လူေတြအမ်ားၾကီးနဲ့ ရိုက္ကူးေရးလုပ္ရမယ့္အတြက္ ကိုယ့္ကိုကိုယ္ သံသယကင္းရွင္းေအာင္ ကိုဗစ္ပိုးရိွမရိွ စစ္ေဆးခဲ့တဲ့ ေနျခည္ဦး

နိုင္ငံေက်ာ္ ဆယ္လီ မင္းသမီးေလး ေနျခည္ဦးကေတာ့ တစ္နုိင္ငံလံုးက ပရိသတ္ေတြသိျပီးသား ေအာင္ျမင္တဲ့ Beauty Blogger နဲ့ ရုပ္ရွင္သရုပ္ေဆာင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ေနျခည္ဦးက သရုပ္ေဆာင္တစ္ေယာက္အျဖစ္လည္း လုပ္ကိုင္ေနျပီး သူမရဲ့ “ရန္သူ” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့လည္း ပြဲဦးထြက္ ေအာင္ျမင္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ရုပ္ရွင္ဇာတ္ကားေတြနဲ့ ဇာတ္လမ္းတြဲေတြမွာ သရုပ္ေဆာင္ခဲ့တဲ့ ေနျခည္ဦးက ေၾကာ္ျငာေတြ ေတာ္ေတာ္မ်ားမ်ားမွာလည္း ေနရာယူထားနိုင္တာကို ပရိသတ္ၾကီး သတိထားမိၾကမယ္ ထင္ပါတယ္။

လက္ရိွမွာလည္း ေနျခည္ဦးက ဒါရိုက္တာ ကိုေဇာ္ (အရုဏ္ဦး) ရိုက္ကူးပံုေဖာ္မယ့္ “ခ်စ္ပန္းဝါဝါ” ရုပ္ရွင္ဇာတ္ကားၾကီးမွာ ပါဝင္သရုပ္ေဆာင္ဖို့ ျပင္ဆင္ေနတာပဲ ျဖစ္ပါတယ္။ ေနျခည္ဦးက လူေတြအမ်ားၾကီးနဲ့ ထိေတြ့ျပီး ရိုက္ကူးေရးလုပ္ရမယ့္အတြက္ ကိုယ့္ကိုကိုယ္ သံသယကင္းရွင္းေအာင္ Covid-19 ပိုးရိွ၊မရိွ စစ္ေဆးခဲ့ျပီး သူမရဲ့ ေဆးစစ္ခ်က္အေျဖက ပိုးကင္းစင္ျပီး Negative ျဖစ္ေၾကာင္း ပရိသတ္ေတြကို အသိေပးလာခဲ့ပါတယ္။

ေနျခည္ဦးကေတာ့ “ခ်စ္ပန္းဝါဝါ” ရုပ္ရွင္ဇာတ္ကားၾကီးမွာ နိုင္ငံေက်ာ္မင္းသား ျမင့္ျမတ္နဲ့ အတူတူတြဲဖက္သရုပ္ေဆာင္ဖို့ ျပင္ဆင္ေနျပီပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေနျခည္ဦးရဲ့ “ခ်စ္ပန္းဝါဝါ” ရုပ္ရွင္ဇာတ္ကားၾကီးကို ေစာင့္ၾကည့္အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Chi Oo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

လူတွေအများကြီးနဲ့ ရိုက်ကူးရေးလုပ်ရမယ့်အတွက် ကိုယ့်ကိုကိုယ် သံသယကင်းရှင်းအောင် ကိုဗစ်ပိုးရှိမရှိ စစ်ဆေးခဲ့တဲ့ နေခြည်ဦး

နိုင်ငံကျော် ဆယ်လီ မင်းသမီးလေး နေခြည်ဦးကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေသိပြီးသား အောင်မြင်တဲ့ Beauty Blogger နဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နေခြည်ဦးက သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း လုပ်ကိုင်နေပြီး သူမရဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း ပွဲဦးထွက် အောင်မြင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့တဲ့ နေခြည်ဦးက ကြော်ငြာတွေ တော်တော်များများမှာလည်း နေရာယူထားနိုင်တာကို ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်။

လက်ရှိမှာလည်း နေခြည်ဦးက ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးပုံဖော်မယ့် “ချစ်ပန်းဝါဝါ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးက လူတွေအများကြီးနဲ့ ထိတွေ့ပြီး ရိုက်ကူးရေးလုပ်ရမယ့်အတွက် ကိုယ့်ကိုကိုယ် သံသယကင်းရှင်းအောင် Covid-19 ပိုးရှိ၊မရှိ စစ်ဆေးခဲ့ပြီး သူမရဲ့ ဆေးစစ်ချက်အဖြေက ပိုးကင်းစင်ပြီး Negative ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

နေခြည်ဦးကတော့ “ချစ်ပန်းဝါဝါ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နိုင်ငံကျော်မင်းသား မြင့်မြတ်နဲ့ အတူတူတွဲဖက်သရုပ်ဆောင်ဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးရဲ့ “ချစ်ပန်းဝါဝါ” ရုပ်ရှင်ဇာတ်ကားကြီးကို စောင့်ကြည့်အားပေးကြပါဦးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo’s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

error: Alert: Content is protected !!