



ယူနီကုဒ်ဖြင့်ဖတ်ရန်

အကယ်ဒမီဆုရှင်မင်းသမီးဆိုပေမယ့် မိတ်ကပ်ဆရာကို နှစ်စဉ်ဂါရဝပြုကန်တော့တဲ့ အေးမြတ်သူရဲ့အကြောင်း ပြောပြလာတဲ့ ညီညီမောင်(စမ်းချောင်း)

မြန်မာနိုင်ငံရဲ့ နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)ကတော့ နာမည်ကြီးမင်းသမီးတွေရဲ့ ပင်တိုင်မိတ်ကပ်ဆရာတစ်ယောက်ပဲ ဖြစ်ပါတယ်။ ညီညီမောင် (စမ်းချောင်း)ရဲ့ မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ အေးမြတ်သူကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းမှာ ညီညီမောင်(စမ်းချောင်း)နဲ့ပဲ အလုပ်လုပ်လေ့ရှိပြီး အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် မိသားစုတွေလို ခင်မင်ရင်းနှီးကြတဲ့သူတွေပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ညီညီမောင်(စမ်းချောင်း) က အကယ်ဒမီဆုရှင်မင်းသမီးဆိုပေမယ့် မိတ်ကပ်ဆရာကို နှစ်စဉ်ဂါရဝပြုကန်တော့တဲ့ အေးမြတ်သူအကြောင်းကို “ပီတိဖြစ်ရတဲ့နေ့ 😘 ချစ်စရာကောင်းတဲ့ ဓလေ့ရိုးရာ❤️ မိတ်ကပ်ပညာရှင် နဲ့ မင်းသမီး 😙 အမေ နဲ့သမီး၊ အစ်မနဲ့ညီမ လုပ်ဖော်ကိုင်ဖက် လို နေလာကျတာ နှစ်စဉ် ဝါကျွတ်ဂါရဝ လာပြုတဲ့ မမြတ်လေး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အကယ်ဒမီတွေ အများကြီးရပါစေ နော် ❤️❤️❤️” ဆိုပြီး ပီတိဖြစ်စွာ ပြောပြလာပါတယ်။

ညီညီမောင် (စမ်းချောင်း) ကတော့ သူ့ကို ညီအစ်မလို ဆွေမျိုးသားချင်းလို သဘောထားကာ လေးစားရိုသေတဲ့ အကယ်ဒမီ အေးမြတ်သူအတွက် ရင်ထဲက ဆန္ဒတွေများစွာနဲ့ ဆုတောင်းမေတ္တာ ပို့သထားတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး စိတ်ထားလှတဲ့ အေးမြတ်သူတစ်ယောက် ဒီထက်မက အကယ်ဒမီဆုတွေများစွာ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nyi Nyi Mg- Sanchaung’s fb
Bilie – Cele Connections

error: Alert: Content is protected !!