



ယူနီကုဒ်ဖြင့်ဖတ်ရန်

မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီး ဝတ်မှုံရွှေရည်နဲ့ အမှတ်မထင်ဆုံတွေ့ခွင့်ရလို့ မယုံကြည်နိုင်လောက်အောင် အံ့သြဝမ်းသာခဲ့တဲ့ Sinon Loresca

မြန်မာပရိသတ်တွေသာမက ကမ္ဘာအရပ်ရပ်က ပရိသတ်တွေ ချစ်ပြီးသား ဖိလစ်ပိုင် Catwalk Model Sinon Loresca က လက်ရှိမှာတော့ မြန်မာနိုင်ငံကို သံယောဇဉ်ဖြစ်ပြီး နေထိုင်နေတာ တစ်နှစ်ကျော်အချိန်တောင်ရှိနေပြီပဲ ဖြစ်ပါတယ်။ Sinon Loresca က မြန်မာနိုင်ငံက ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေသလို သူချစ်တဲ့ မြန်မာပြည်ကြီးက နေရာဒေသအနှံ့မှာ အလှူအတန်းတွေ ပြုလုပ်ရင်း ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ Sinon Loresca ကတော့ မြန်မာပြည်မှာမွေးဖွားသူတစ်ယောက်မဟုတ်ပေမယ့် မြန်မာလူမျိုးတွေကို အရမ်းချစ်တတ်သူတစ်ယောက် ဖြစ်ပါတယ်။

မြန်မာလူမျိုးတွေကိုချစ်သလို မြန်မာအနုပညာရှင်တွေနဲ့ ဆုံတွေ့မှုတွေကိုလည်း ဂုဏ်ယူတတ်တဲ့ Sinon Loresca က ဒီတစ်ခေါက်မှာလည်း မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီး ဝတ်မှုံရွှေရည်နဲ့ ဆုံတွေ့ခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။ Sinon Loresca က “Myanmar မှာ အားကျစရာအကောင်းဆုံး မင်းသမီးတစ်ယောက်နဲ့ တွေ့လိုက်ရသောအခါ Amazing Feelings 🤩 အရမ်းချစ်တယ် ‘’ Wutt Hmone Shwe Yi ‘’ ♥️” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

Sinon Loresca ကတော့ သူကိုယ်တိုင် ကမ္ဘာသိတဲ့ ဆယ်လီ၊ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် မြန်မာပြည်က ထိပ်တန်းမင်းသမီး ဝတ်မှုံရွှေရည်နဲ့ ဆုံတွေစဉ်မှာ အတိုင်းမသိဝမ်းသာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်နဲ့ Sinon Loresca တို့ရဲ့ ဆုံတွေ့မှုကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sinon Loresca’s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

error: Alert: Content is protected !!