သွေးမတော်သားမစပ်ပေမယ့် အမေလို အစ်မ လိုချစ်ရတဲ့ ခေးဆက်သွင် ဆီက စိန်လက်စွပ်ကြီးမွေးနေ့လက်ဆောင်ရရှိခဲ့တဲ့ စိုပြေမြင့်







ယူနီကုဒ်ဖြင့်ဖတ်ရန်

MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ မင်းသားချော၊ မင်းသမီးချောလေးတွေဖြစ်တဲ့ ခေးဆက်သွင်နဲ့ စိုပြေမြင့်တို့ကို ပရိသတ်ကြီးအားလုံး သိပြီးသား ဖြစ်မှာပါ။ခေးဆက်သွင်နဲ့ စိုပြေမြင့်တို့ သူငယ်ချင်းတွေက တူညီတဲ့ အနုပညာလမ်းမမှာ လျှောက်လှမ်းနေကြသူများဖြစ်ပြီး အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် သွားအတူ၊ စားအတူ၊ လာအတူ ချစ်ကြတဲ့ သူငယ်ချင်းကောင်းတွေပဲ ဖြစ်ကြပါတယ်။

သွေးသားမတော်စပ်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် မောင်နှမလိုချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ခေးဆက်သွင်နဲ့ စိုပြေမြင့်တို့က ကောင်းတာ ဆိုးတာတွေကို အတူတူမျှဝေခံစားကြတဲ့ သူငယ်ချင်းတွေဆိုလည်း မမှားပါဘူး။

ဒီကနေ့မှာတော့ စိုပြေမြင့်က သူ့ကိုမောင်လေးတစ်ယောက်လိုချစ်ပြီး အစ်မကြီးလို အမြဲတမ်းဂရုစိုက်တဲ့ ခေးဆက်သွင်ဆီက မွေးနေ့လက်ဆောင်လေးတစ်ခုရရှိခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။

စိုပြေမြင့်က “မွေးနေ့ပြီးသွားသော်လည်း အမေလိုတစ်မျိုး အစ်မလိုတစ်မျိုး ချစ်ရပါသောမေမေခေးပေးတဲ့ မွေးနေ့လက်ဆောင်လေး အရမ်းကြိုက်ပြီး အမြဲဝတ်ထားပါ့မယ် အနုပညာလုပ်ငန်းတွေလည်းဒီထက်မကအောင်မြင်ပြီး အကယ်ဒမီဆုကြီးကိုလည်းပိုင်ဆိုင်နိုင်ပါစေ ဝမ်းမနာသားသမီးတွေနဲ့ အမြဲပျော်ရွှင်နိုင်ပါစေ 🥰🥰🥰” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

စိုပြေမြင့်ကတော့ သူရဲ့ သူငယ်ချင်းလည်းဖြစ်၊ အမေလိုလည်းဖြစ်၊ အစ်မလိုလည်းဖြစ်တဲ့ ခေးဆက်သွင်ဆီက မကြာခဏဆိုသလို လက်ဆောင်တွေရရှိလေ့ရှိပြီး ဒီတစ်ခေါက်မှာတော့ စိန်လက်စွပ်တစ်ကွင်းကို မွေးနေ့လက်ဆောင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ခေးဆက်သွင်လိုမျိုး သူငယ်ချင်းတစ်ယောက်ကို ပိုင်ဆိုင်ချင်နေမှာ အသေအချာပါပဲနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: So Pyay Myint ‘s fb
Bilie – Cele Connections
ယူနီကုဒ်ဖြင့်ဖတ်ရန်

Add a Comment

Your email address will not be published. Required fields are marked *

error: Alert: Content is protected !!