



ယူနီကုဒ်ဖြင့်ဖတ်ရန်

အတူတူစားသောက်နေကြတဲ့ သူငယ်ချင်းတွေတောင် ပါးစပ်အဟောင်းသားနဲ့ အံ့သြသွားလောက်အောင် ပြုလုပ်ခဲ့တဲ့ ကျော်ကျော်ရဲ့ အပြုအမူတစ်ခု

သရုပ်ဆောင် ကျော်ကျော်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကျော်ကျော်ကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဒုတိယမင်းသား၊ ဇာတ်ပို့တစ်ယောက်အဖြစ် သရုပ်ဆောင်တာများပေမယ့် သူ့ရဲ့ အောင်မြင်မှုကတော့ နာမည်ကြီးထိပ်တန်းသရုပ်ဆောင်တွေနဲ့တောင်ယှဉ်လို့ ရနိုင်တာပဲ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဟန်ဆောင်မှုတွေကင်းတဲ့ ကျော်ကျော်က ပရိသတ်တွေကြားမှာတော့ ကောင်းသတင်းတွေနဲ့ ထင်ရှားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

အသက်သုံးဆယ်ကျော်အရွယ်အထိ အိမ်ထောင်မပြုသေးတဲ့ ကျော်ကျော်ကတော့ တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ကျော်ကျော်က သူနဲ့အတူတူ စားသောက်နေကြတဲ့ ပြေဇင်၊ သဉ္ဇာမြင့်မိုရ်တို့ သူငယ်ချင်းတွေကို ပါးစပ်အေဟောင်းသားဖြစ်သွားစေလောက်တဲ့အထိ ပြုလုပ်ခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။

ကျော်ကျော်ကတော့ ပျော်ပျော်နေတတ်သူတစ်ယောက်ပီပီ စားရင်းသောက်ရင်းနဲ့တောင် မထင်ရင်မထင်သလို ထ ကပြတတ်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ကျော်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ’s fb
Bilie – Cele Connections

error: Alert: Content is protected !!