အလုပ္သြားတဲ့ ေလယာဥ္မယ္ ဇနီးသည္ကို စိတ္မခ်လြန္းလို႔ တစ္ညလံုးမအိပ္ပဲ ေလဆိပ္မွာသြားေစာင့္ေနခဲ့တယ္ဆိုတဲ့ ႏိုင္းဝမ္း

အဆိုေတာ္ ႏိုင္းဝမ္းကေတာ့ လူငယ္တစ္ေယာက္ပီပီ Rap သီခ်င္းေတြကို သီဆိုရင္း ေအာင္ျမင္လာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္၊ ႏိုင္းဝမ္းက ၿပီးခဲ့တဲ့ ဒီဇင္ဘာလအတြင္းက လက္ထပ္ခဲ့ၿပီျဖစ္ၿပီး အခုဆိုရင္ သူ႔ရဲ႕ ၾကင္စဦးအိမ္ေထာင္သည္ဘဝကို ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ခ်စ္သူဘဝကတည္းက မိန္းကေလးကို အရမ္းခ်စ္ၿပီး ဂ႐ုစိုက္လြန္းတဲ့ ႏိုင္းဝမ္းက အိမ္ေထာင္က်ၿပီးသြားခ်ိန္မွာလည္း ခ်စ္ဇနီးကို မ်က္စိေအာက္က အေပ်ာက္မခံႏိုင္ေအာင္ ခ်စ္သူျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ႏိုင္းဝမ္းက အလုပ္သြားတဲ့ ေလယာဥ္မယ္ ဇနီးသည္ကို စိတ္မခ်လြန္းလို႔ တစ္ညလံုးမအိပ္ပဲ ေလဆိပ္မွာသြားေစာင့္ေနခဲ့တယ္ဆိုတဲ့အေၾကာင္းကို အခုလိုပဲ ေျပာျပလာပါတယ္။

ႏိုင္းဝမ္းက “မိန္းမကိုသိပ္ခ်စ္လြန္းေတာ့လဲ သူအလုပ္ၿပီးလို့ဖယ္ရီနဲ႔အိမ္ျပန္မလာေစခ်င္လို့ တစ္ညလုံးမအိပ္ပဲ မိန္းမျမန္မာျပည္ျပန္ေရာက္မဲ့အခ်ိန္ကို ဘယ္သူမွမရွိတဲ့ေလဆိပ္ႀကီးေရွ႕မွာလာထိုင္ေစာင့္ေနတတ္တာမ်ိဳး😇​ေလယာဥ္ပ်ံႀကီးေျမေပၚမဆင္းလာမခ်င္း စိတ္ပူပန္ေနမိတဲ့ဖီလင္က ေျပာျပလို့ေတာင္မတတ္ဘူး❣️ဒီခံစားခ်က္ေလးနဲ႔ သီခ်င္းေလးတစ္ပုဒ္ေလာက္ ေရးၾကည့္အုံးမွပါေလ🥰” ဆိုၿပီး ပရိသတ္ေတြ အားက်ရေအာင္ ေျပာလာတာကို ေတြ႔ရပါတယ္။

ႏိုင္းဝမ္းကေတာ့ သူ႔ရဲ႕ ဇနီးသည္အေပၚ ခ်စ္ျခင္းေမတၱာေတြ ေပးထားရံုသာမက သူ႔ရဲ႕ ဘဝႀကီးတစ္ခုလံုးကိုရင္းၿပီးခ်စ္တယ္ဆိုတာ ေျပာဖို႔ေတာင္ လိုမယ္မထင္ပါဘူး။ ပရိသတ္ႀကီးလည္း ခ်စ္တတ္လြန္းသူႀကီး ႏိုင္းဝမ္းကိုၾကည့္ၿပီး သေဘာက်ေနၾကမယ္ ထင္ပါတယ္။ ဖတ္႐ႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလံုး သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Kyaw Zin Latt’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အလုပ်သွားတဲ့ လေယာဉ်မယ် ဇနီးသည်ကို စိတ်မချလွန်းလို့ တစ်ညလုံးမအိပ်ပဲ လေဆိပ်မှာသွားစောင့်နေခဲ့တယ်ဆိုတဲ့ နိုင်းဝမ်း

အဆိုတော် နိုင်းဝမ်းကတော့ လူငယ်တစ်ယောက်ပီပီ Rap သီချင်းတွေကို သီဆိုရင်း အောင်မြင်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်၊ နိုင်းဝမ်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက လက်ထပ်ခဲ့ပြီဖြစ်ပြီး အခုဆိုရင် သူ့ရဲ့ ကြင်စဦးအိမ်ထောင်သည်ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ချစ်သူဘဝကတည်းက မိန်းကလေးကို အရမ်းချစ်ပြီး ဂရုစိုက်လွန်းတဲ့ နိုင်းဝမ်းက အိမ်ထောင်ကျပြီးသွားချိန်မှာလည်း ချစ်ဇနီးကို မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်သူဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း နိုင်းဝမ်းက အလုပ်သွားတဲ့ လေယာဉ်မယ် ဇနီးသည်ကို စိတ်မချလွန်းလို့ တစ်ညလုံးမအိပ်ပဲ လေဆိပ်မှာသွားစောင့်နေခဲ့တယ်ဆိုတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။

နိုင်းဝမ်းက “မိန်းမကိုသိပ်ချစ်လွန်းတော့လဲ သူအလုပ်ပြီးလို့ဖယ်ရီနဲ့အိမ်ပြန်မလာစေချင်လို့ တစ်ညလုံးမအိပ်ပဲ မိန်းမမြန်မာပြည်ပြန်ရောက်မဲ့အချိန်ကို ဘယ်သူမှမရှိတဲ့လေဆိပ်ကြီးရှေ့မှာလာထိုင်စောင့်နေတတ်တာမျိုး😇လေယာဉ်ပျံကြီးမြေပေါ်မဆင်းလာမချင်း စိတ်ပူပန်နေမိတဲ့ဖီလင်က ပြောပြလို့တောင်မတတ်ဘူး❣️ဒီခံစားချက်လေးနဲ့ သီချင်းလေးတစ်ပုဒ်လောက် ရေးကြည့်အုံးမှပါလေ🥰” ဆိုပြီး ပရိသတ်တွေ အားကျရအောင် ပြောလာတာကို တွေ့ရပါတယ်။

နိုင်းဝမ်းကတော့ သူ့ရဲ့ ဇနီးသည်အပေါ် ချစ်ခြင်းမေတ္တာတွေ ပေးထားရုံသာမက သူ့ရဲ့ ဘဝကြီးတစ်ခုလုံးကိုရင်းပြီးချစ်တယ်ဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။ ပရိသတ်ကြီးလည်း ချစ်တတ်လွန်းသူကြီး နိုင်းဝမ်းကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Kyaw Zin Latt’s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

error: Alert: Content is protected !!