



ယူနီကုဒ်ဖြင့်ဖတ်ရန်

အနေအေးပြီး တည်ငြိမ်တယ်လို့ ပရိသတ်တွေ ထင်ကြေးပေးကြပေမယ့် ထင်မထားလောက်အောင် ရုပ်ပြောင်လွန်းတဲ့ ဒေါင်းရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေး

ရင့်ကျက်တည်ငြိမ်ပြီး ညှို့မျက်ဝန်းတွေကို ပိုင်ဆိုင်ထားတဲ့ ဒေါင်းက မိန်းကလေးတိုင်းရဲ့ စိတ်ကူးအိပ်မက်ထဲက မင်းသားတစ်ယောက်ပါပဲ။ ဒေါင်းဟာ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးရဲ့ စင်တင်မင်းသားတစ်ယောက်ဖြစ်ပြီး ဘောလုံးသမားတစ်ယောက်အဖြစ်ကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ အသက်သုံးဆယ်ကျော်အရွယ်ရောက်ရှိနေပြီဖြစ်တဲ့ ဒေါင်းက လူကြီးတစ်ယောက်လို ရင့်ကျက်တည်ငြိမ်လွန်းပြီး စိတ်နှလုံးသားလည်း အေးချမ်းလွန်းတာကြောင့် ပရိသတ်တွေက လေးစားစိတ်နဲ့ ချစ်ခင်ရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

အနေအေးပြီး တည်ငြိမ်လွန်းတဲ့ ဒေါင်းကတော့ အရမ်းကို လူကြီးဆန် ရင့်ကျက်တယ်လို့ ထင်ရပေမယ့် တစ်ခါတစ်လေမှာလည်း စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်စွာ နေတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဒေါင်းက သူနဲ့ M ဆိုင်းလုတို့ရဲ့ ကြော်ငြာရိုက်ကွင်းပေါ်က အမှတ်တရဗီဒီယိုလေးကို မျှဝေရင်း အနေအေးပြီး တည်ငြိမ်တယ်လို့ ပရိသတ်တွေ ထင်ကြေးပေးထားကြတဲ့ သူ့ရဲ့ ပုံရိပ်ကို ပရိသတ်တွေကို ပြသလာခဲ့ပါတယ်။

ဒေါင်းကတော့ ပရိသတ်တွေ ထင်မထားလောက်တဲ့ ချစ်စရာကောင်းတဲ့ အပြုအမူတွေကိုလည်း ပိုင်ဆိုင်ထားတာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: DAUNG – ဒေါင်းး’s fb
Bilie – Cele Connections

error: Alert: Content is protected !!