ယူနီကုဒ်ဖြင့်ဖတ်ရန်
ချစ်ခင်ပွန်း Ah Boy ရဲ့ မွေးနေ့မှာ မိသားစုငါးယောက်စလုံးပါတဲ့ မွေးနေ့ကိတ်လေးနဲ့ အမှတ်တရဖန်တီးပေးခဲ့တဲ့ မြတ်ရတနာကျော်
အရုပ်လေးလို ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတဲ့ Ah Boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး အချစ်တွေ အပြည့်အဝပေးပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားတာပါ။ Ah Boy နဲ့ မြတ်ရတနာကျော်တို့ကတော့ သမီးတွေအတွက်လည်း အလုပ်တွေကိုကြိုးစားနေပြီး ပရိသတ်တွေအတွက်လည်း တာဝန်ကျေတဲ့ အနုပညာရှင်တွေဖြစ်အောင် အဖက်ဖက်ကနေ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း Ah Boy နဲ့ မြတ်ရတနာကျော်တို့ရဲ့ အနုပညာလှုပ်ရှားမှုတွေသာမက ပျော်စရာတွေနဲ့ ပြည့်နှက်နေတဲ့ သူတို့ရဲ့ မိသားစုလေးကိုပါ အားကျချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။
မနေ့က ဇန်နဝါရီလ (၁၃) ရက်နေ့ကတော့ Ah Boy ရဲ့ အသက် (၃၅) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မြတ်ရတနာကျော်က ခင်ပွန်းဖြစ်သူ အိမ်ဦးနတ် Ah Boy ရဲ့ မွေးနေ့မှာ သူမတို့ မိသားစုငါးယောက်စလုံးပါဝင်တဲ့ ကိတ်မုန့်လေးနဲ့ အမှတ်တရလေး ဖန်တီးပေးခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် Ah Boy နဲ့ မြတ်ရတနာကျော်တို့ မိသားစုလေးရဲ့ ပျော်စရာကောင်းတဲ့ အခိုက်အတံ့လေးကို မျှဝေပေးလိုက်ပါတယ်နော်။
မြတ်ရတနာကျော်ကတော့ Ah Boy ရဲ့ သမီးကြီး ဂျူဂျူးနဲ့ သမီးလတ် ဖောင်းဖောင်းတို့ကို သူမရဲ့ သမီးရင်းလေးသဖွယ်ချစ်ပြီး ဂရုစိုက်တာ သူမရဲ့ အပြုအမူလေးတွေက သက်သေပါပဲ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မြတ်ရတနာကျော်လေးကို ချစ်ပြီးရင်း ပိုချစ်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Myat Yadanar Kyaw’s fb
Bilie – Cele Connections