သမီးေလးစစ္လြန္းဝတီထက္ရဲ (၁၀)ႏွစ္ျပည့္ေမြးေန႔အတြက္ သံဃာေတာ္အပါး (၁၁၈၀) ပါးကို ဆြမ္းကပ္အလွဴလုပ္ေပးခဲ့တဲ့ စိုင္းလႊမ္း

သ႐ုပ္ေဆာင္၊ အဆိုေတာ္ စိုင္းလႊမ္းကေတာ့ ထိပ္တန္းမင္းသမီး ထက္ထက္မိုးဦးနဲ႔ ကြာ႐ွင္းၿပီးေနာက္ တစ္ဦးတည္းေသာ စစ္လြန္းဝတီထက္ကို ရင္အုပ္မကြာ ျပဳစုေစာင့္ေ႐ွာက္ေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီလ (၁၁) ရက္ေန႔ကေတာ့ စစ္လြန္းဝတီထက္ရဲ႕ (၁၀) ႏွစ္ျပည့္ေမြးေန႔ေလးပဲျဖစ္ၿပီး စိုင္းလႊမ္းက သမီးေလးရဲ႕ ေမြးေန႔မွာ လိုေလေသးမရိွ ျပည့္စံုေအာင္ ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။ ဒီကေန႔ ဇန္နဝါရီလ (၁၄)ရက္ေန႔မွာလည္း စိုင္းလႊမ္းက သမီးေလးစစ္လြန္းဝတီထက္ရဲ႕ ေမြးေန႔အတြက္ သံဃာေတာ္မ်ားကို ဆြမ္းကပ္ကုသိုလ္ယူခဲ့ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။

စိုင္းလႊမ္းက “သံဃာေတာ္အပါး (၁၁၈၀)ကို စစ္လြန္းေလး ၁၀ႏွစ္ျပည့္ေမြးေန႔ အလွူအျဖစ္ေန႔ဆြမ္းခဲဖြယ္ ႏွင့္အလွူေငြမ်ားကိုမဟာဂႏၶာ႐ုံေက်ာင္းတိုက္မွာ လွူဒါန္းၿပီး အမရပူရ မဟာဂႏၶာ႐ုံေက်ာင္းတိုက္ မဟာနာယက ဆရာေတာ္ဘုရားႀကီး သက္ေတာ္(၉၀)ကိုလည္းဖူးခြင့္ရခဲ့တယ္။

ဆရာေတာ္ႀကီးကလည္း အခုစိပ္ေနတဲ့ပုတီးကိုစစ္လြန္းေလးစိပ္ဖို့ ​ေမြးေန႔အထိမ္းမွတ္အျဖစ ျပန္လည္စြန႔္ေပးခဲ့တယ္။ အရမ္းပီတိျဖစ္ရတဲ့အလွူအတြက္ရယ္၊ သံဃာေတာ္ေတြဆြမ္းေလာင္း အလွူခံေနတဲ့ျမင္ကြင္း ကိုလည္း သာဓုေခၚလို့ ရေအာင္ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။ (စစ္လြန္းေလးလွူေနရင္းေတာင္းေနတဲ့ဆုေလးသိခ်င္လို့ကပ္ၿပီးနားေထာင္ၾကည့္လိုက္တယ္)” ဆိုၿပီး သမီးေလးရဲ႕ ေမြးေန႔အလွဴေလးကို မ်ွေဝေပးလာပါတယ္။

စိုင္းလႊမ္းကေတာ့ သမီးေလး စစ္လြန္းဝတီထက္ကို ဖခင္ေကာင္းတစ္ေယာက္ပီပီ ဘာသာေရးနဲ႔ ပက္သတ္ၿပီး ကုသိုလ္ယူတတ္ေအာင္လည္း သင္ၾကားေပးထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း စိုင္းလႊမ္းနဲ႔ စစ္လြန္းဝတီထက္တို႔ သားအဖႏွစ္ေယာက္ရဲ႕ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္႐ႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလံုး သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Sai Hlwan ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သမီးလေးစစ်လွန်းဝတီထက်ရဲ (၁၀)နှစ်ပြည့်မွေးနေ့အတွက် သံဃာတော်အပါး (၁၁၈၀) ပါးကို ဆွမ်းကပ်အလှူလုပ်ပေးခဲ့တဲ့ စိုင်းလွှမ်း

သရုပ်ဆောင်၊ အဆိုတော် စိုင်းလွှမ်းကတော့ ထိပ်တန်းမင်းသမီး ထက်ထက်မိုးဦးနဲ့ ကွာရှင်းပြီးနောက် တစ်ဦးတည်းသော စစ်လွန်းဝတီထက်ကို ရင်အုပ်မကွာ ပြုစုစောင့်ရှောက်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၁) ရက်နေ့ကတော့ စစ်လွန်းဝတီထက်ရဲ့ (၁၀) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပြီး စိုင်းလွှမ်းက သမီးလေးရဲ့ မွေးနေ့မှာ လိုလေသေးမရှိ ပြည့်စုံအောင် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ (၁၄)ရက်နေ့မှာလည်း စိုင်းလွှမ်းက သမီးလေးစစ်လွန်းဝတီထက်ရဲ့ မွေးနေ့အတွက် သံဃာတော်များကို ဆွမ်းကပ်ကုသိုလ်ယူခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။

စိုင်းလွှမ်းက “သံဃာတော်အပါး (၁၁၈၀)ကို စစ်လွန်းလေး ၁၀နှစ်ပြည့်မွေးနေ့ အလှူအဖြစ်နေ့ဆွမ်းခဲဖွယ် နှင့်အလှူငွေများကိုမဟာဂန္ဓာရုံကျောင်းတိုက်မှာ လှူဒါန်းပြီး အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယက ဆရာတော်ဘုရားကြီး သက်တော်(၉၀)ကိုလည်းဖူးခွင့်ရခဲ့တယ်။ ဆရာတော်ကြီးကလည်း အခုစိပ်နေတဲ့ပုတီးကိုစစ်လွန်းလေးစိပ်ဖို့ မွေးနေ့အထိမ်းမှတ်အဖြစ ပြန်လည်စွန့်ပေးခဲ့တယ်။ အရမ်းပီတိဖြစ်ရတဲ့အလှူအတွက်ရယ်၊ သံဃာတော်တွေဆွမ်းလောင်း အလှူခံနေတဲ့မြင်ကွင်း ကိုလည်း သာဓုခေါ်လို့ ရအောင်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ (စစ်လွန်းလေးလှူနေရင်းတောင်းနေတဲ့ဆုလေးသိချင်လို့ကပ်ပြီးနားထောင်ကြည့်လိုက်တယ်)” ဆိုပြီး သမီးလေးရဲ့ မွေးနေ့အလှူလေးကို မျှဝေပေးလာပါတယ်။

စိုင်းလွှမ်းကတော့ သမီးလေး စစ်လွန်းဝတီထက်ကို ဖခင်ကောင်းတစ်ယောက်ပီပီ ဘာသာရေးနဲ့ ပက်သတ်ပြီး ကုသိုလ်ယူတတ်အောင်လည်း သင်ကြားပေးထားသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုင်းလွှမ်းနဲ့ စစ်လွန်းဝတီထက်တို့ သားအဖနှစ်ယောက်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Sai Hlwan ‘s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

error: Alert: Content is protected !!