ပိုင္တံခြန္၊ သႏၱာဗိုလ္နဲ့ သူငယ္ခ်င္းတစ္စုရဲ့ ထင္မထားေလာက္တဲ့ Surprise ေၾကာင့္ တစ္ခါမွမရဖူးတဲ့ ေပ်ာ္ရႊင္ၾကည္နူးမႈကို ရရိွခဲ့တဲ့ ေအာင္မင္းခန့္

မင္းသားေခ်ာ ေအာင္မင္းခန့္ကေတာ့ နိုင္ငံေက်ာ္ သရုပ္ေဆာင္ၾကီး နုိင္းနိုင္းရဲ့ ညီတစ္ဝမ္းကြဲျဖစ္ျပီး သူ့ရဲ့ကိုယ္ပိုင္အစြမ္းအစနဲ့ အနုပညာေလာကထဲမွာ ေအာင္ျမင္မႈရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ေအာင္မင္းခန့္က ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကားၾကီးေတြမွာ ပါဝင္သရုပ္ေဆာင္ခဲ့သလို ဇာတ္လမ္းတြဲေတြမွာလည္း ပရိသတ္အားေပးမႈကို ရရိွပိုင္ဆိုင္နိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရိွမွာလည္း ေအာင္မင္းခန့္က သူဝါသနာပါရာ အနုပညာအလုပ္ေတြကိုလုပ္ကိုင္ရင္း ခ်စ္သူမရိွတဲ့ တစ္ကိုယ္တည္း Single တစ္ေယာက္အျဖစ္ ရပ္တည္ေနလ်က္ရိွပါတယ္။

လာမယ့္ နိုဝင္ဘာလ (၂၅) ရက္ေန့ကေတာ့ ေအာင္မင္းခန့္ရဲ့ အသက္ (၃၀) နွစ္ျပည့္မယ့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ေအာင္မင္းခန့္က ေမြးေန့ေရာက္ဖို့ ရက္ပိုင္းေလာက္လိုေသးေပမယ့္ မေန့က နိုဝင္ဘာလ (၁၉) ရက္ေန့မွာေတာ့ ပိုင္တံခြန္၊ သႏၱာဗိုလ္၊ ေအာင္ေလး၊ ထက္ေအာင္ရိႈင္း၊ လင္းေအာင္ေခတ္၊ ေႏြးေႏြးခ်စ္ဖြယ္ စတဲ့ သူငယ္ခ်င္းေတြေၾကာင့္ Pre Birthday ေလးကို ဆင္္ႏႊဲခဲ့ရျပီး အံ့ၾသဝမ္းသာသြားခဲ့တာကို အခုလုိပဲ ေတြ့ရပါတယ္။

ေအာင္မင္းခန့္ကေတာ့ အသက္ (၃၀) အရြယ္ေရာက္လာတဲ့အထိ အခုလို Surprise တိုက္ခံရတာ ပထမဦးဆံုးအၾကိမ္မို့လို့ ထင္မထားေလာက္ေအာင္ ေပ်ာ္ရႊင္ခဲ့တာပဲ ျဖစ္ပါတယ္။ ေအာင္မင္းခန့္တစ္ေယာက္ အခုလို ေပ်ာ္ရႊင္မႈမ်ိဳးကို သက္ဆံုးတိုင္ထာဝရရိွပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Thandar Bo’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပိုင်တံခွန်၊ သန္တာဗိုလ်နဲ့ သူငယ်ချင်းတစ်စုရဲ့ ထင်မထားလောက်တဲ့ Surprise ကြောင့် တစ်ခါမှမရဖူးတဲ့ ပျော်ရွှင်ကြည်နူးမှုကို ရရှိခဲ့တဲ့ အောင်မင်းခန့်

မင်းသားချော အောင်မင်းခန့်ကတော့ နိုင်ငံကျော် သရုပ်ဆောင်ကြီး နိုင်းနိုင်းရဲ့ ညီတစ်ဝမ်းကွဲဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ အနုပညာလောကထဲမှာ အောင်မြင်မှုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အောင်မင်းခန့်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို ဇာတ်လမ်းတွဲတွေမှာလည်း ပရိသတ်အားပေးမှုကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အောင်မင်းခန့်က သူဝါသနာပါရာ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း ချစ်သူမရှိတဲ့ တစ်ကိုယ်တည်း Single တစ်ယောက်အဖြစ် ရပ်တည်နေလျက်ရှိပါတယ်။

လာမယ့် နိုဝင်ဘာလ (၂၅) ရက်နေ့ကတော့ အောင်မင်းခန့်ရဲ့ အသက် (၃၀) နှစ်ပြည့်မယ့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အောင်မင်းခန့်က မွေးနေ့ရောက်ဖို့ ရက်ပိုင်းလောက်လိုသေးပေမယ့် မနေ့က နိုဝင်ဘာလ (၁၉) ရက်နေ့မှာတော့ ပိုင်တံခွန်၊ သန္တာဗိုလ်၊ အောင်လေး၊ ထက်အောင်ရှိုင်း၊ လင်းအောင်ခေတ်၊ နွေးနွေးချစ်ဖွယ် စတဲ့ သူငယ်ချင်းတွေကြောင့် Pre Birthday လေးကို ဆင်နွှဲခဲ့ရပြီး အံ့သြဝမ်းသာသွားခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

အောင်မင်းခန့်ကတော့ အသက် (၃၀) အရွယ်ရောက်လာတဲ့အထိ အခုလို Surprise တိုက်ခံရတာ ပထမဦးဆုံးအကြိမ်မို့လို့ ထင်မထားလောက်အောင် ပျော်ရွှင်ခဲ့တာပဲ ဖြစ်ပါတယ်။ အောင်မင်းခန့်တစ်ယောက် အခုလို ပျော်ရွှင်မှုမျိုးကို သက်ဆုံးတိုင်ထာဝရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thandar Bo’s fb
Bilie – Cele Connections

error: Alert: Content is protected !!