



ယူနီကုဒ်ဖြင့်ဖတ်ရန်

ချစ်ရတဲ့ အစ်မ မေသန်းနုရဲ့ ပထမဦးဆုံး ဆိုင်ဖွင့်ပွဲလေးကို လူကိုယ်တိုင်သွားရောက်ဝန်းရံခဲ့တဲ့ ခိုင်သင်းကြည်

ပြည်သူချစ် မင်းသမီးကြီးတွေဖြစ်ကြတဲ့ မေသန်းနုနဲ့ ခိုင်သင်းကြည်ကတော့ အနုပညာလောကထဲ ဝင်ရောက်ခဲ့တဲ့အချိန် မတူညီကြပေမယ့် တွဲဖက်ညီညီနဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ကတော့ မေသန်းနုထက် ငယ်ရွယ်သူတစ်ယောက်လည်းဖြစ်သလို ဂျူနီယာတစ်ယောက်လည်းဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် အနုပညာညီအစ်မအရင်းသဖွယ် ချစ်ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းလွန်းတဲ့ မေသန်းနုနဲ့ ခိုင်သင်းကြည်တို့ နှစ်ယောက်စလုံးကိုချစ်ကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၈) ရက်နေ့မှာတော့ မေသန်းနုက သူမကိုယ်တိုင် ရောင်းချတဲ့ “ရွှေဆင့်” မြိတ်စားသောက်ကုန်ဆိုင်လေး ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။ မေသန်းနုရဲ့ ပထမဦးဆုံး ဆိုင်လေးအတွက် ခိုင်သင်းကြည်က သူမကိုယ်တိုင်သွားရောက် အားပေးဝန်းရံခဲ့ကြောင်းကို “ဒီနေ့”ရွှေဆင့်”ဆိုင်ဖွင့်ပွဲမှာမဆင့်နဲ့အမှတ်တရ💛” ဆိုပြီး မေသန်းနုနဲ့ အမှတ်တရ ပုံရိပ်လေးကို ချပြလာခဲ့ပါတယ်။

ခိုင်သင်းကြည်ကတော့ သူမရဲ့ အစ်မရင်းသဖွယ်ချစ်ရတဲ့ မေသန်းနုရဲ့ ဆိုင်ဖွင့်ပွဲလေးကို သွားရောက်ပြီး အားပေးဝန်းရံခဲ့တာ ဖြစ်ပါတယ်။ မေသန်းနုရဲ့ ဆိုင်ကြီးလည်း ရောင်းကောင်းပြီး နောက်ထပ်ဆိုင်ခွဲတွေထပ်ဖွင့်နိုင်တဲ့အထိ အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: KHINE THIN KYI’s fb
Bilie – Cele Connections

error: Alert: Content is protected !!