



ယူနီကုဒ်ဖြင့်ဖတ်ရန်

လူစည်ကားလွန်းတဲ့ ဈေးဝယ်စင်တာကြီးထဲမှာ ဘေးနားကလူတွေအားလုံးကိုမေ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါရမ်းကာ ကနေခဲ့တဲ့ တင်မောင်ဆန်းမင်းဝင်းရဲ့ ဗီဒီယို

ဇာတ်မင်းသားကြီး ဦးဆန်းဝင်းရဲ့ အနုပညာအမွေတွေကို ဆက်ခံထားတဲ့ မင်းသားချော တင်မောင်ဆန်းမင်းဝင်းကတော့ အဆိုရော၊ အကပါကောင်းတာကြောင့် ဇာတ်သဘင်ချစ်မြတ်နိုးသူတွေရဲ့ အသည်းစွဲ မင်းသားတစ်ယောက်ပါပဲ။ တင်မောင်ဆန်းမင်းဝင်းကတော့ ပျော်ပျော်နေတတ်ပြီး ဟန်ဆောင်မှုမရှိ ပွင့်လင်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ပိုလို့တောင်ရရှိနေတာပဲ ဖြစ်ပါတယ်။ တင်မောင်ဆန်းမင်းဝင်းကလည်း အိမ်ထောင်ကျပြီး ကလေးအဖေဖြစ်သွားပေမယ့်လည်း သူ့ရဲ့ ပျော်ပျော်နေတတ်တဲ့ ပုံစံကတော့ ပြောင်းလဲသွားခြင်းမရှိတာကို တွေ့ရပါတယ်။

ဟန်ဆောင်မှုမရှိတဲ့ မင်းသားချော တင်မောင်ဆန်းမင်းဝင်းကတော့ ဒီကနေ့မှာလည်း ပရိသတ်တွေ အံ့သြလောက်စရာ အပြုအမူလေးတစ်ခုကို ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အဲ့ဒါကတော့ တင်မောင်ဆန်းမင်းဝင်းက သူတွေအများကြီးရှိတဲ့ ဈေးဝယ်စင်တာကြီးထဲမှာ ဘေးနားကလူတွေအားလုံးကိုမေ့ပြီး ကနေခဲ့တာကို အချစ်ဆုံးသူငယ်ချင်း ဟန်ဇာမိုးဝင်းက အခုလိုပဲ ဗီဒီယိုလေး ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

တင်မောင်ဆန်းမင်းဝင်းကတော့ ဈေးဝယ်စင်တာထဲမှာ ဈေးဝယ်ရင်းနဲ့ စိတ်ကူးပေါက်ပြီး ကနေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း တင်မောင်ဆန်းမင်းဝင်းရဲ့ ဖြစ်ပုံကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thazin Htoo Myint & Han Zar Moe Win’s fb
Bilie – Cele Connections

error: Alert: Content is protected !!