



ယူနီကုဒ်ဖြင့်ဖတ်ရန်

ငယ်ငယ်က ကျောင်းမှာ “ဂျပုမ၊ ရုပ်ဆိုးမ” လို့ခေါ်ပြီး နှိမ်ခဲ့တဲ့သူတွေကို သူမရဲ့ လက်ရှိပုံရိပ်လေးနဲ့ ချေပြလိုက်တဲ့ ပတ်ထရစ်ရှာ

ညှို့မျက်ဝန်းတွေနဲ့ ဆွဲဆောင်မှုပြင်းတဲ့ မင်းသမီးလေး ပတ်ထရစ်ရှာက ဆယ်ကျော်သက်အရွယ်ကတည်းက မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ယနေ့ထက်တိုင် အောင်မြင်မှု ရရှိနေတာ ဖြစ်ပါတယ်။ သူမရဲ့ ဘိုဆန်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ အပြင်အဆင်တွေကြောင့် လူငယ်ပရိသတ်တွေရဲ့ အာရုံစိုက်မှုခံနေရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပတ်ထရစ်ရှာက လက်ရှိမှာတော့ သူမရဲ့ အနုပညာလုပ်ငန်းတွေကို ရပ်နားထားပေမယ့် ပရိသတ်တွေအတွက် သူမရဲ့ အမိုက်စားဓာတ်ပုံတွေနဲ့ Tik Tok ဗီဒီယိုကို သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။

တစ်နေ့ထက်တစ်နေ့ ပိုပြီး မိမိုက်လာတဲ့ အပြင်အဆင်တွေနဲ့ ဆွဲဆောင်မှုရှိလာတဲ့ ပတ်ထရစ်ရှာကနေ ဒီကနေ့မှာ မြင်ရသူတိုင်း ရင်သပ်ရှုမောသွားစေမယ့် ဓာတ်ပုံတွေကို ချပြလာခဲ့ပါတယ်။ ပတ်ထရစ်ရှာက သူမရဲ့ ဓာတ်ပုံလေးတွေကို မျှဝေရင်း “Hello to the bullies who called me “ugly” and “ja pu ma” at school. 😊” လို့ဆိုက သူမကို ငယ်ငယ်က ကျောင်းမှာ “ဂျပုမ၊ ရုပ်ဆိုးမ” လို့ခေါ်ပြီး နှိမ်ခဲ့တဲ့သူတွေကို ချေပြလိုက်တာပဲ ဖြစ်ပါတယ်။

ပတ်ထရစ်ရှာကတော့ ငယ်ငယ်က “ဂျပုမ၊ ရုပ်ဆိုးမ” လို့ အခေါ်ခံခဲ့ရပေမယ့် လက်ရှိမှာတော့ မြင်သူတိုင်းကျ ချစ်ရတဲ့ မင်းသမီးလေးဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Sue Sha Naing’s fb
Bilie – Cele Connections

error: Alert: Content is protected !!