မဂၤလာပြဲမက်င္းပေသးခင္အခ်ိန္မွာေတာင္ မဂၤလာဦးအႀကိဳအလႉေတြျပဳလုပ္ရင္း ကုသိုလ္ယူေနၾကတဲ့ ႏိုင္းဝမ္းတို႔ ခ်စ္သူနွစ္ဦး

လူငယ္ႀကိဳက္ေတးသံရွင္တစ္ေယာက္ျဖစ္တဲ့ ႏိုင္းဝမ္းကေတာ့ သီခ်င္းေတြကို ကိုယ္တိုင္ေရး၊ ကိုယ္တိုင္သီဆိုရင္း ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရွိခဲ့သူ ျဖစ္ပါတယ္။ လူငယ္တစ္ေယာက္ပီပီ ပြင့္ပြင့္လင္းလင္း ေျပာဆိုေနထိုင္တတ္တဲ့ ႏိုင္းဝမ္းကေတာ့ သူ႔ရဲ႕ ေနထိုင္မႈပုံစံနဲ႔ ပက္သတ္ၿပီးလည္း အိမ္ေထာင္ေရးကိစၥကအစ အကုန္လုံးကို ခ်ျပထားတာ ျဖစ္ပါတယ္။ ႏိုင္းဝမ္းကေတာ့ မၾကာခင္ ဒီဇင္ဘာလအတြင္းမွာ သူ႔ရဲ႕ခ်စ္သူ ေလယာဥ္မယ္ေလးနဲ႔ လက္ထပ္ဖို႔ ျပင္ဆင္ေနၿပီပဲ ျဖစ္ပါတယ္။

ႏိုင္းဝမ္းကေတာ့ သူ႔ရဲ႕ မဂၤလာရွိတဲ့ အခ်ိန္အခါေလးကို ျဖတ္သန္းဖို႔ အခုကတည္းက ရင္ခုန္စိတ္လႈပ္ရွားေနၿပီပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ႏိုင္းဝမ္းတို႔ ဇနီးေမာင္ႏွံက ျမဝတီၿမိဳ့ရွိသစ္တံခါးဆရာေတာ္အရွင္သူျမတ္ (၁၀၈)ရက္ အဓိဌာန္ဝင္မည့္ ကာလအတြင္း ေခတၱသီးတင္းသုံးမည့္ အမွတ္(၂၇၅)ျမသုခ သာ့သာနာရိပ္သာ ေက်ာင္းဝင္းအတြင္းရွိ အေဆာက္အဦးအတြက္ အလွူေငြ(၁၀,၀၀၀၀)က်ပ္ လွဴဒါန္းျပီး မဂၤလာဦးအလွဴေလး ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။

နိုင္းဝမ္းတို့ ခ်စ္သူနွစ္ေယာက္ကေတာ့ မဂၤလာပြဲမက်င္းပေသးခင္အခ်ိန္မွာေတာင္ မဂၤလာဦးအႀကိဳအလႉေတြျပဳလုပ္ရင္း ကုသိုလ္ယူေနၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း နိုင္းဝမ္းတုိ့ ခ်စ္သူနွစ္ေယာက္ရဲ့ ကုသိုလ္ေလးကို သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Kyaw Zin Latt’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

မင်္ဂလာပွဲမကျင်းပသေးခင်အချိန်မှာတောင် မင်္ဂလာဦးအကြိုအလှူတွေပြုလုပ်ရင်း ကုသိုလ်ယူနေကြတဲ့ နိုင်းဝမ်းတို့ ချစ်သူနှစ်ဦး

လူငယ်ကြိုက်တေးသံရှင်တစ်ယောက်ဖြစ်တဲ့ နိုင်းဝမ်းကတော့ သီချင်းတွေကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရှိခဲ့သူ ဖြစ်ပါတယ်။ လူငယ်တစ်ယောက်ပီပီ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်တဲ့ နိုင်းဝမ်းကတော့ သူ့ရဲ့ နေထိုင်မှုပုံစံနဲ့ ပက်သတ်ပြီးလည်း အိမ်ထောင်ရေးကိစ္စကအစ အကုန်လုံးကို ချပြထားတာ ဖြစ်ပါတယ်။ နိုင်းဝမ်းကတော့ မကြာခင် ဒီဇင်ဘာလအတွင်းမှာ သူ့ရဲ့ချစ်သူ လေယာဉ်မယ်လေးနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

နိုင်းဝမ်းကတော့ သူ့ရဲ့ မင်္ဂလာရှိတဲ့ အချိန်အခါလေးကို ဖြတ်သန်းဖို့ အခုကတည်းက ရင်ခုန်စိတ်လှုပ်ရှားနေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နိုင်းဝမ်းတို့ ဇနီးမောင်နှံက မြဝတီမြို့ရှိသစ်တံခါးဆရာတော်အရှင်သူမြတ် (၁၀၈)ရက် အဓိဌာန်ဝင်မည့် ကာလအတွင်း ခေတ္တသီးတင်းသုံးမည့် အမှတ်(၂၇၅)မြသုခ သာ့သာနာရိပ်သာ ကျောင်းဝင်းအတွင်းရှိ အဆောက်အဦးအတွက် အလှူငွေ(၁၀,၀၀၀၀)ကျပ် လှူဒါန်းပြီး မင်္ဂလာဦးအလှူလေး ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

နိုင်းဝမ်းတို့ ချစ်သူနှစ်ယောက်ကတော့ မင်္ဂလာပွဲမကျင်းပသေးခင်အချိန်မှာတောင် မင်္ဂလာဦးအကြိုအလှူတွေပြုလုပ်ရင်း ကုသိုလ်ယူနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နိုင်းဝမ်းတို့ ချစ်သူနှစ်ယောက်ရဲ့ ကုသိုလ်လေးကို သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Kyaw Zin Latt’s fb
Bilie – Cele Connections

error: Alert: Content is protected !!