



Source: Lwin Moe’s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေအတွက် ကြော်ငြာကို ချစ်ဇနီး၊ သမီးငယ်တို့ရဲ့ အကူအညီနဲ့ ကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တယ်ဆိုတဲ့ လွင်မိုး

အကယ်ဒမီများရှင် မင်းသားကြီး လွင်မိုးကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကာလမှာတော့ သူ့ခေတ်သူ့အခါလို့ ဆိုရလောက်အောင် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ လက်မလည်အောင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ လွင်မိုးက အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ကိုင်နေတာကြောင့် အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ လွင်မိုးနဲ့အတူတူ ချစ်စရာကောင်းပြီး စည်းလုံးသိုက်ဝန်းတဲ့ သူ့ရဲ့ မိသားစုလေးကို ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေကြောင့် အနုပညာအလုပ်တွေဘက် မလှည့်နိုင်တော့တဲ့ လွင်မိုးက ဘယ်လောက်ပဲအချိန်တွေကြာကြာ အနုပညာအပေါ် ချစ်မြတ်နိုးစိတ်ကတော့ ပျောက်ကွယ်မသွားပါဘူး။ ဒီကနေ့မှာလည်း လွင်မိုးက သူ့ရဲ့ လီလီပန်းကြော်ငြာအတွက် ချစ်ဇနီးမေသူကို ကင်မရာကိုင်ခိုင်း၊ သမီးငယ် ဒီဒီးကို Edit လုပ်ခိုင်းရင်း သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့ကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

လွင်မိုးကတော့ အနုပညာသမားတစ်ယောက်ပီပီ အခုလို ခက်ခဲတဲ့ကိုဗစ်ကာလမှာ ကြော်ငြာတစ်ခုအတွက် ရှိသမျှ အရည်အချင်းတွေကို ထုတ်သုံးပြီး ဇနီး၊ သမီးတို့ရဲ့ အကူအညီနဲ့ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Lwin Moe’s fb
Bilie – Cele Connections

error: Alert: Content is protected !!