



Source: Baby Maung ‘s fb
ယူနီကုဒ်ဖြင့်ဖတ်ရန်

အိုးမကွာအိမ်မကွာပဲ ဖွင့်လှစ်မယ့် သူမရဲ့ ချစ်စရာကောင်းတဲ့ အထည်ဆိုင်သစ်လေးကို ပရိသတ်တွေဆီ မိတ်ဆက်ပေးလာတဲ့ ဘေဘီမောင်

ချောမောတဲ့ ရုပ်ရည်နဲ့ လုံးကြီးပေါက်လှခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကတော့ အမျိုးသားပရိသတ်တွေကြားမှာ ရေပန်းစားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘေဘီမောင်က လူလေးလှသလို စိတ်ထားကောင်းပြီး စကားပြောပွင့်လင်းသူမို့ ပရိသတ်တွေက အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ ဘေဘီမောင်ကတော့ မိသားစုရဲ့ သမီးကြီးပီပီ အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေသလို စီးပွားရေးလုပ်ငန်းတွေမှာလည်း အားကြိုးမာန်တက်နဲ့ ကြိုးစားရှာဖွေနေတာပဲ ဖြစ်ပါတယ်။

အွန်လိုင်းကနေ အထည်တွေရောင်းချနေတဲ့ ဘေဘီမောင်က ဒီကနေ့မှာတော့ သူမရဲ့ ဆိုင်ခန်းအသစ်လေးနဲ့ ပရိသတ်ကို မိတ်ဆက်ပေးလာခဲ့ပါတယ်။ ဘေဘီမောင်က “အိုးမကွာအိမ်မကွားလေး တပိုင်တနိုင်စီးပွားရေး🥰 အမြည်းလေးပါ မှာထားတဲ့ပစ္စည်းတွေ ဒင်းပြည့်ကျပ်ပြည့်ထည့်ဖို့ကျန်သေးတယ်😌❤️ ငဗစ်အခြေနေကြောင့် မဖွင့်သေး အခြေနေကောင်းရင် ဆိုင်ဖွင့်ပွဲလေးလုပ်မယ်နော်🥰” ဆိုပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ ဆိုင်ခန်းလေးကို ပြသလာပါတယ်။

ဘေဘီမောင်ကတော့ အွန်လိုင်းကနေ အထည်လေးတွေ ရောင်းချနေရမှ ဆိုင်ခန်းလေးနဲ့ သေသေသပ်သပ်ရောင်းချနိုင်တဲ့အထိ အောင်မြင်လာခဲ့တာ ချီးကျူးစရာပါပဲနော်။ အလုပ်ကြိုးစားပြီး စိတ်ထားကောင်းတဲ့ ဘေဘီမောင်တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Baby Maung ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!