ကားအက္ဆီဒင့္ျဖစ္ခဲ့ေပမယ့္ ကိုယ့္ကိုကိုယ္ထက္ နာေရးလမ္းေၾကာင္းကို ဦးစားေပးေဆာင္ရြက္ခဲ့တဲ့ ဥကၠဌဦးေက်ာ္သူအေၾကာင္း ေျပာလာတဲ့ ဇြဲလေရာင္

နိုင္ငံေက်ာ္ အကယ္ဒမီမ်ားရွင္ သရုပ္ေဆာင္၊ ဒါရိုက္တာလည္း ျဖစ္သလို နာေရးကူညီမႈအသင္း (ရန္ကုန္) ရဲ့ ဥကၠဌလည္း ျဖစ္တဲ့ မင္းသားၾကီး ေက်ာ္သူက မေန့က ဇန္နဝါရီလ (၁၃) ရက္ေန့မွာ ကားငါးစီးဆင့္တိုက္ျပီး အႏၱရာယ္ၾကံဳခဲ့ရတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ကားအက္ဆီဒင့္နဲ့ျဖစ္ခဲ့ေပမယ့္ ကံေကာင္းစြာနဲ့ပဲ ဘာမွမျဖစ္ခဲ့ပဲ ကားသာအနည္းငယ္ပ်က္စီးသြားခဲ့တာ ျဖစ္ပါတယ္။ ကားအက္ဆီဒင့္ျဖစ္ခ်ိန္မွာ ေက်ာ္သူနဲ့အတူတူလိုက္ပါလာခဲ့တဲ့ သရုပ္ေဆာင္၊ အဆိုေတာ္ ဇြဲလေရာင္က ဦးေက်ာ္သူနဲ့ ပက္သတ္ျပီး ေလးစားဖြယ္စိတ္ထားကို အခုလိုေျပာျပလာခဲ့ပါတယ္။

ဇြဲလေရာင္က “ယေန႔ ဦးေမာင္နဲ႔ အတူယာဥ္တိုက္မႈမွာ ပါခဲ့ေပမယ့္ ကံေကာင္းစြာ လူဘာမွ မျဖစ္ခဲ့ပါဘူး၊ဘာေတြထေယာင္မိလဲေတာ့ သတိမထားမိခဲ့ဘူး၊လမ္းေၾကာင္းမွန္ေပမယ့္ ေရွာင္လို႔ မရတဲ့အေနအထား မွာျဖစ္သြားတာပါ၊နာေရးလမ္းေၾကာင္းကို ကားခ်ိန္းၿပီး အဆုံးထိ ေဆာင္႐ြက္ေပးႏိုင္ခဲ့တဲ့ ဦးေမာင္ ေလးစားပါတယ္ ခင္ဗ်ာ🙏🙏🙏” ဆိုျပီး နာေရးကူညီမႈအသင္းရဲ့ ဥကၠဌ ဦးေက်ာ္သူအေၾကာင္းကို ေျပာျပလာခဲ့ပါတယ္။

ေက်ာ္သူကေတာ့ ကားအက္ဆီဒင့္ျဖစ္ခဲ့ေပမယ့္ ကိုယ့္ကိုကိုယ္ထက္ အေနာက္ကပါလာတဲ့ Dead Body ရဲ့ နာေရးလမ္းေၾကာင္းကိုသာ ဦးစားေပးျပီး မျဖစ္ျဖစ္တဲ့နည္းနဲ့ လုိက္ပါပို့ေဆာင္ေပးခဲ့တာပဲ ျဖစ္ပါတယ္။ ေခါင္းေဆာင္ေကာင္းပီသသလို စိတ္ထားေကာင္းတဲ့ ဦးေက်ာ္သူတစ္ေယာက္ သက္ရွည္အနာမဲ့စြာျဖင့္ အမ်ားအက်ိဳးကို ဆက္လက္သယ္ပိုးနိုင္ပါေစေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Zwe Layaung Zwe Layaung’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ကားအက်ဆီဒင့်ဖြစ်ခဲ့ပေမယ့် ကိုယ့်ကိုကိုယ်ထက် နာရေးလမ်းကြောင်းကို ဦးစားပေးဆောင်ရွက်ခဲ့တဲ့ ဥက္ကဌဦးကျော်သူအကြောင်း ပြောလာတဲ့ ဇွဲလရောင်

နိုင်ငံကျော် အကယ်ဒမီများရှင် သရုပ်ဆောင်၊ ဒါရိုက်တာလည်း ဖြစ်သလို နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌလည်း ဖြစ်တဲ့ မင်းသားကြီး ကျော်သူက မနေ့က ဇန်နဝါရီလ (၁၃) ရက်နေ့မှာ ကားငါးစီးဆင့်တိုက်ပြီး အန္တရာယ်ကြုံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကားအက်ဆီဒင့်နဲ့ဖြစ်ခဲ့ပေမယ့် ကံကောင်းစွာနဲ့ပဲ ဘာမှမဖြစ်ခဲ့ပဲ ကားသာအနည်းငယ်ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ကားအက်ဆီဒင့်ဖြစ်ချိန်မှာ ကျော်သူနဲ့အတူတူလိုက်ပါလာခဲ့တဲ့ သရုပ်ဆောင်၊ အဆိုတော် ဇွဲလရောင်က ဦးကျော်သူနဲ့ ပက်သတ်ပြီး လေးစားဖွယ်စိတ်ထားကို အခုလိုပြောပြလာခဲ့ပါတယ်။

ဇွဲလရောင်က “ယနေ့ ဦးမောင်နဲ့ အတူယာဉ်တိုက်မှုမှာ ပါခဲ့ပေမယ့် ကံကောင်းစွာ လူဘာမှ မဖြစ်ခဲ့ပါဘူး၊ဘာတွေထယောင်မိလဲတော့ သတိမထားမိခဲ့ဘူး၊လမ်းကြောင်းမှန်ပေမယ့် ရှောင်လို့ မရတဲ့အနေအထား မှာဖြစ်သွားတာပါ၊နာရေးလမ်းကြောင်းကို ကားချိန်းပြီး အဆုံးထိ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ဦးမောင် လေးစားပါတယ် ခင်ဗျာ🙏🙏🙏” ဆိုပြီး နာရေးကူညီမှုအသင်းရဲ့ ဥက္ကဌ ဦးကျော်သူအကြောင်းကို ပြောပြလာခဲ့ပါတယ်။

ကျော်သူကတော့ ကားအက်ဆီဒင့်ဖြစ်ခဲ့ပေမယ့် ကိုယ့်ကိုကိုယ်ထက် အနောက်ကပါလာတဲ့ Dead Body ရဲ့ နာရေးလမ်းကြောင်းကိုသာ ဦးစားပေးပြီး မဖြစ်ဖြစ်တဲ့နည်းနဲ့ လိုက်ပါပို့ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းပီသသလို စိတ်ထားကောင်းတဲ့ ဦးကျော်သူတစ်ယောက် သက်ရှည်အနာမဲ့စွာဖြင့် အများအကျိုးကို ဆက်လက်သယ်ပိုးနိုင်ပါစေနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Zwe Layaung Zwe Layaung’s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

error: Alert: Content is protected !!