တစ္ကိုယ္တည္း အပ်ိဳၾကီးပီပီ အခ်စ္ဆံုးသူငယ္ခ်င္းရဲ့ သားေလးကိုပဲ ေသြးသားရင္းလို ေန့ေန့၊ ညည အခ်စ္ပိုေနရတဲ့ ေဖြးေဖြး

ပရိသတ္ေတြက ေဖြးစိန္လို့ ခ်စ္စနိုးနဲ့ေခၚၾကတဲ့ မင္းသမီးေခ်ာေလး ေဖြးေဖြးကေတာ့ အသက္ (၁၉) နွစ္အရြယ္ကတည္းက မဂၢဇင္းမ်က္နွာဖံုးရွင္တစ္ေယာက္အျဖစ္ အနုပညာေလာကထဲကို ဝင္ေရာက္လာခဲ့တာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ အနုပညာသက္တမ္း (၁၃) နွစ္ေက်ာ္ရိွျပီျဖစ္တဲ့ ေဖြးေဖြးက ဒါရိုက္တာ ဝိုင္း ရိုက္ကူးေပးတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးေတြနဲ့ အကယ္ဒမီဆု (၃) ဆုတိတိ လက္ဝယ္ပိုင္ဆိုင္ထားခဲ့ျပီပဲ ျဖစ္ပါတယ္။ လက္ရိွအခ်ိန္ထိလည္း ေဖြးေဖြးက ထိပ္တန္းမင္းသမီးတစ္ေယာက္အျဖစ္ အနုပညာေလာကကို လႊမ္းမိုးခ်ဳပ္ကိုင္ထားနိုင္ဆဲ ျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္အရြယ္ကတည္းက အနုပညာအလုပ္ေတြ လုပ္ကိုင္လာတဲ့ ေဖြးေဖြးက အခုဆိုရင္ အသက္ (၃၃)နွစ္ထဲ ဝင္လာျပီဆိုေပမယ့္ သူမရဲ့ အိမ္ေထာင္ဘက္ကို ရွာေဖြမေတြ့ရိွေသးတာ ပရိသတ္ၾကီး ေတြ့ရမွာပဲ ျဖစ္ပါတယ္။ ဒီကေန့မွာလည္း ေဖြးေဖြးက သူမရဲ့ အခ်စ္ဆံုးသူငယ္ခ်င္း စာေရးဆရာမ မာရင္ရင္ရဲ့ သားေလးကိုသာ သူမရဲ့ သားေလးတစ္ေယာက္လို Video Call ေျပာကာ ေန့ေန့၊ ညည အခ်စ္ပိုေနရတာကို အခုလိုပဲ ေတြ့ရပါတယ္။

ေဖြးေဖြးကေတာ့ ခ်စ္သူရည္းစားေတြ ထားခဲ့ဖူးေပမယ့္ အသက္ (၃၅) နွစ္အရြယ္မွာမွ အိမ္ေထာင္မက်ရင္ တစ္သက္လံုးအပ်ိဳၾကီးလုပ္ေတာ့မယ္လို့ အင္တာဗ်ဴးေတြမွာ ေျဖဆိုထားတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ေဖြးစိန္ေလးကို အိမ္ေထာင္ျပဳေစခ်င္လား ေျပာျပခဲ့ပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Mar Yin Yin’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တစ်ကိုယ်တည်း အပျိုကြီးပီပီ အချစ်ဆုံးသူငယ်ချင်းရဲ့ သားလေးကိုပဲ သွေးသားရင်းလို နေ့နေ့၊ ညည အချစ်ပိုနေရတဲ့ ဖွေးဖွေး

ပရိသတ်တွေက ဖွေးစိန်လို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ အသက် (၁၉) နှစ်အရွယ်ကတည်းက မဂ္ဂဇင်းမျက်နှာဖုံးရှင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် အနုပညာသက်တမ်း (၁၃) နှစ်ကျော်ရှိပြီဖြစ်တဲ့ ဖွေးဖွေးက ဒါရိုက်တာ ဝိုင်း ရိုက်ကူးပေးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အကယ်ဒမီဆု (၃) ဆုတိတိ လက်ဝယ်ပိုင်ဆိုင်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း ဖွေးဖွေးက ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေ လုပ်ကိုင်လာတဲ့ ဖွေးဖွေးက အခုဆိုရင် အသက် (၃၃)နှစ်ထဲ ဝင်လာပြီဆိုပေမယ့် သူမရဲ့ အိမ်ထောင်ဘက်ကို ရှာဖွေမတွေ့ရှိသေးတာ ပရိသတ်ကြီး တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဖွေးဖွေးက သူမရဲ့ အချစ်ဆုံးသူငယ်ချင်း စာရေးဆရာမ မာရင်ရင်ရဲ့ သားလေးကိုသာ သူမရဲ့ သားလေးတစ်ယောက်လို Video Call ပြောကာ နေ့နေ့၊ ညည အချစ်ပိုနေရတာကို အခုလိုပဲ တွေ့ရပါတယ်။

ဖွေးဖွေးကတော့ ချစ်သူရည်းစားတွေ ထားခဲ့ဖူးပေမယ့် အသက် (၃၅) နှစ်အရွယ်မှာမှ အိမ်ထောင်မကျရင် တစ်သက်လုံးအပျိုကြီးလုပ်တော့မယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးစိန်လေးကို အိမ်ထောင်ပြုစေချင်လား ပြောပြခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Mar Yin Yin’s fb
Bilie – Cele Connections

error: Alert: Content is protected !!