ဒီကေန႔ ဇန္နဝါရီလ (၁၄) ရက္ေန႔မွာက်ေရာက္တဲ့ (၅) ႏွစ္ႀကီး၊ (၅) ႏွစ္ငယ္ ညီအစ္မ ပန္းေရာင္ျခယ္နဲ႔ ပန္းသြန္းျခယ္ရဲ႕ ေမြးေန႔

အဆိုေတာ္ႀကီး ဂေရဟမ္ကေတာ့ အႏုပညာေလာကမွာ ဒီေန႔ဒီအခ်ိန္ထိ ေအာင္ျမင္ေနဆဲ အဆိုေတာ္ႀကီးတစ္ေယာက္ျဖစ္ၿပီး ပရိသတ္တိုင္း အားက်စရာ မိသားစုဘဝေလးကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ ဂေရဟမ္ရဲ႕ သမီးႏွစ္ေယာက္ျဖစ္တဲ့ ပန္းေရာင္ျခယ္နဲ႔ ပန္းသြန္းျခယ္တို႔ကေတာ့ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးေတြကို ပိုင္ဆိုင္ထားၿပီး ခ်ိဳသာၾကည္ေအးတဲ့ အသံပိုင္ရွင္ေလးေတြလည္းျဖစ္တာေၾကာင့္ ပရိသတ္ေတြက ခ်စ္ခင္အားေပးေနရတဲ့ မိန္းကေလးေတြဆိုလည္း မမွားပါဘူး။ ပန္းေရာင္ျခယ္ကေတာ့ ေအာင္ျမင္တဲ့ အႏုပညာလမ္းေၾကာင္းေပၚေရာက္ရွိေနၿပီျဖစ္ၿပီး ပန္းသြန္းျခယ္ကေတာ့ Cover Song ေလးေတြ သီဆိုရင္း အႏုပညာေလာကထဲကို စတင္ဝင္ေရာက္ေနၿပီပဲ ျဖစ္ပါတယ္။

ဒီကေန႔ ဇန္နဝါရီလ (၁၄) ရက္ေန႔ကေတာ့ (၅) ႏွစ္ႀကီး၊ (၅) ႏွစ္ငယ္ ညီအစ္မေတြျဖစ္ၾကတဲ့ ပန္းေရာင္ျခယ္နဲ႔ ပန္းသြန္းျခယ္တို႔ရဲ႕ ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ (၁၉၉၆) ခုႏွစ္မွာ ဖြားျမင္တဲ့ ပန္းေရာင္ျခယ္က ဒီကေန႔မွာ အသက္ (၂၅) ႏွစ္ျပည့္ခဲ့တာျဖစ္ၿပီး (၂၀၀၁) ခုႏွစ္မွာ ဖြားျမင္တဲ့ ပန္းသြန္းျခယ္ကေတာ့ ဒီကေန႔မွာ သူမရဲ႕ အသက္ (၂၀) ျပည့္ေမြးေန႔ကို က်ေရာက္ခဲ့တာပဲ ျဖစ္ပါတယ္။

ပန္းေရာင္ျခယ္နဲ႔ ပန္းသြန္းျခယ္တို႔ ညီအစ္မႏွစ္ေယာက္ကေတာ့ သူတို႔ရဲ႕ ေမြးေန႔မွာ “၅ ႏွစ္ႀကီး ၅ ႏွစ္ငယ္ ​ေမြး​ေန႔တစ္ရက္ထဲျဖစ္တဲ့ ပန္းေရာင္ နဲ႔ ပန္းသြန္း ရဲ႕ ေမြးေန႔အမွတ္တရ “Memories” cover ေလးပါ 🎂💕” ဆိုျပီး cover song ေလးတစ္ပုဒ္ကို ခ်ျပခဲ့ပါေသးတယ္။ ပရိသတ္ၾကီးကလည္း ဒီကေန့ရဲ့ ေမြးေန့ရွင္ေလးေတြျဖစ္တဲ့ ပန္းေရာင္ျခယ္နဲ့ ပန္းသြန္းျခယ္တို့အတြက္ ေမြးေန့ဆုေတာင္းစကားေလးေတြ ေျပာခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Pan Yaung Chel’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဒီကနေ့ ဇန်နဝါရီလ (၁၄) ရက်နေ့မှာကျရောက်တဲ့ (၅) နှစ်ကြီး၊ (၅) နှစ်ငယ် ညီအစ်မ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်ရဲ့ မွေးနေ့

အဆိုတော်ကြီး ဂရေဟမ်ကတော့ အနုပညာလောကမှာ ဒီနေ့ဒီအချိန်ထိ အောင်မြင်နေဆဲ အဆိုတော်ကြီးတစ်ယောက်ဖြစ်ပြီး ပရိသတ်တိုင်း အားကျစရာ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဂရေဟမ်ရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ကတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးတွေကို ပိုင်ဆိုင်ထားပြီး ချိုသာကြည်အေးတဲ့ အသံပိုင်ရှင်လေးတွေလည်းဖြစ်တာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးနေရတဲ့ မိန်းကလေးတွေဆိုလည်း မမှားပါဘူး။ ပန်းရောင်ခြယ်ကတော့ အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်ပြီး ပန်းသွန်းခြယ်ကတော့ Cover Song လေးတွေ သီဆိုရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်နေပြီပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၁၄) ရက်နေ့ကတော့ (၅) နှစ်ကြီး၊ (၅) နှစ်ငယ် ညီအစ်မတွေဖြစ်ကြတဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ (၁၉၉၆) ခုနှစ်မှာ ဖွားမြင်တဲ့ ပန်းရောင်ခြယ်က ဒီကနေ့မှာ အသက် (၂၅) နှစ်ပြည့်ခဲ့တာဖြစ်ပြီး (၂၀၀၁) ခုနှစ်မှာ ဖွားမြင်တဲ့ ပန်းသွန်းခြယ်ကတော့ ဒီကနေ့မှာ သူမရဲ့ အသက် (၂၀) ပြည့်မွေးနေ့ကို ကျရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မနှစ်ယောက်ကတော့ သူတို့ရဲ့ မွေးနေ့မှာ “၅ နှစ်ကြီး ၅ နှစ်ငယ် မွေးနေ့တစ်ရက်ထဲဖြစ်တဲ့ ပန်းရောင် နဲ့ ပန်းသွန်း ရဲ့ မွေးနေ့အမှတ်တရ “Memories” cover လေးပါ 🎂💕” ဆိုပြီး cover song လေးတစ်ပုဒ်ကို ချပြခဲ့ပါသေးတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေးတွေဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့အတွက် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Pan Yaung Chel’s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

error: Alert: Content is protected !!