ယူနီကုဒ်ဖြင့်ဖတ်ရန်
အနုပညာရှင်တိုင်းမရနိုင်တဲ့ ဂီတမှတ်တိုင်တစ်ခုကို ထူးထူးခြားခြားရောက်ရှိခဲ့တဲ့ ခင်ပွန်းဖြစ်သူ ရွှေထူးအတွက် ဂုဏ်ယူကြောင်းပြောလာတဲ့ ရွှေမှုံရတီ
ပြည်သူချစ် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ သူတို့ကျင်လည်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေရရှိနေကြသူများ ဖြစ်ကြပါတယ်။ ပရိသတ်တွေကလည်း နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီလွန်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကို နှစ်ယောက်တွဲဖြစ်စေ၊ တစ်ယောက်ချင်းစီဖြစ်စေ အားပေးကြလျက်ရှိပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီကလည်း တစ်ယောက်ရဲ့အလုပ် တစ်ယောက် ပါရမီဖြည့်ရင်း အနုပညာအလုပ်တွေကိုသာ အာရုံစိုက်လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ရွှေထူးက JOOX Application ၏ ၂၀၂၀ တစ်နှစ်တာအတွင်း ပြည်တွင်း၊ ပြည်ပ အနုပညာရှင်များ၏ နားဆင်သူဦးရေ၊ Follower နဲ့ Top Chart အတွင်းဝင်ရောက်ခဲ့မှုများကို စိစစ်တွက်ချက်ပြီး ဇကာတင်ဖော်ပြထားသောစာရင်းတွင်ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း အနုပညာရှင်တိုင်းမရနိုင်တဲ့ မှတ်တိုင်တစ်ခုကို ထူးထူးခြားခြားရောက်ရှိခဲ့တဲ့ ခင်ပွန်းဖြစ်သူ ရွှေထူးအတွက် ဂုဏ်ယူကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောလာပါတယ်။
ရွှေမှုံရတီကတော့ သူမကိုယ်တိုင်လည်း ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံခြားရုပ်ရှင်ထူးချွန်ဆု (၂) ဆုကိုလည်း ရရှိခဲ့ပြီး အခုတစ်ခါမှာလည်း ရွှေထူးက JOOX ရဲ့တစ်နှစ်တာအတွင်း နားဆင်သူဦးရေ၊ Follower နဲ့ Top Chart အတွင်းဝင်ရောက်မှုစာရင်းမှာ ဆန်ကာတင်ပါဝင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ရွှေနှစ်ရွှေရ ပိုပြီးအားတက်စေရအောင် သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Shwe Hmone Yati’s fb
Bilie – Cele Connections