ဇနီးေမာင္နွံနွစ္ေယာက္စလံုး ရွားရွားပါးပါးရတဲ့ အားလပ္ရက္ရင္းမွာ အတူတူေလွ်ာက္လည္ရင္း ကေလးေတြလိုေပ်ာ္ရႊင္ေနၾကတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီ

အဆိုေတာ္ ေ႐ႊထူးနဲ႔ သ႐ုပ္ေဆာင္ ေ႐ႊမႈံရတီကေတာ့ ျမင္ရသူတိုင္း အားက်ဖြယ္ သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့ အိမ္ေထာင္ေရးတစ္ခုကို တည္ေဆာက္ထားတာပဲ ျဖစ္ပါတယ္။ ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီက ခ်စ္သူသက္တမ္း ခဏေလးအတြင္းမွာ လက္ထပ္ခဲ့ၾကတယ္ဆိုေပမယ့္ သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္ကေတာ့ အရမ္းကိုနက္ရႈိင္းၿပီး ေလးနက္မႈရွိတယ္ဆိုတာကိုေတာ့ သက္ေသျပဖို႔မလိုပါဘူး။ လက္ရိွအခ်ိန္ထိလည္း ေရႊထူးနဲ့ ေရႊမႈံရတီက တစ္ေယာက္ရဲ့ လိုအပ္ခ်က္ေတြကို တစ္ေယာက္ ျဖည့္စည္းေပးကာ သာယာေအးခ်မ္းတဲ့ အိမ္ေထာင္တစ္ခုကို တူနွစ္ကိုယ္ ပံုေဖာ္ေနၾကတာပဲ ျဖစ္ပါတယ္။

နွစ္ေယာက္စလံုး ေအာင္ျမင္တဲ့ အနုပညာရွင္ေတြပီပီ အားလပ္ခ်ိန္ေတြ အရမ္းနည္းတဲ့ ေရႊထူးနဲ့ ေရႊမႈံရတီက ဒီကေန့မွာေတာ့ ရွားရွားပါးပါးအားလပ္ရက္မွာ အတူတူေလွ်ာက္လည္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ေရႊထူးနဲ့ ေရႊမႈံရတီက အားလပ္တဲ့အခ်ိန္ေလးမွာ စိတ္လြတ္ကိုယ္လြတ္ေလွ်ာက္လည္ရတာမို့ နွစ္ေယာက္သား အရမ္းေပ်ာ္ရႊင္ေနျပီး ကေလးေလးေတြလို ျမဴးတူးေနၾကတာကို အခုလိုမ်ိဳးပဲ ေတြ့ရပါတယ္။

ေရႊထူးနဲ့ ေရႊမႈံရတီတို့ကေတာ့ ဒီကေန့ နွစ္သစ္မွာ ဇနီးေမာင္နွံနွစ္ေယာက္တည္း ေလွ်ာက္လည္ရင္း ေပ်ာ္စရာေကာင္းတဲ့ အမွတ္တရေတြကို ဖန္တီးေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေရႊထူးနဲ့ ေရႊမႈံရတီတို့လိုမ်ိဳး ကိုယ္ခ်စ္ရသူနဲ့ ေပ်ာ္စရာေကာင္းတဲ့ အခိုက္အတံ့ေတြကို ပိုင္ဆိုင္နိုင္ၾကပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htoo Khant ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ဇနီးမောင်နှံနှစ်ယောက်စလုံး ရှားရှားပါးပါးရတဲ့ အားလပ်ရက်ရင်းမှာ အတူတူလျှောက်လည်ရင်း ကလေးတွေလိုပျော်ရွှင်နေကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီကတော့ မြင်ရသူတိုင်း အားကျဖွယ် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက ချစ်သူသက်တမ်း ခဏလေးအတွင်းမှာ လက်ထပ်ခဲ့ကြတယ်ဆိုပေမယ့် သူတို့နှစ်ယောက်ရဲ့အချစ်ကတော့ အရမ်းကိုနက်ရှိုင်းပြီး လေးနက်မှုရှိတယ်ဆိုတာကိုတော့ သက်သေပြဖို့မလိုပါဘူး။ လက်ရှိအချိန်ထိလည်း ရွှေထူးနဲ့ ရွှေမှုံရတီက တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို တစ်ယောက် ဖြည့်စည်းပေးကာ သာယာအေးချမ်းတဲ့ အိမ်ထောင်တစ်ခုကို တူနှစ်ကိုယ် ပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။

နှစ်ယောက်စလုံး အောင်မြင်တဲ့ အနုပညာရှင်တွေပီပီ အားလပ်ချိန်တွေ အရမ်းနည်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ဒီကနေ့မှာတော့ ရှားရှားပါးပါးအားလပ်ရက်မှာ အတူတူလျှောက်လည်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အားလပ်တဲ့အချိန်လေးမှာ စိတ်လွတ်ကိုယ်လွတ်လျှောက်လည်ရတာမို့ နှစ်ယောက်သား အရမ်းပျော်ရွှင်နေပြီး ကလေးလေးတွေလို မြူးတူးနေကြတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ ဒီကနေ့ နှစ်သစ်မှာ ဇနီးမောင်နှံနှစ်ယောက်တည်း လျှောက်လည်ရင်း ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့လိုမျိုး ကိုယ်ချစ်ရသူနဲ့ ပျော်စရာကောင်းတဲ့ အခိုက်အတံ့တွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant ‘s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

error: Alert: Content is protected !!