (၁၃၈) စု၊လူဦးေရ (၆၀၀) ေက်ာ္တို႔ အား လူတစ္ဦးလွ်င္ ဆန္တစ္ျပည္က် ေဝငွလႉဒါန္းေပးခဲ့ပါသည္။ျပည္သူလူထုတို႔၏ ဝမ္းသာအားရဆုေတာင္းေပးသံတို႔ကို တစ္ဆင့္ျပန္ၾကားရ၍ မ်ားစြာပီတိျဖစ္မိပါသည္။ က်န္းမာခ်မ္းသာ၍ ကပ္ေဘးဒုကၡမွလြတ္ေျမာက္ၾကၿပီး ေသာကကင္းေဝးၿငိမ္းခ်မ္းစြာ ဆႏၵမဲမ်ားေပးႏိုင္ၾကပါေစ။” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ေရးသားထားပါတယ္။

ဦးေက်ာ္သူကေတာ့ သူ့ရဲ့ ကိုယ္ပိုင္ေခၽြးနည္းစာနဲ့ ကိုယ္တိုင္ထုပ္ပိုးျပီး အစအဆံုး ကုသိုလ္ယူခြင့္ရတဲ့ အလွဴေလးကို ပီတိျဖစ္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဦးေက်ာ္သူရဲ့ မြန္ျမတ္လွတဲ့ ကုသုိလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Kyaw Thu ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လူဦးရေ(၆၀၀) ကျော်ကိုလှူဒါန်းဖို့ ကျော်ထူးထံက ဆန်အိတ်တွေဝယ်ယူပြီး ကိုယ်တိုင်ကိုယ်ကျထုပ်ပိုး လှူဒါန်းခဲ့တဲ့ ကျော်သူ

မင်းသား၊ ဒါရိုက်တာကြီး ဦးကျော်သူကတော့ အခုဆိုရင် အသက် (၆၀) ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး အနုပညာအလုပ်တွေတစ်ဖက်နဲ့ ပရဟိတအလုပ်တွေကို အေးအေးချမ်းချမ်း လုပ်ကိုင်နေလျက်ရှိပါတယ်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဠအဖြစ် ဆောင်ရွက်နေတဲ့ ကျော်သူက သူကိုယ်တိုင်လည်း အများအကျိုးကို ကူညီနေရင်း ပျော်မွေ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ကျော်သူက သူကိုယ်တိုင် လှူဒါန်းခဲ့တဲ့ အလှူလေးအကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

“ကိုယ်ပိုင်ချွေးနည်းစာဖြင့် ကိုယ်တိုင်မှာ၊ ကိုယ်တိုင်ထည့်၊ကိုယ်တိုင်ထုပ်ပိုးပြီးလှူရတဲ့ ဆန်ပီတိပါဗျာ။ကိုဗစ်ကာလအတွင်း ဝမ်းရေးအဆင်ပြေစေဖို့အတွက် မိသားစုအလှူအဖြစ် ရုပ်ရှင်သရုပ်ဆောင်ကိုကျော်ထူး ထံမှ ဆန်အိတ်၂၈အိတ်မှာယူပြီး မရမ်းကုန်းမြို့နယ်၊၅ရပ်ကွက် အတွင်းရှိ အခြေခံလူတန်းစားမိသားစု (၁၃၈) စု၊လူဦးရေ (၆၀၀) ကျော်တို့ အား လူတစ်ဦးလျှင် ဆန်တစ်ပြည်ကျ ဝေငှလှူဒါန်းပေးခဲ့ပါသည်။ပြည်သူလူထုတို့၏ ဝမ်းသာအားရဆုတောင်းပေးသံတို့ကို တစ်ဆင့်ပြန်ကြားရ၍ များစွာပီတိဖြစ်မိပါသည်။ ကျန်းမာချမ်းသာ၍ ကပ်ဘေးဒုက္ခမှလွတ်မြောက်ကြပြီး သောကကင်းဝေးငြိမ်းချမ်းစွာ ဆန္ဒမဲများပေးနိုင်ကြပါစေ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဦးကျော်သူကတော့ သူ့ရဲ့ ကိုယ်ပိုင်ချွေးနည်းစာနဲ့ ကိုယ်တိုင်ထုပ်ပိုးပြီး အစအဆုံး ကုသိုလ်ယူခွင့်ရတဲ့ အလှူလေးကို ပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဦးကျော်သူရဲ့ မွန်မြတ်လှတဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Kyaw Thu ‘s fb
Bilie – Cele Connections