တစ္အိမ္တည္းေနတာေတာင္ ခင္ပြန္းျဖစ္သူဏၾကီးကို သူ့ရဲ့အင္စတာဂရမ္က ဓာတ္ပံုတစ္ပံုေအာက္မွာ သြားျပီးရစ္စိန္သြားလုပ္ခဲ့တဲ့ ပိုင္ျဖိဳးသု

ပရိသတ္ေတြခ်စ္ၾကတဲ့ သရုပ္ေဆာင္ ပိုင္ျဖိဳးသုနဲ့ ဒါရိုက္တာ ဏၾကီးတုိ့ကေတာ့ ထပ္တူက်တဲ့ နွလံုးသားကို ပိုင္ဆိုင္ထားရံုသာမက အနုပညာအေပၚ တန္ဖိုးထားတဲ့ စိတ္ဓာတ္ခ်င္းလည္း ထပ္တူက်တာပဲ ျဖစ္ပါတယ္။ ပိုင္ျဖိဳးသုကေတာ့ ဏၾကီးထက္ အသက္ (၈) နွစ္ငယ္သူျဖစ္ျပီး ခင္ပြန္းအေပၚ ကေလးဆိုးေလးတစ္ေယာက္လို ႏြဲ့ဆိုးဆိုးတတ္သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ခ်စ္စရာေကာင္းတဲ့ မင္းသမီးနဲ့ အေနေအးတဲ့ ဒါရိုက္တာၾကီးတို့ရဲ့ ေပ်ာ္စရာေကာင္းတဲ့ အိမ္ေထာင္ေရးကို စိတ္ဝင္တစားရိွၾကတာပဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ပိုင္ျဖိဳးသုက သူမရဲ့ ႏြဲ့ဆိုးဆုိးတတ္တဲ့ ပံုစံေလးအတိုင္း ခင္ပြန္းျဖစ္သူဏၾကီးရဲ့ အင္စတာဂရမ္က ဓာတ္ပံုတစ္ပံုေအာက္မွာ သြားျပီးရစ္စိန္လုပ္ခဲ့ေၾကာင္း အခုလိုပဲ မွ်ေဝေပးလာပါတယ္။ ပိုင္ျဖိဳးသုက သူပိုင္တဲ့ကင္မရာေတြကို ဓာတ္ပံုထုတ္ရိုက္ထားတဲ့ ခင္ပြန္းျဖစ္သူကို “မိန္းမကိုက် ဝက္ျဖစ္ေနလို့ ဓာတ္ပံုမရိုက္ေပးဘူး။ သူ့ Camera ၾကီးကိုက် ရိုက္ေပးတယ္” ဆိုျပီး ႏြဲ့ဆိုးေလး ဆိုးခဲ့တာပဲ ျဖစ္ပါတယ္။

ပိုင္ျဖိဳးသုကေတာ့ ရစ္စရာမရိွ ၾကံဖန္ရစ္တယ္ဆိုတဲ့စကားအတိုင္း သူ့ဘာသာေနတဲ့ ခင္ပြန္းျဖစ္သူ ဏၾကီးကို ရစ္ထားေၾကာင္း သူမကိုယ္သူမလည္း ေျပာလာပါတယ္။ ပရိသတ္ၾကီးလည္း ဏၾကီးတစ္ေယာက္ ပိုင္ျဖိဳးသုကို ဘယ္လိုေတြေျဖရွင္းခ်က္ထုတ္ေနမလဲဆိုတာကို ျမင္ေယာင္ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Paing Phyo Thu ‘s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

တစ်အိမ်တည်းနေတာတောင် ခင်ပွန်းဖြစ်သူဏကြီးကို သူ့ရဲ့အင်စတာဂရမ်က ဓာတ်ပုံတစ်ပုံအောက်မှာ သွားပြီးရစ်စိန်သွားလုပ်ခဲ့တဲ့ ပိုင်ဖြိုးသု

ပရိသတ်တွေချစ်ကြတဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့ကတော့ ထပ်တူကျတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားရုံသာမက အနုပညာအပေါ် တန်ဖိုးထားတဲ့ စိတ်ဓာတ်ချင်းလည်း ထပ်တူကျတာပဲ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ ဏကြီးထက် အသက် (၈) နှစ်ငယ်သူဖြစ်ပြီး ခင်ပွန်းအပေါ် ကလေးဆိုးလေးတစ်ယောက်လို နွဲ့ဆိုးဆိုးတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ မင်းသမီးနဲ့ အနေအေးတဲ့ ဒါရိုက်တာကြီးတို့ရဲ့ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးကို စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ပိုင်ဖြိုးသုက သူမရဲ့ နွဲ့ဆိုးဆိုးတတ်တဲ့ ပုံစံလေးအတိုင်း ခင်ပွန်းဖြစ်သူဏကြီးရဲ့ အင်စတာဂရမ်က ဓာတ်ပုံတစ်ပုံအောက်မှာ သွားပြီးရစ်စိန်လုပ်ခဲ့ကြောင်း အခုလိုပဲ မျှဝေပေးလာပါတယ်။ ပိုင်ဖြိုးသုက သူပိုင်တဲ့ကင်မရာတွေကို ဓာတ်ပုံထုတ်ရိုက်ထားတဲ့ ခင်ပွန်းဖြစ်သူကို “မိန်းမကိုကျ ဝက်ဖြစ်နေလို့ ဓာတ်ပုံမရိုက်ပေးဘူး။ သူ့ Camera ကြီးကိုကျ ရိုက်ပေးတယ်” ဆိုပြီး နွဲ့ဆိုးလေး ဆိုးခဲ့တာပဲ ဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ ရစ်စရာမရှိ ကြံဖန်ရစ်တယ်ဆိုတဲ့စကားအတိုင်း သူ့ဘာသာနေတဲ့ ခင်ပွန်းဖြစ်သူ ဏကြီးကို ရစ်ထားကြောင်း သူမကိုယ်သူမလည်း ပြောလာပါတယ်။ ပရိသတ်ကြီးလည်း ဏကြီးတစ်ယောက် ပိုင်ဖြိုးသုကို ဘယ်လိုတွေဖြေရှင်းချက်ထုတ်နေမလဲဆိုတာကို မြင်ယောင်နေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Paing Phyo Thu ‘s fb
Bilie – Cele Connections

error: Alert: Content is protected !!