



ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်သူကကြွေခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းတစ်ခုကို သိခွင့်ရှိခဲ့လို့ မထင်မှတ်ထားအောင် အံ့သြဝမ်းသာခဲ့တဲ့ အေသင်ချိုဆွေ

ထူးခြားတဲ့ ပင်ကိုယ်စတိုင်လ်လေးနဲ့ သီချင်းတွေကို အမိုက်စားသီဆိုတတ်တဲ့ အဆိုတော်မလေး အေသင်ချိုဆွေကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးပါ။ အေသင်ချိုဆွေကတော့ အရုပ်လေးလို ချစ်စရာကောင်းတဲ့ သမီးလေး Ivy ကို ရင်အုပ်မကွာစောင့်ရှောက်နေတဲ့ မိခင်တစ်ယောက်အဖြစ် ရပ်တည်နေပြီး ပရိသတ်တွေအတွက်လည်း မရိုးနိုင်တဲ့ သီချင်းကောင်းတွေကိုလည်း သီဆိုနေတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အေသင်ချိုဆွေအပြင် သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးကိုပါ ကိုယ့်တူမ၊ ကိုယ့်ညီမလေးလို ချစ်ကြတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ချစ်ရတဲ့ ချစ်သူတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားပြီဖြစ်တဲ့ အေသင်ချိုဆွေက သူမရဲ့ ချစ်သူနဲ့ ပက်သတ်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားပြီးပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အေသင်ချိုဆွေက သူမရဲ့ ချစ်သူက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ Live လွှင့်ထားတဲ့ ဗီဒီယိုလေးကို အကြိမ်ကြိမ်ကြည့်ခဲ့ရပြီး ကြွေခဲ့ရတယ်ဆိုတဲ့ အကြောင်းအရင်းကို ပြောပြလာခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် အေသင်တို့ ချစ်သူနှစ်ယောက်ကို ဖူးစာဆုံစေခဲ့တဲ့ အေသင့်ရဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ဖူးစာဆိုတာ ဘယ်လိုအချိန် ဘယ်လိုနေရာမှာဖြစ်မလဲဆိုတာ ကြိုပြီးမသိနိုင်ကြောင်း အေသင်တို့ချစ်သူနှစ်ယောက်ရဲ့ အဖြစ်ကတော့ သက်သေပါပဲ။ ပရိသတ်ကြီးလည်း အေသင်ချိုဆွေတို့ချစ်သူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကိုသိခွင့်ရခဲ့လို့ အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Athen Cho Swe’s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

error: Alert: Content is protected !!