မိဘေတြကို အားမကိုးပဲ ကိုယ္ပိုင္လုပ္အားခေလးေတြစုၿပီး လူနာတင္ကားတစ္စီးလွဴဒါန္းခဲ့တဲ့ တူမ G ကို ခ်ီးက်ဴးလာတဲ့ ထြန္းအိျႏၵာဗိုလ္

ဂီတေလာကမွာေရာ သ႐ုပ္ေဆာင္ေလာကမွာပါ ေအာင္ျမင္ေက်ာ္ၾကားတဲ့ ထြန္းအိျႏၵာဗိုလ္ကေတာ့ အႏုပညာေလာကရဲ႕ စြယ္စံုရ သ႐ုပ္ေဆာင္ အဆိုေတာ္တစ္ေယာက္လို႔ ဆိုႏိုင္ပါတယ္။ ထြန္းအိျႏၵာဗိုလ္ရဲ႕ တူမအရင္းျဖစ္သူ G ကလည္း အေဒၚျဖစ္သူလိုပဲ အႏုပညာကို ဝါသနာပါၿပီး The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲကေနတဆင့္ လူသိေအာင္ ႀကိဳးစားခဲ့သူ ျဖစ္ပါတယ္။ လက္ရိွမွာလည္း G က အႏုပညာအလုပ္ေတြနဲ႔အတူတူ ပရဟိတအလုပ္ေတြကိုပါ အခ်ိန္ေပးလုပ္ကိုင္လာတာကို ေတြ႔ရပါတယ္။

ဒီတစ္ခါမွာလည္း G က Live Sale ေရာင္းခ်လို႔ရတဲ့ အႏုပညာေၾကးေတြနဲ႔ လူနာတင္ယာဥ္တစ္စီးနဲ႔ ေငြက်ပ္ သိန္း (၃၀) ကို လွဴဒါန္းခဲ့ရာ အေဒၚျဖစ္သူ ထြန္းအိျႏၵာဗိုလ္က တူမေလးရဲ႕ သိတတ္လိမၼာမႈကို “G က သူရတဲ့ အႏုပညာေၾကးေလးေတြ စုၿပီး ကားသစ္တစ္စီးနဲ႔ မိဘေတြ လွူထားတဲ့ ေရ boxer ကားကို maintain လုပ္ဖို့ ေငြက်ပ္ သိန္း၃၀ လွူဒါန္းတာပါ။ သာဓု သာဓု သာဓု သမီး …♥️♥️♥️🙏🙏🙏” ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာကေနတဆင့္ ခ်ီးက်ဴးလာတာကို ေတြ႔ရပါတယ္။

ထြန္းအိျႏၵာဗိုလ္ကေတာ့ ခ်မ္းသာႂကြယ္ဝတဲ့ မိဘကေန ဆင္းသက္လာေပမယ့္ ကိုယ့္အားကိုယ္ကိုးၿပီး အမ်ားအက်ိဳးအတြက္ ေဆာင္ရြက္တတ္တဲ့ G ကို ခ်ီးက်ဴးလာတာပဲ ျဖစ္ပါတယ္။ ဖတ္႐ႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလံုး သာယာေပ်ာ္ရႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Htun Aeindra Bo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မိဘတွေကို အားမကိုးပဲ ကိုယ်ပိုင်လုပ်အားခလေးတွေစုပြီး Ambulance ကားတစ်စီးလှူဒါန်းခဲ့တဲ့ တူမ G ကို ချီးကျူးလာတဲ့ ထွန်းအိန္ဒြာဗိုလ်

ဂီတလောကမှာရော သရုပ်ဆောင်လောကမှာပါ အောင်မြင်ကျော်ကြားတဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ အနုပညာလောကရဲ့ စွယ်စုံရ သရုပ်ဆောင် အဆိုတော်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမအရင်းဖြစ်သူ G ကလည်း အဒေါ်ဖြစ်သူလိုပဲ အနုပညာကို ဝါသနာပါပြီး The Voice Myanmar သီချင်းဆိုပြိုင်ပွဲကနေတဆင့် လူသိအောင် ကြိုးစားခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာလည်း G က အနုပညာအလုပ်တွေနဲ့အတူတူ ပရဟိတအလုပ်တွေကိုပါ အချိန်ပေးလုပ်ကိုင်လာတာကို တွေ့ရပါတယ်။

ဒီတစ်ခါမှာလည်း G က Live Sale ရောင်းချလို့ရတဲ့ အနုပညာကြေးတွေနဲ့ လူနာတင်ယာဉ်တစ်စီးနဲ့ ငွေကျပ် သိန်း (၃၀) ကို လှူဒါန်းခဲ့ရာ အဒေါ်ဖြစ်သူ ထွန်းအိန္ဒြာဗိုလ်က တူမလေးရဲ့ သိတတ်လိမ္မာမှုကို “G က သူရတဲ့ အနုပညာကြေးလေးတွေ စုပြီး ကားသစ်တစ်စီးနဲ့ မိဘတွေ လှူထားတဲ့ ရေ boxer ကားကို maintain လုပ်ဖို့ ငွေကျပ် သိန်း၃၀ လှူဒါန်းတာပါ။ သာဓု သာဓု သာဓု သမီး …♥️♥️♥️🙏🙏🙏” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ချီးကျူးလာတာကို တွေ့ရပါတယ်။

ထွန်းအိန္ဒြာဗိုလ်ကတော့ ချမ်းသာကြွယ်ဝတဲ့ မိဘကနေ ဆင်းသက်လာပေမယ့် ကိုယ့်အားကိုယ်ကိုးပြီး အများအကျိုးအတွက် ဆောင်ရွက်တတ်တဲ့ G ကို ချီးကျူးလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Htun Aeindra Bo’s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

error: Alert: Content is protected !!