အသက္နွစ္ဆယ္စြန္းစြန္းအရြယ္ေလးနဲ့တင္ အေပ်ာ္အပါးမမက္ပဲ ရင့္က်က္တည္ျငိမ္တဲ့ခ်စ္ဇနီးေလးေၾကာင့္ ဂုဏ္ယူမဆံုးျဖစ္ေနတဲ့ ေရႊထူး

အနုပညာေလာကရဲ့ ေတာက္ပတဲ့ ေငြၾကယ္ပြင့္နွစ္ေယာက္ျဖစ္တဲ့ ေရႊထူးနဲ့ ေရႊမႈံရတီကေတာ့ အသက္ငယ္ငယ္ေလးေတြနဲ့ ေအာင္ျမင္တဲ့ ေနရာတစ္ခုမွာ ရပ္တည္ေနၾကသူမ်ား ျဖစ္ၾကပါတယ္။ ေရႊမႈံရတီကေတာ့ ထိပ္တန္းမင္းသမီးတစ္ေယာက္ျဖစ္သလို ေရႊထူးကလည္း နုိင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္အျဖစ္ တူညီတဲ့ အနုပညာေလာကထဲမွာ က်င္လည္ေနၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြေတာ့ ေရႊထူးနဲ့ ေရႊမႈံရတီတို့ကို တစ္ေယာက္ခ်င္းစီျဖစ္ေစ၊ စံုတြဲလိုက္ျဖစ္ေစ ခ်စ္ခင္စြာနဲ့ အားေပးၾကတာပဲ ျဖစ္ပါတယ္။

ေရႊထူးကေတာ့ အခုဆိုရင္ အသက္ (၂၈) နွစ္အရြယ္ ရင့္က်က္သူတစ္ေယာက္ျဖစ္ေနျပီဆိုေပမယ့္ ေရႊမႈံရတီကေတာ့ အသက္ (၂၂) နွစ္အရြယ္သာရိွေသးတာမုိ့ လူငယ္လူရြယ္တစ္ေယာက္လို့ ဆိုနိုင္ပါတယ္။ ဒါေပမယ့္ အရြယ္နဲ့မလုိက္ေအာင္ ေအာင္ျမင္ေက်ာ္ၾကားေနျပီျဖစ္တဲ့ ေရႊမႈံရတီကေတာ့ ေအာင္ျမင္မႈအေပၚ သာယာျခင္းမရိွပဲ အလုပ္ခ်ိန္မွာ အလုပ္လုပ္သလို အားလပ္တဲ့အခ်ိန္မွာလည္း ဘုရားတရားလုပ္ရင္းနဲ့သာ အခ်ိန္ကုန္ဆံုးတတ္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ေရႊထူးကလည္း ခ်စ္ဇနီးေလး ေရႊမႈံရတီ ဘုရားဝတ္ျပဳခ်ိန္တိုင္းမွာ ဓာတ္ပံုေလးေတြရိုက္ထားတတ္ျပီး ခ်စ္ဇနီးရဲ့ လိမၼာပံုကို ဂုဏ္ယူတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ထင္မထားေလာက္ေအာင္ ေအးေဆးတည္ျငိမ္လြန္းတဲ့ ေရႊမႈံေလးရဲ့ ပံုရိပ္ေလးကိုၾကည့္ျပီး ပိုလို့ေတာင္ ခ်စ္သြားၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htoo Khant’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

အသက်နှစ်ဆယ်စွန်းစွန်းအရွယ်လေးနဲ့တင် အပျော်အပါးမမက်ပဲ ရင့်ကျက်တည်ငြိမ်တဲ့ချစ်ဇနီးလေးကြောင့် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ ရွှေထူး

အနုပညာလောကရဲ့ တောက်ပတဲ့ ငွေကြယ်ပွင့်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အသက်ငယ်ငယ်လေးတွေနဲ့ အောင်မြင်တဲ့ နေရာတစ်ခုမှာ ရပ်တည်နေကြသူများ ဖြစ်ကြပါတယ်။ ရွှေမှုံရတီကတော့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်သလို ရွှေထူးကလည်း နိုင်ငံကျော် အဆိုတော်တစ်ယောက်အဖြစ် တူညီတဲ့ အနုပညာလောကထဲမှာ ကျင်လည်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကို တစ်ယောက်ချင်းစီဖြစ်စေ၊ စုံတွဲလိုက်ဖြစ်စေ ချစ်ခင်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါတယ်။

ရွှေထူးကတော့ အခုဆိုရင် အသက် (၂၈) နှစ်အရွယ် ရင့်ကျက်သူတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် ရွှေမှုံရတီကတော့ အသက် (၂၂) နှစ်အရွယ်သာရှိသေးတာမို့ လူငယ်လူရွယ်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အရွယ်နဲ့မလိုက်အောင် အောင်မြင်ကျော်ကြားနေပြီဖြစ်တဲ့ ရွှေမှုံရတီကတော့ အောင်မြင်မှုအပေါ် သာယာခြင်းမရှိပဲ အလုပ်ချိန်မှာ အလုပ်လုပ်သလို အားလပ်တဲ့အချိန်မှာလည်း ဘုရားတရားလုပ်ရင်းနဲ့သာ အချိန်ကုန်ဆုံးတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ရွှေထူးကလည်း ချစ်ဇနီးလေး ရွှေမှုံရတီ ဘုရားဝတ်ပြုချိန်တိုင်းမှာ ဓာတ်ပုံလေးတွေရိုက်ထားတတ်ပြီး ချစ်ဇနီးရဲ့ လိမ္မာပုံကို ဂုဏ်ယူတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထင်မထားလောက်အောင် အေးဆေးတည်ငြိမ်လွန်းတဲ့ ရွှေမှုံလေးရဲ့ ပုံရိပ်လေးကိုကြည့်ပြီး ပိုလို့တောင် ချစ်သွားကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb
Bilie – Cele Connections

error: Alert: Content is protected !!