သူငယ္ခ်င္းေျပတီဦးနဲ့ အိျႏၵာေက်ာ္ဇင္တို့ ဇနီးေမာင္နွံအတြက္ ဘယ္မွာမွရွာဝယ္လို့မရတဲ့ လက္ေဆာင္မြန္တစ္ခုကို အမွတ္တရေပးခဲ့တဲ့ ကိုေပါက္

ဒါရိုက္တာ၊ သရုပ္ေဆာင္ ကိုေပါက္နဲ့ မင္းသားေခ်ာ အကယ္ဒမီ ေျပတီဦးတို့ကေတာ့ ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားေတြမွာလည္း အတူတူတြဲဖက္သရုပ္ေဆာင္ခဲ့ၾကသလို အျပင္မွာလည္း တစ္ေယာက္နဲ့တစ္ေယာက္ ခင္မင္ရင္းနွီးၾကတဲ့ သူငယ္ခ်င္းေတြပဲ ျဖစ္ပါတယ္။ ခင္မင္မႈအတိုင္းအတာၾကာလာတာနဲ့အမွ် ေျပာမနာဆိုမနာရိွၾကတဲ့ ေျပတီဦးနဲ့ ကိုေပါက္တုိ့ကေတာ့ အခ်စ္ဆံုးသူငယ္ခ်င္းေတြပီပီ ေကာင္းအတူ၊ ဆိုးအတူ အတူတူ မွ်ေဝခံစားၾကတာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ေျပတီဦးတို့ ဇနီးေမာင္နွံနဲ့ ကိုေပါက္တို့က မိသားစုေတြလို ရိွၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာလည္း ကိုေပါက္က သူကုိယ္တုိင္ တစ္လနီးပါး ေရးဆြဲထားတဲ့ ပန္းခ်ီကားေလးတစ္ခ်ပ္ကို ေျပတီဦးတနဲ့ အိျႏၵာေက်ာ္ဇင္တို့ ဇနီးေမာင္နွံအတြက္ လက္ေဆာင္ေပးခဲ့ပါတယ္။ အိျႏၵာေက်ာ္ဇင္က ကိုေပါက္ရဲ့ လက္ေဆာင္ေလးအတြက္ “ကိုေပါက္ေရ.. ေက်းဇူးအမ်ားၾကီးတင္ပါတယ္ေနာ္။ ပန္းခ်ီကားေလး အရမ္းၾကိဳက္” ဆိုျပီး ကုိေပါက္ကို ေက်းဇူးတင္ေၾကာင္း သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန ေက်းဇူးတင္စကားေျပာလာပါတယ္။

 

အိျႏၵာေက်ာ္ဇင္တို့ ဇနီးေမာင္နွံကေတာ့ ကိုေပါက္ကိုယ္တုိင္ေရးဆြဲထားတဲ့ ပန္းခ်ီကားေလးကို အျမတ္တနိုးလက္ခံရရိွခဲ့ျပီး ေက်းဇူးတင္ေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

သူငယ်ချင်းပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံအတွက် ဘယ်မှာမှရှာဝယ်လို့မရတဲ့ လက်ဆောင်မွန်တစ်ခုကို အမှတ်တရပေးခဲ့တဲ့ ကိုပေါက်

ဒါရိုက်တာ၊ သရုပ်ဆောင် ကိုပေါက်နဲ့ မင်းသားချော အကယ်ဒမီ ပြေတီဦးတို့ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူတူတွဲဖက်သရုပ်ဆောင်ခဲ့ကြသလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ ခင်မင်မှုအတိုင်းအတာကြာလာတာနဲ့အမျှ ပြောမနာဆိုမနာရှိကြတဲ့ ပြေတီဦးနဲ့ ကိုပေါက်တို့ကတော့ အချစ်ဆုံးသူငယ်ချင်းတွေပီပီ ကောင်းအတူ၊ ဆိုးအတူ အတူတူ မျှဝေခံစားကြတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပြေတီဦးတို့ ဇနီးမောင်နှံနဲ့ ကိုပေါက်တို့က မိသားစုတွေလို ရှိကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာလည်း ကိုပေါက်က သူကိုယ်တိုင် တစ်လနီးပါး ရေးဆွဲထားတဲ့ ပန်းချီကားလေးတစ်ချပ်ကို ပြေတီဦးတနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံအတွက် လက်ဆောင်ပေးခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်က ကိုပေါက်ရဲ့ လက်ဆောင်လေးအတွက် “ကိုပေါက်ရေ.. ကျေးဇူးအများကြီးတင်ပါတယ်နော်။ ပန်းချီကားလေး အရမ်းကြိုက်” ဆိုပြီး ကိုပေါက်ကို ကျေးဇူးတင်ကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ကျေးဇူးတင်စကားပြောလာပါတယ်။

အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကတော့ ကိုပေါက်ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားလေးကို အမြတ်တနိုးလက်ခံရရှိခဲ့ပြီး ကျေးဇူးတင်ကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Eaindra Kyaw Zin’s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

error: Alert: Content is protected !!