မ်ားျပားလွတဲ့ ကားေတြေၾကာင့္ အျပင္တစ္ခါထြက္ရင္ အဝတ္အစားေရြးသလိုပဲ ေရြးရခက္ေနတယ္ဆိုတဲ့ ေနျခည္ဦးရဲ့ ဗီဒီယို

မိန္းကေလးပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာရရိွထားတဲ့ ေနျခည္ဦးကေတာ့ Beauty Blogger တစ္ေယာက္အျဖစ္ စတင္ခဲ့တယ္ဆိုေပမယ့္ အခုဆိုရင္ သရုပ္ေဆာင္တစ္ေယာက္အျဖစ္ပါ ရည္တည္ေနျပီ ျဖစ္ပါတယ္။ ျပည္တြင္းမွာသာမကပဲ ျပည္ပနိုင္ငံေတြထိ ထိုးေဖာက္နိုင္ဖို့ ၾကိဳးစားေနတဲ့ ေနျခည္ဦးကေတာ့ နုိင္ငံတကာနဲ့ ရင္ေဘာင္တန္းတဲ့ ပြဲအခမ္းအနားေတြကိုလည္း တက္ေရာက္ရျပီး ျပင္သစ္နိုင္ငံမွာက်င္းပတဲ့ Paris Fashion Week ကိုလည္း နွစ္နွစ္ဆက္တိုက္ ျမန္မာနိုင္ငံကိုယ္စားျပဳအေနနဲ့ တက္ေရာက္ခဲ့ရတာ ျဖစ္ပါတယ္။

ပရိသတ္ေတြမ်ားစြာရဲ့ အာရံုစိုက္ျခင္းခံရတဲ့ ေနျခည္ဦးက ခ်မ္းသာတဲ့အသိုင္းအဝုိင္းက ဆင္းသက္လာသလို သူမကိုယ္တိုင္ကလည္း ေခတ္ပညာတတ္ အရည္အခ်င္းရိွသူမို့ ဘဝကို ေက်ာ့ေက်ာ့ေမာ့ေမာ့ေလး ေနတတ္သူျဖစ္ပါတယ္။ ပိုင္ဆိုင္မႈေတြမ်ားစြာထဲက ကုိယ္ပိုင္ကားခ်ည္းပဲ ေလးစီးတိတိရိွတဲ့ ေနျခည္ဦးက ဒီကေန့မွာေတာ့ သူမရဲ့ မ်ားျပားလွတဲ့ ကားေတြေၾကာင့္ အျပင္တစ္ခါထြက္ရင္ အဝတ္အစားေရြးသလိုပဲ ေရြးရခက္ေနတယ္ဆိုျပီး ဗီဒီယိုေလးတစ္ခုကို အခုလိုပဲ ခ်ျပေပးလာခဲ့ပါတယ္။

ေနျခည္ဦးကေတာ့ မိဘကလည္း အျပည့္အဝေထာက္ပံ့မႈေပးသလို သူမကိုယ္တုိင္ကလည္း ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္ျပီး ကိုယ္လိုခ်င္တာကို ရေအာင္ ယူတတ္သူမို့ ပရိသတ္တိုင္း အားက်ရတဲ့ဘဝကို ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ဘဝေပးကံေကာင္းလြန္းတဲ့ ေနျခည္ဦးကို အားက်ေနၾကျပီ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Chi Oo ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

များပြားလှတဲ့ ကားတွေကြောင့် အပြင်တစ်ခါထွက်ရင် အဝတ်အစားရွေးသလိုပဲ ရွေးရခက်နေတယ်ဆိုတဲ့ နေခြည်ဦးရဲ့ ဗီဒီယို

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်အဖြစ် စတင်ခဲ့တယ်ဆိုပေမယ့် အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ရည်တည်နေပြီ ဖြစ်ပါတယ်။ ပြည်တွင်းမှာသာမကပဲ ပြည်ပနိုင်ငံတွေထိ ထိုးဖောက်နိုင်ဖို့ ကြိုးစားနေတဲ့ နေခြည်ဦးကတော့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းတဲ့ ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ရပြီး ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ Paris Fashion Week ကိုလည်း နှစ်နှစ်ဆက်တိုက် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။

ပရိသတ်တွေများစွာရဲ့ အာရုံစိုက်ခြင်းခံရတဲ့ နေခြည်ဦးက ချမ်းသာတဲ့အသိုင်းအဝိုင်းက ဆင်းသက်လာသလို သူမကိုယ်တိုင်ကလည်း ခေတ်ပညာတတ် အရည်အချင်းရှိသူမို့ ဘဝကို ကျော့ကျော့မော့မော့လေး နေတတ်သူဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေများစွာထဲက ကိုယ်ပိုင်ကားချည်းပဲ လေးစီးတိတိရှိတဲ့ နေခြည်ဦးက ဒီကနေ့မှာတော့ သူမရဲ့ များပြားလှတဲ့ ကားတွေကြောင့် အပြင်တစ်ခါထွက်ရင် အဝတ်အစားရွေးသလိုပဲ ရွေးရခက်နေတယ်ဆိုပြီး ဗီဒီယိုလေးတစ်ခုကို အခုလိုပဲ ချပြပေးလာခဲ့ပါတယ်။

နေခြည်ဦးကတော့ မိဘကလည်း အပြည့်အဝထောက်ပံ့မှုပေးသလို သူမကိုယ်တိုင်ကလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ်လိုချင်တာကို ရအောင် ယူတတ်သူမို့ ပရိသတ်တိုင်း အားကျရတဲ့ဘဝကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘဝပေးကံကောင်းလွန်းတဲ့ နေခြည်ဦးကို အားကျနေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Chi Oo ‘s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

error: Alert: Content is protected !!