ခ်စ္ပရိသတ္ေတြဆီက ရင္နဲ့အမွ်ခံစားေရးသားထားတဲ့ ကဗ်ာေလးတစ္ပုဒ္ကို ေမြးေန့လက္ေဆာင္ရရိွခဲ့ေၾကာင္း ျပသလာတဲ့ သီဟေအာင္

လူၾကမ္းမင္းသားၾကီး ကိုကိုဦးရဲ့ သားေလး သီဟေအာင္ကေတာ့ ျပီးခဲ့တဲ့ (၂၀၁၈)ခုနွစ္ရဲ့ အကယ္ဒမီ ေရႊၾကိဳေမာင္ တစ္ေယာက္အျဖစ္ ပါဝင္ခဲ့ျပီး လူသိမ်ားလာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ခ်ိဳသာတဲ့ အျပံဳးလွလွေလးေတြကို ပိုင္ဆိုင္ထားတဲ့ သီဟေအာင္ကေတာ့ မိန္းကေလးပရိသတ္မ်ားစြာရဲ့ အားေပးျခင္းကို ခံေနရျပီပဲ ျဖစ္ပါတယ္။ သီဟေအာင္ကလည္း အနုပညာေလာကမွာ ေနရာတစ္ေနရာရစျပဳေနျပီျဖစ္ျပီး သူ့ရဲ့ ပရိသတ္ေတြအတြက္ အလုပ္ေတြကိုၾကိဳးစားလုပ္ကိုင္ေနလ်က္ရိွတာကို ေတြ့ရပါတယ္။

ျပီးခဲ့တဲ့ နိုဝင္ဘာလ (၁၅) ရက္ေန့ကေတာ့ သီဟေအာင္ရဲ့ အသက္ (၂၀) ျပည့္ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ သီဟေအာင္က သူ့ရဲ့ေမြးေန့မွာ မိတ္ေဆြ၊ သူငယ္ခ်င္းေတြနဲ့ ခ်စ္ရတဲ့ ပရိသတ္ေတြဆီက ေမြးေန့ဆုမြန္ေကာင္းေတြနဲ့ အမွတ္တရလက္ေဆာင္ေတြမ်ားစြာကို ရရိွခဲ့ပါတယ္။ ဒါ့အျပင္ သီဟေအာင္က ထူးထူးျခားျခားအေနနဲ့ ပရိသတ္ေတြ ရင္နဲ့အမွ် ခံစားျပီး ေရးသားထားတဲ့ ကဗ်ာေလးတစ္ပုဒ္ကို လက္ေဆာင္ရရိွခဲ့ေၾကာင္း အခုလိုပဲ ျပသလာပါတယ္။

သီဟေအာင္ကလည္း သူ့ရဲ့ ပရိသတ္တစ္ေယာက္ခ်င္းစီတိုင္းကို တန္ဖိုးထားေလးစားသလို ပရိသတ္ေတြကလည္း သီဟေအာင္ကို အရိပ္တၾကည့္ၾကည့္ခ်စ္ၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း သီဟေအာင္ရဲ့ Fan ေတြ ေရးသားထားတဲ့ ကဗ်ာေလးကို ၾကည့္ျပီး ၾကည္နူးေနမိမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Thiha Aung’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္

ချစ်ပရိသတ်တွေဆီက ရင်နဲ့အမျှခံစားရေးသားထားတဲ့ ကဗျာလေးတစ်ပုဒ်ကို မွေးနေ့လက်ဆောင်ရရှိခဲ့ကြောင်း ပြသလာတဲ့ သီဟအောင်

လူကြမ်းမင်းသားကြီး ကိုကိုဦးရဲ့ သားလေး သီဟအောင်ကတော့ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်ရဲ့ အကယ်ဒမီ ရွှေကြိုမောင် တစ်ယောက်အဖြစ် ပါဝင်ခဲ့ပြီး လူသိများလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ချိုသာတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ သီဟအောင်ကတော့ မိန်းကလေးပရိသတ်များစွာရဲ့ အားပေးခြင်းကို ခံနေရပြီပဲ ဖြစ်ပါတယ်။ သီဟအောင်ကလည်း အနုပညာလောကမှာ နေရာတစ်နေရာရစပြုနေပြီဖြစ်ပြီး သူ့ရဲ့ ပရိသတ်တွေအတွက် အလုပ်တွေကိုကြိုးစားလုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၅) ရက်နေ့ကတော့ သီဟအောင်ရဲ့ အသက် (၂၀) ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သီဟအောင်က သူ့ရဲ့မွေးနေ့မှာ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ချစ်ရတဲ့ ပရိသတ်တွေဆီက မွေးနေ့ဆုမွန်ကောင်းတွေနဲ့ အမှတ်တရလက်ဆောင်တွေများစွာကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် သီဟအောင်က ထူးထူးခြားခြားအနေနဲ့ ပရိသတ်တွေ ရင်နဲ့အမျှ ခံစားပြီး ရေးသားထားတဲ့ ကဗျာလေးတစ်ပုဒ်ကို လက်ဆောင်ရရှိခဲ့ကြောင်း အခုလိုပဲ ပြသလာပါတယ်။

သီဟအောင်ကလည်း သူ့ရဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို တန်ဖိုးထားလေးစားသလို ပရိသတ်တွေကလည်း သီဟအောင်ကို အရိပ်တကြည့်ကြည့်ချစ်ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သီဟအောင်ရဲ့ Fan တွေ ရေးသားထားတဲ့ ကဗျာလေးကို ကြည့်ပြီး ကြည်နူးနေမိမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Thiha Aung’s fb
Bilie – Cele Connections

error: Alert: Content is protected !!