ေနရာအနံွ့ ပရဟိတအလုပ္ေတြလုပ္ကိုင္ရင္း ေနမေကာင္းျဖစ္တာေၾကာင့္ Covid-19 ေရာဂါပိုးရိွ၊ မရိွ စစ္ေဆးခဲ့ရတဲ့ ဇြဲလေရာင္
|သရုပ္ေဆာင္တစ္ေယာက္လည္းျဖစ္သလို၊ အဆိုေတာ္တစ္ေယာက္လည္းျဖစ္တဲ့ ဇြဲလေရာင္ကေတာ့ အနုပညာမွာ ထူးခြ်န္ထက္ျမက္သလို ၾကင္နာတတ္တဲ့ စိတ္နွလံုးသားကိုလည္း ပိုင္ဆုိင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ ဇြဲလေရာင္က အနုပညာအလုပ္ေတြကို ဆက္တိုက္ဆိုသလို လုပ္ကိုင္သလို တစ္ဖက္မွာလည္း ရန္ကုန္နာေရးကူညီမႈအသင္းရဲ့ အသင္းသားတစ္ေယာက္အေနနဲ့ အမ်ားအက်ိဳးကို စြမ္းစြမ္းတမံသယ္ပိုးေဆာင္ရြက္ေနတာပဲ ျဖစ္ပါတယ္။ ေနရာအနံွ့ ပရဟိတအလုပ္ေတြလုပ္ကိုင္ေနတဲ့ ဇြဲလေရာင္က ေနမေကာင္းျဖစ္ေနတာေၾကာင့္ ကိုယ့္ကိုကိုယ္ စိတ္ရွင္းသြားရေအာင္ ေဆးစစ္ခ်က္တစ္ခုျပဳလုပ္ခဲ့ေၾကာင္း အခုလိုပဲ ေျပာလာပါတယ္။
ဇြဲလေရာင္က “၃ ရက္ေလာက္ ရွိၿပီ ဖ်ားေနတာ ၊ဒီေန႔သက္သာေပမယ့္ စိတ္ထဲမွာ ရွင္းေအာင္ covid စစ္လိုက္ပါတယ္၊Negative ဆိုတဲ့ အေျဖေလးေၾကာင့္ အားလုံးဝမ္းသာေအာင္ တင္လိုက္ပါသည္၊ စစ္ျဖစ္ေအာင္ စီစဥ္ေပးတဲ့ ဦးေမာင္ ႏွင့္ နာကူ႐ုံးမွ မေစာတင္ဇာ၊ကိုခိုင္ၿဖိဳး၊ကိုရဲသြင္ထြဋ္ ၊တာဝန္ရွိသူမ်ားအားလုံး ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ🙏🙏🙏” ဆိုျပီး ေနမေကာင္းျဖစ္ေနေပမယ့္ ေရာဂါပိုးလံုးဝမရိွေၾကာင္း ဝမ္းသာစြာနဲ့ ေျပာလာပါတယ္။
ဇြဲလေရာင္ကေတာ့ ပရဟိတသမားတစ္ေယာက္ပီပီ ေနရာေပါင္းစံု၊ လူေပါင္းစံုနဲ့ ထိေတြ့သြားလာဆက္ဆံေနရေပမယ့္ ကံေကာင္းေထာက္မစြာ ကိုဗစ္ေရာဂါပိုးကူးစက္ခံရျခင္းမရိွတာပဲ ျဖစ္ပါတယ္။ ဇြဲလေရာင္တစ္ေယာက္ ေနေကာင္းက်န္းမာစြာနဲ့ အမ်ားအက်ိဳးကို စြမ္းစြမ္းတမံ သယ္ပိုးေဆာင္ရြက္နိုင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: Zwe Layaung Zwe Layaung’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္
နေရာအနံှ့ ပရဟိတအလုပ်တွေလုပ်ကိုင်ရင်း နေမကောင်းဖြစ်တာကြောင့် Covid-19 ရောဂါပိုးရှိ၊ မရှိ စစ်ဆေးခဲ့ရတဲ့ ဇွဲလရောင်
သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို၊ အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ ဇွဲလရောင်ကတော့ အနုပညာမှာ ထူးချွန်ထက်မြက်သလို ကြင်နာတတ်တဲ့ စိတ်နှလုံးသားကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ဇွဲလရောင်က အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်သလို တစ်ဖက်မှာလည်း ရန်ကုန်နာရေးကူညီမှုအသင်းရဲ့ အသင်းသားတစ်ယောက်အနေနဲ့ အများအကျိုးကို စွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ နေရာအနံှ့ ပရဟိတအလုပ်တွေလုပ်ကိုင်နေတဲ့ ဇွဲလရောင်က နေမကောင်းဖြစ်နေတာကြောင့် ကိုယ့်ကိုကိုယ် စိတ်ရှင်းသွားရအောင် ဆေးစစ်ချက်တစ်ခုပြုလုပ်ခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။
ဇွဲလရောင်က “၃ ရက်လောက် ရှိပြီ ဖျားနေတာ ၊ဒီနေ့သက်သာပေမယ့် စိတ်ထဲမှာ ရှင်းအောင် covid စစ်လိုက်ပါတယ်၊Negative ဆိုတဲ့ အဖြေလေးကြောင့် အားလုံးဝမ်းသာအောင် တင်လိုက်ပါသည်၊ စစ်ဖြစ်အောင် စီစဉ်ပေးတဲ့ ဦးမောင် နှင့် နာကူရုံးမှ မစောတင်ဇာ၊ကိုခိုင်ဖြိုး၊ကိုရဲသွင်ထွဋ် ၊တာဝန်ရှိသူများအားလုံး ကျေးဇူးတင်ပါတယ် ခင်ဗျာ🙏🙏🙏” ဆိုပြီး နေမကောင်းဖြစ်နေပေမယ့် ရောဂါပိုးလုံးဝမရှိကြောင်း ဝမ်းသာစွာနဲ့ ပြောလာပါတယ်။
ဇွဲလရောင်ကတော့ ပရဟိတသမားတစ်ယောက်ပီပီ နေရာပေါင်းစုံ၊ လူပေါင်းစုံနဲ့ ထိတွေ့သွားလာဆက်ဆံနေရပေမယ့် ကံကောင်းထောက်မစွာ ကိုဗစ်ရောဂါပိုးကူးစက်ခံရခြင်းမရှိတာပဲ ဖြစ်ပါတယ်။ ဇွဲလရောင်တစ်ယောက် နေကောင်းကျန်းမာစွာနဲ့ အများအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Zwe Layaung Zwe Layaung’s fb
Bilie – Cele Connections