သမီးေလးေတြျဖစ္တဲ့ ေခတ္နဲ႔သစ္နဲ႔ ပက္သတ္ၿပီး ပရိသတ္ေတြဇေဝဇဝါျဖစ္ေစမယ့္ ေမးခြန္းေလးတစ္ခုကို ေမးလာတဲ့ ခ်စ္သုေဝ
|ျပည္သူခ်စ္ အႏုပညာရွင္ ဇနီးေမာင္ႏွံႏွစ္ေယာက္ျဖစ္ၾကတဲ့ လင္းလင္းနဲ႔ ခ်စ္သုေဝက သာယာလွပၿပီး နားလည္မႈအျပည့္အဝရွိတဲ့ မိသားစုေလးကို တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ လင္းလင္းနဲ႔ ခ်စ္သုေဝက အႏုပညာလုပ္ငန္းမွာသာ ေအာင္ျမင္မႈေတြ မ်ားစြာရရွိထားသလို အိမ္ေထာင္တစ္ခုကိုလည္း အေကာင္းဆုံး တည္ေဆာက္ထားၾကတဲ့ ဇနီးေမာင္ႏွံေတြပဲ ျဖစ္ၾကပါတယ္။ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔ရဲ႕ အႁမႊာသမီးေလးႏွစ္ေယာက္ျဖစ္တဲ့ ေခတ္နဲ႔သစ္တို႔ကလည္း အရမ္းကိုခ်စ္စရာေကာင္းၿပီး လိမၼာလြန္းတာေၾကာင့္ ပရိသတ္ေတြက အသည္းတုန္ေအာင္ ခ်စ္ေနရတာပဲ ျဖစ္ပါတယ္။
တစ္ေယာက္နဲ႔တစ္ေယာက္ (၂) မိနစ္သာကြာၾကတဲ့ ေခတ္နဲ႔သစ္တို႔ ညီအစ္မႏွစ္ေယာက္ကေတာ့ အႁမႊာေလးေတြပီပီ ႐ုပ္ခ်င္းတူတယ္ဆိုေပမယ့္ ေသေသခ်ာခ်ာၾကည့္ရင္ တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကတဲ့ကေလးေလးေတြပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ခ်စ္သုေဝက ပရိသတ္ေတြအတြက္ မ်က္စိလည္ေစမယ့္ သမီးေလးေတြရဲ႕ တစ္ေယာက္ခ်င္းစီ ဓာတ္ပုံေလးကို ခ်ျပၿပီး “ေခတ္ or သစ္??😁” ဆိုၿပီး ဓာတ္ပုံထဲကသူက သမီးႀကီးေခတ္လား သမီးငယ္သစ္လားဆိုၿပီး ေမးခြန္းထုတ္လာခဲ့တာပဲ ျဖစ္ပါတယ္။
ေခတ္ေလးကေတာ့ သစ္ထက္ လူေကာင္ပိုၾကီးျပီး မ်က္နွာေလး ပိုဝုိင္းသလို သစ္ေလးကေတာ့ လူေကာင္နည္းနည္းပိုေသးကာ မ်က္နွာေလးက ပိုသြယ္တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးထဲမွာေရာ ေခတ္နဲ႔သစ္ကို တစ္ေယာက္ခ်င္းစီျမင္ရင္ မွတ္မိႏိုင္ပါ့မလား ေျပာျပခဲ့ၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Source: Chit Thu Wais fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္
သမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်နဲ့ ပက်သတ်ပြီး ပရိသတ်တွေဇဝေဇဝါဖြစ်စေမယ့် မေးခွန်းလေးတစ်ခုကို မေးလာတဲ့ ချစ်သုဝေ
ပြည်သူချစ် အနုပညာရှင် ဇနီးမောင်နှံနှစ်ယောက်ဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေက သာယာလှပပြီး နားလည်မှုအပြည့်အဝရှိတဲ့ မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေက အနုပညာလုပ်ငန်းမှာသာ အောင်မြင်မှုတွေ များစွာရရှိထားသလို အိမ်ထောင်တစ်ခုကိုလည်း အကောင်းဆုံး တည်ဆောက်ထားကြတဲ့ ဇနီးမောင်နှံတွေပဲ ဖြစ်ကြပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကလည်း အရမ်းကိုချစ်စရာကောင်းပြီး လိမ္မာလွန်းတာကြောင့် ပရိသတ်တွေက အသည်းတုန်အောင် ချစ်နေရတာပဲ ဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် (၂) မိနစ်သာကွာကြတဲ့ ခေတ်နဲ့သစ်တို့ ညီအစ်မနှစ်ယောက်ကတော့ အမြွှာလေးတွေပီပီ ရုပ်ချင်းတူတယ်ဆိုပေမယ့် သေသေချာချာကြည့်ရင် တစ်ယောက်နဲ့တစ်ယောက် မတူကြတဲ့ကလေးလေးတွေပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချစ်သုဝေက ပရိသတ်တွေအတွက် မျက်စိလည်စေမယ့် သမီးလေးတွေရဲ့ တစ်ယောက်ချင်းစီ ဓာတ်ပုံလေးကို ချပြပြီး “ခေတ် or သစ်??😁” ဆိုပြီး ဓာတ်ပုံထဲကသူက သမီးကြီးခေတ်လား သမီးငယ်သစ်လားဆိုပြီး မေးခွန်းထုတ်လာခဲ့တာပဲ ဖြစ်ပါတယ်။
ခေတ်လေးကတော့ သစ်ထက် လူကောင်ပိုကြီးပြီး မျက်နှာလေး ပိုဝိုင်းသလို သစ်လေးကတော့ လူကောင်နည်းနည်းပိုသေးကာ မျက်နှာလေးက ပိုသွယ်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာရော ခေတ်နဲ့သစ်ကို တစ်ယောက်ချင်းစီမြင်ရင် မှတ်မိနိုင်ပါ့မလား ပြောပြခဲ့ကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Chit Thu Wais fb
Bilie – Cele Connections